ထိုင်းဘက်တော့ လေသံပြောင်းသွားပါပီခဗျား

ထိုင်းဘက်တော့ လေသံပြောင်းသွားပါပီခဗျား

မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကို ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့်မပြုဟု ထိုင်းဝန်ကြီးချုပ်က ပြောဆို

ရန်ကုန်၊ ဧပြီ ၁၁

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ထိုင်းမြေပေါ်အထိ ရောက်ရှိ ခွင့်ပြုမည်မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်လေယာဉ်များကိုလည်း ထိုင်းလေပိုင်နက်တွင် ပျံသန်းခွင့် ပေးမည်မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ယနေ့ ထုတ်ဖော်ပြောဆိုသည်။ယနေ့ နံနက်ပိုင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထိုင်း-မြန်မာနယ်စပ် အရေး မေးမြန်းမှုများအပေါ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံ၏ လေပိုင်နက်ကို စစ်ကောင်စီ၏ တိုက်လေယာဉ်များက အသုံးပြုမည်ကိုလည်း ခွင့်ပြုမည်မဟုတ်ကြောင်း၊ ထိုင်းစစ်တပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရှင်းလင်းသော ပြတ်သားသောညွှန်ကြားမှုနှင့် သတင်း စကား ပေးပို့ထားကြောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေမှုများသည် ပြည်တွင်းရေး ပြဿနာဖြစ် ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။

ထိုင်းလေပိုက်နက်တွင် ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး အိမ်နီးချင်း မြန်မာ နိုင်ငံနှင့် တင်းမာမှုများ မဖြစ်ပွားလိုကြောင်း၊ မြန်မာဒုက္ခသည် ၁ သိန်းကို လက်ခံမည်ဖြစ်ပြီး လက်ရှိ အခြေအနေကိုလည်း ပြန်လည် သုံးသပ်နေကြောင်း ပြောဆိုသွားသည်။

On the Thai side, the tone has changed

The Thai Prime Minister said that the conflict inside Myanmar will not be allowed to reach Thai soil, and the warplanes of the Military Council will not be allowed to fly in Thai airspace.

Yangon, April 11

Thai Prime Minister Srettha Thavisin said today that the conflicts going on in Myanmar will not be allowed to reach Thailand’s land, and the warplanes of the Military Council will not be allowed to fly in Thai airspace. During a meeting with reporters this morning, he said the above regarding the Thai-Myanmar border issue.

Myanmar will not accept any kind of conflict and attacks reaching Thailand. The airspace of Thailand will not be allowed to be used by warplanes of the military council. that clear instructions and messages were sent to the Thai military and the Ministry of Foreign Affairs; The Thai Prime Minister said that what is happening in Myanmar is a domestic problem.

They are conducting patrols in Thailand’s airspace and do not want to create tensions with neighboring Myanmar. He said that 100,000 Burmese refugees will be accepted and the current situation is being reviewed.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *