ကြင်စိုးတို့ မအလရော ရှေ့တန်းကို ဒီလိုသွား…ရဲလား အဟစ်ဟစ် (ရုပ်/သံ)

TNLAသိမ်းပိုက်ထားသည့် မြို့များ၊ တပ်စခန်းများသို့ စစ်ဦးစီးချုပ်တားဟိုပလန် ကွင်းဆင်းစစ်ဆေး

ရက် ၃၀ကျော် တိုက်ယူရသည့်နမ့်ခမ်းစခန်းသစ်တိုက်ပွဲအား စစ်ဦးစီးချုပ်ကွပ်ကဲမှုနှင့် ယမန်နေ့က သိမ်းရသည့် နမ္မတူတပ်စခန်းသို့ သွားရောက်

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် မြို့များနှင့် စစ်ကောင်စီတပ်စခန်းများသို့ TNLA စစ်ဦးစီးချုပ် တားဟိုပလန်ဦးဆောင်သည့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု မှတ်တမ်းရုပ်သံထုတ်ပြန်သည်။

စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်တားဟိုပလန်သည် ရှေ့တန်းစစ်မြေပြင် တပ်မဟာ စစ်ဌာနနယ်မြေသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားပြီးသွားရောက်ခဲ့သည့် နေရာဒေသများကို ရုပ်သံဖြင့် ဖော်ပြအသိပေးခဲ့သည်။

TNLA တပ်မဟာ(၁) စစ်ဒေသမှ တပ်မဟာ(၆) စစ်ဒေသအထိ အစဉ်လိုက်ဖော်ပြထားခြင်းဖြစ်ပြီး ရွှေလီကြိုးတံတားဂိတ်စခန်း၊ နမ့်ခမ်းမြို့တွင်း၊ နမ့်ခမ်းမြို့လယ်ဘုရား နေရာများသို့ ရောက်ရှိခဲ့ကြောင်းဖော်ပြသည်။

ထို့ပြင် နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲ ကွပ်ကဲနေစဉ်မှု မြင်ကွင်းကိုလည်း ဖော်ပြခဲ့ရာ ပစ်ခတ်သံများအကြား TNLA စစ်ဦးစီးချုပ်နှင့်အဖွဲ့ကိုတွေ့ရသည်။ အဆိုပါ နမ့်ခမ်းစခန်းသစ်ကုန်းရရှိရေး ရက်ပေါင်း ၃၀ကြာ ထိုးစစ်ဆင်ခဲ့ရခြင်းဖြစ်ပြီး TNLA ဘက်က ၄၉ ဦးကျဆုံးကာ ၁၄၅ ဦးဒဏ်ရာရခဲ့သည်။

ရွှေလီကြိုးတံတား ဂိတ်စခန်း၊ နမ့်ဆန်မြို့တွင်း၊ နမ့်ဆန်ဆေးရုံ၊ နမ့်ဆန်ဗျူဟာကုန်း၊ မိုင်းဝီးတပ်စခန်းသို့လည်း စစ်ဦးစီးချုပ်နှင့် အဖွဲ့ သွားရောက် ခဲ့သည်။မိုင်းဝီးတွင်လူထုတွေ့ဆုံပွဲလုပ်ပြုလုပ်ခဲ့ရာ လူထုအများအပြား တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

ခလရ(၁၃၀)မန်တုံတပ်စခန်းနှင့် ယမန်နေ့ ဒီဇင်ဘာ ၂၈ရက် နံနက်က သိမ်းပိုက်ခဲ့သည့် ခမရ(၃၂၄)နမ္မတူ တပ်စခန်းကိုလည်း စစ်ဦးစီးချုပ်နှင့်အဖွဲ့က သွားရောက်ခဲ့သည့် ရုပ်သံကို ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အီနိုင်းတံတား၊ ရှောဟောတပ်စခန်း၊ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းနေရာများသို့လည်း စစ်ဦးစီးချုပ်က သွားရောက်ခဲ့သည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး နှစ်လတာအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ခန့်နှင့် နမ့်ခမ်း၊နမ့်ဆန်၊မန်တုံ၊နမ္မတူနှင့် မိုင်းလုံမြို့ ၅မြို့ကိုသိမ်းပိုက်ထားသည်။

TNLAသိမ္းပိုက္ထားသည့္ ၿမိဳ႕မ်ား၊ တပ္စခန္းမ်ားသို႔ စစ္ဦးစီးခ်ဳပ္တားဟိုပလန္ ကြင္းဆင္းစစ္ေဆး

