သာလီစွပါ😍 သိမ်းလိုက်ပြန်ပြီ အားရစရာဘဲ

ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ပွိုင့် ၃၇၇ ခြေကုပ်စခန်းနှင့် မြောက်ဦးခရိုင် ရဲစခန်း တိုက်ခိုက်ကို AA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သား အမြောက်အများ သေဆုံးပြီး ပုပ်ပွနေသော အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

ဒီဇင်ဘာ ၂၉

ချင်းပြည်နယ်ပလက်ဝမြို့ရှိ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ပွိုင့် ၃၇၇ ခြေကုပ်စခန်းနှင့် မြောက်ဦးခရိုင် ရဲစခန်းတို့ကို AA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး

စစ်‌ ကောင်စီတပ်သား အမြောက်အများ သေဆုံးကာ ပုပ်ပွနေသည့် စစ်ကောင်စီတပ်သား ရုပ်အ လောင်းများကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း AA က ပြောသည်။

ပလက်ဝမြို့ ခဝဲဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် AA သိမ်းပိုက်‼️

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက် ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ ရက္ခိုင့်တပ်တော် အနေဖြင့် စစ်ဆင်ရေး စတင်သည့်နေ့မှစ၍

ရက္ခိုင်နှင့် ပလက်ဝဒေသရှိ စစ်ဆင်ရေး ပစ်မှတ်များကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ပြီး အပြီးပိုင် သိမ်းပိုက်လျက်ရှိရာ-

ဒီဇင်ဘာလ (၂၆) ရက်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ ခရိုင်ရဲစခန်းအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊

ဒီဇင်ဘာလ (၂၇) ရက်နေ့၊ မနက် (၆) နာရီ (၁၀) မိနစ်အချိန်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း ကို အပြီးပိုင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

ဒါ့အပြင် ဒီဇင်ဘာလ (၂၈) ရက်နေ့၊ မနက် (၉) နာရီ (၂၀) မိနစ်အချိန်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့

ခြေကုပ်စစ်စခန်း တစ်ခုဖြစ်တဲ့ ပွိင့် (၃၇၇) ကိုလည်း ရက္ခိုင့်တပ်တော် AA မှ အပြီးသတ် သိမ်းပိုက် ရယူထားနိုင်ခဲ့ပြီး

လက်နက်ချ အညံ့မခံပဲ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီ စစ်သားတွေကို လိုက်လံချေမှုန်း လျက်ရှိကြောင်း သိရှိရပါတယ်။







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *