What day is it?

နမ့်ဖတ်ကာတွင် KIA က ပစ်ချလိုက်သော FTC 2000G တိုက်လေယာဉ်သည် နမ့်စန် လေတပ်စခန်းဌာနချုပ်မှဖြစ်ပြီး သေဆုံးသူ လေယာဉ်မှူး ၂ ဦး အနက် ၁ ဦးမှာ ဗိုလ်မှူးကောင်းထက်စံ ဖြစ်ကြောင်း အတည်ပြု

ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ ကျေးရွာ၊ မနူယာန် ဒေသတွင် ဗုံးလာကျဲသည့် စစ်ကောင်စီ၏

FTC 2000G တိုက် လေယာဉ်ကို KIA က ပစ်ချခဲ့ပြီး ယင်းလေယာဉ်သည် နမ့်စန်လေတပ်စခန်းဌာနချုပ်မှ ဖြစ် ကြောင်း၊

လေယာဉ်ပျက်ကျမှုကြောင့် တိုက်လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့ပြီး လေယာဉ်မှူး ၁ ဦးမှာ ဗိုလ်မှူးကောင်းထက်စံဖြစ်ကြောင်း နမ့်စန်လေတပ်နှင့် နီးစပ်သော သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် အဆိုပါ တရုတ်လုပ် FTC 2000G တိုက်လေယာဉ်သည် နမ့်ဖတ်ကာကို ဗုံးလာကျဲစဉ် ပစ်ချခံရခြင်း ဖြစ်ကြောင်း၊

And then လေယာဉ်မှူး ၂ ဦးစလုံး သေ ဆုံး သွားခဲ့ပြီး ယင်းလေယာဉ်သည် နံနက် ၉ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဗုံးကျဲ ရန် နမ့်စန်လေတပ်စခန်းမှ ထွက် ခွာ သွားခြင်းဖြစ်ကြောင်း သိရှိရသည်

“လေယာဉ်မှူး ၂ ဦးစလုံးက ပြောင်းလာတာ မကြာသေးဘူး။ လေယာဉ်က လည်း အသစ်၊ လေယာဉ်မှူးတွေကလည်း ပြောင်းလာတာ မကြာသေးတဲ့ အသစ်တွေ။

So အဲဒီအထဲမှာ လေယာဉ်မှူး တစ်ဦးက ဗိုလ်မှူးကောင်းထက်စံလို့ အတည်ပြု လို့ရတယ်။ လေယာဉ်က နမ့်စန် လေဆိပ်စခန်းဌာနချုပ်က တက် တာ

နောက် လေယာဉ်မှူးတစ်ဦးရဲ့ နာမည်က မသိရသေးဘူး။ ဗိုလ်မှူး ကောင်းထက်စံက မှော်ဘီလေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ် လို့သိ ရ တယ်” ဟု နမ့်စန်လေတပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရှင်းပြသည်။


ဇန်နဝါရီ ၁၇









Author: admin

Leave a Reply

Your email address will not be published. Required fields are marked *