ရက္ ၃၀ေက်ာ္ တိုက္ယူရသည့္နမ့္ခမ္းစခန္းသစ္တိုက္ပြဲအား စစ္ဦးစီးခ်ဳပ္ကြပ္ကဲမႈႏွင့္ ယမန္ေန႔က သိမ္းရသည့္ နမၼတူတပ္စခန္းသို႔ သြားေရာက္

ဟန္ေႏြ/People’s Spring

တအာင္းတပ္မေတာ္(TNLA)သိမ္းပိုက္ထားသည့္ ၿမိဳ႕မ်ားႏွင့္ စစ္ေကာင္စီတပ္စခန္းမ်ားသို႔ TNLA စစ္ဦးစီးခ်ဳပ္ တားဟိုပလန္ဦးေဆာင္သည့္ တာဝန္ရွိသူမ်ား ကြင္းဆင္းစစ္ေဆးခဲ့သည္ဟု မွတ္တမ္း႐ုပ္သံထုတ္ျပန္သည္။

စစ္ဦးစီးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္တားဟိုပလန္သည္ ေရွ႕တန္းစစ္ေျမျပင္ တပ္မဟာ စစ္ဌာနနယ္ေျမသို႔ ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း ေဖာ္ျပထားၿပီးသြားေရာက္ခဲ့သည့္ ေနရာေဒသမ်ားကို ႐ုပ္သံျဖင့္ ေဖာ္ျပအသိေပးခဲ့သည္။

TNLA တပ္မဟာ(၁) စစ္ေဒသမွ တပ္မဟာ(၆) စစ္ေဒသအထိ အစဥ္လိုက္ေဖာ္ျပထားျခင္းျဖစ္ၿပီး ေရႊလီႀကိဳးတံတားဂိတ္စခန္း၊ နမ့္ခမ္းၿမိဳ႕တြင္း၊ နမ့္ခမ္းၿမိဳ႕လယ္ဘုရား ေနရာမ်ားသို႔ ေရာက္ရွိခဲ့ေၾကာင္းေဖာ္ျပသည္။

ထို႔ျပင္ နမ့္ခမ္းစခန္းသစ္ကုန္းတိုက္ပြဲ ကြပ္ကဲေနစဥ္မႈ ျမင္ကြင္းကိုလည္း ေဖာ္ျပခဲ့ရာ ပစ္ခတ္သံမ်ားအၾကား TNLA စစ္ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ကိုေတြ႕ရသည္။ အဆိုပါ နမ့္ခမ္းစခန္းသစ္ကုန္းရရွိေရး ရက္ေပါင္း ၃၀ၾကာ ထိုးစစ္ဆင္ခဲ့ရျခင္းျဖစ္ၿပီး TNLA ဘက္က ၄၉ ဦးက်ဆုံးကာ ၁၄၅ ဦးဒဏ္ရာရခဲ့သည္။

ေရႊလီႀကိဳးတံတား ဂိတ္စခန္း၊ နမ့္ဆန္ၿမိဳ႕တြင္း၊ နမ့္ဆန္ေဆး႐ုံ၊ နမ့္ဆန္ဗ်ဴဟာကုန္း၊ မိုင္းဝီးတပ္စခန္းသို႔လည္း စစ္ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ သြားေရာက္ ခဲ့သည္။မိုင္းဝီးတြင္လူထုေတြ႕ဆုံပြဲလုပ္ျပဳလုပ္ခဲ့ရာ လူထုအမ်ားအျပား တက္ေရာက္ခဲ့သည္ကိုေတြ႕ရသည္။

ခလရ(၁၃၀)မန္တုံတပ္စခန္းႏွင့္ ယမန္ေန႔ ဒီဇင္ဘာ ၂၈ရက္ နံနက္က သိမ္းပိုက္ခဲ့သည့္ ခမရ(၃၂၄)နမၼတူ တပ္စခန္းကိုလည္း စစ္ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕က သြားေရာက္ခဲ့သည့္ ႐ုပ္သံကို ထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ အီနိုင္းတံတား၊ ေရွာေဟာတပ္စခန္း၊ လားရွိုးၿမိဳ႕နယ္ မိုင္းက်က္တပ္စခန္းေနရာမ်ားသို႔လည္း စစ္ဦးစီးခ်ဳပ္က သြားေရာက္ခဲ့သည္။

TNLAသည္ ၁၀၂၇ စစ္ဆင္ေရး ႏွစ္လတာအတြင္း စစ္ေကာင္စီတပ္စခန္း ၇၀ခန႔္ႏွင့္ နမ့္ခမ္း၊နမ့္ဆန္၊မန္တုံ၊နမၼတူႏွင့္ မိုင္းလုံၿမိဳ႕ ၅ၿမိဳ႕ကိုသိမ္းပိုက္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *