မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည့် ဒုဗိုလ်ချုပ် ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့ဖမ်းဆီးခံရ

မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဟု တိုင်ကြားခံရသော ဒုဗိုလ်ချုပ် ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့လည်း အဂတိလိုက်စားမှုများဖြင့် နောက်ကြောင်းပြန် အမှုဖွင့် ဖမ်းဆီးခံရဟု သတင်းများ ထွက်ပေါ်လာ

ရန်ကုန်၊ ဧပြီ ၁၂

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဟု စွပ်စွဲတိုင်ကြားခံရသော ဒုဗိုလ် ချုပ်ကြီး ၁ ဦးနှင့် ကြံ့ဖွတ်ပါတီ၏ အရေးပါသူတချို့လည်း အဂတိလိုက်စားမှုများဖြင့် အမှုဖွင့် ဖမ်းဆီးခံရသည်ဆိုသော သတင်းများ ရရှိထားပြီး ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုချက်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။

မင်းအောင်လှိုင်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုအပေါ် စစ်အရာရှိဟောင်းကြီးများ၏ စကားဝိုင်းတွင် ဝေဖန်ပြောဆိုခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်းမြင့်လှိုင်ကို ဧပြီလ ၉ ရက်နေ့တွင် လယ်မြေသိမ်းဆည်းမှု၊ မြေယာအလွဲသုံးစားမှုများဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ပြီး အဆိုပါ စကားဝိုင်း၏ နောက်ဆက်တွဲ လက်ရှိ ဒုဗိုလ်ချုပ်ကြီး ၁ ဦးနှင့် အငြိမ်းစား စစ်အရာရှိလည်းဖြစ်၊ ကြံ့ဖွတ်ပါတီတွင်လည်း အရေးပါသူတချို့ပါ အဂတိလိုက်စားမှုများဖြင့် အမှုဖွင့် ဖမ်းဆီးခံရ သည်ဆိုသော သတင်းပေးပို့မှုများရရှိထားခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် ဖမ်းဆီးခံရသည်ဆိုသော ဒုတိယဗိုလ်ချုပ်ကြီး၏ အမည်နှင့် ကြံ့ဖွတ်ပါတီမှ အရေးပါသူ စစ်အရာရှိဟောင်း၏ အမည်ကို ရရှိထားသော်လည်း အတည်ပြုချက်ရရှိရန် ကြိုးစားနေဆဲဖြစ်၍ အမည်များကို ထုတ်ပြန်ရေးသားရန် အခက်အခဲဖြစ်နေသည်။

စစ်အာဏာရှင်ဟောင်း သန်းရွှေ လက်ထက်တွင် ထိပ်တန်း ဗိုလ်ချုပ်များဖြစ်ခဲ့ကြသည့် စစ်အရာရှိဟောင်းကြီးများအကြားတွင် မင်းအောင်လှိုင်၏ လုပ်ကိုင်ပုံများ မှားယွင်းနေ၍ နိုင်ငံတော်နှင့် တပ်မတော်ပြိုကွဲတော့မည်ဆိုသော အမြင်သဘောထား မျှဝေမှုများကို စကားဝိုင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှု များရှိလာကြောင်း၊ တိုင်းပြည်ခက်ခဲနေချိန် အကြမ်းဖက်မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့၏ စီးပွားရေး အင်ပါယာ ချဲ့ထွင် သောင်းကျန်းနေမှုများကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ဝန်ကြီးဌာနဆိုင်ရာ ဒုဝန်ကြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်တစ်ဦး ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရရာ အဆိုပါ ဖမ်းဆီးမှုများမှာလည်း မင်းအောင် လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဆိုသော စွပ်စွဲမှုများနှင့် ပတ်သက်ဆက်နွယ်ဖွယ်ရှိကြောင်း သိရှိရသည်။

It has been reported that 1 Lieutenant General, who was accused of plotting to overthrow Min Aung Hlaing, and some important members of the Rhinoceros Party have also been arrested for corruption.

Yangon, April 12

1 lieutenant general who was accused of plotting to topple the terrorist war leader Min Aung Hlaing and some important members of the Rhinoceros Party have also been arrested for corruption and are still waiting for confirmation from Yangon New Era.

Former Lieutenant Myint Hlaing, who criticized Min Aung Hlaing’s poor management in a conversation of former military officers, was arrested on April 9. The military council opened a case for land abuse and arrested 1 current lieutenant general and a retired military officer. We have also received reports that some important people in the Rhinoceros Party have been arrested and charged with corruption.

Rangoon New Age has obtained the name of the lieutenant general who was arrested and the name of the former military officer who is important from the Rhinoceros Party, but they are still trying to get confirmation and it is difficult to publish the names.

Among the former military officers who were top generals during the former military dictator Than Shwe’s time, there is widespread talk in conversations that Min Aung Hlaing’s working methods are wrong and that the state and the Tatmadaw are about to disintegrate. At a time when the country is in trouble, there is also open criticism of the expansion of the economic empire of the terrorist leader Aung Hlaing’s son, Aung Pheung, and his daughter, Khin Thiri Thetmon.

A general serving as the deputy minister of the ministry has been arrested these days, and these arrests are also likely to be related to the accusations of plotting to overthrow Min Aung Hlaing.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *