” ခလရ – ၂၇၅ “

” ခလရ – ၂၇၅ ”

အခုထိ မကျသေးဘူး ထင်နေတဲ့ စောက်တုံး ဘောပိန်းတွေ ခလရ ၂၇၅ ရဲ့ အလံတိုင် အုတ်ခုံမှာ သွားထိုင်ကြည့်ပါလားဟ..

ထူးခြားတဲ့ မြဝတီ သင်္ကြန် ဖြစ်သွားစေရမယ်..

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံး စစ်စခန်းဖြစ်သော ခလရ ၂၇၅ အပါအဝင် စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပြီး မြဝတီမြို့ကို ရရှိပြီဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် KNU က တရားဝင် ကြေညာလိုက်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိ သော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းကို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့သော်လည်း ထိုတပ်စခန်းမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ စစ်ကူများလာရောက် နိုင်ရန်အတွက်ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊

ဧပြီလ ၈ ရက်နေ့ တွင် စတင်ထိုးစစ်ဆင်ခဲ့ကာ ဧပြီလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ယခုအချိန်တွင် မြဝတီမြို့ရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းအားလုံးအား တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ကျန်ရှိနေသော စစ်ကောင်စီ အကြွင်းအကျန်များကို ရှင်းလင်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် ထိတ်လန့်ကြောက်ရွံ့ခြင်းများမရှိဘဲ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်ပေးရန်အသိပေးအပ်ကြောင်း KNU က ကြေညာသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကမူ ယနေ့ မွန်းလွဲ ၁၁ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကို မြဝတီမြို့ပြင်သို့ လာရောက် ကျဲချခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ခလရ ၂၇၅ မှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ မှာ အမှတ် ၂ ချစ်ကြည် ရေးတံတားအတွင်းတွင် လက်နက်များနှင့် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ရရှိရေး စောင့်ဆိုင်းနေသော်လည်း လက်ရှိအချိန်အထိ ခိုလှုံခွင့်မပြုသေးကြောင်း၊ ထို့ကြောင့် ကယ်ကူသူမဲ့ ဖြစ်နေပြီး တော်လှန်ရေးတပ်များ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရှိရသည်။

“Khalara – 275”

I don’t think it has fallen yet, so why don’t you go and sit on the plinth of the flagpole of 275?

It must be a unique Myawadi Thingyan..

Karen State This morning, the KNU officially announced that they have captured Myawati town, including the last military camp of the Military Council, Khlara 275, in Myawati.

The Karen National Liberation Army (K.N.L.A), led by the Karen National Defense Force (K.N.D.O) and the Joint Revolutionary Forces, gave the last remaining military base of the Anathea Terrorist Military Council Khlara-275 in Myawati town an opportunity to surrender, but the camp did not surrender and attacked so that reinforcements could come.

KNU announced that the offensive began on April 8 and was finally captured at 4:20 am on April 11, and a large amount of weapons and ammunition were seized.

At this time, they have attacked and occupied all the military council camps of the coup terrorist in Myawati city, and will continue to clear the remnants of the military council. The KNU announced that the public should not panic and cooperate.

It is learned that the Terrorist War Council came and dropped a 500-pound bomb on the outskirts of Myawati with a fighter jet at around 11:00 this afternoon.

The 200 military council troops who fled from the 275th military council are waiting for weapons and asylum in Thailand, but they have not been granted asylum at the moment. As a result, they are helpless and are worried that the revolutionary forces will come and attack.

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *