အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မြဝတီမြို့ပေါ် အမျိုးသမီးတပ်တွေအပါ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်

မဲခေါင်၊ ဧပြီ ၁၁

စစ်ကောင်စီနောက်ဆုံး စခန်းဖြစ်တဲ့ ၂၇၅ တပ် ကျသွားပြီးနောက် ဧပြီ ၁၁ ရက် မွန်လွဲပိုင်းမှာ မြဝတီမြို့ပေါ် KNLA၊ KNA၊ DKBA နဲ့ PDF တပ်တွေ ကင်းလှည့်နေပြီး ဘတ်တံဆိပ်ပေါင်းစုံနဲ့ ကင်းလှည့်နေတဲ့ အဖွဲ့တွေထဲမှာ မိန်းကလေး စစ်သည်တွေပါ ပါဝင်နေပါတယ်။

နေ့လည် ၁၂ နာရီအချိန်မှာ ကင်းလှည့်နေတာဖြစ်ပြီး အမှတ် (၂)ချစ်ကြည်ရေးတံတားဝန်းထဲမှာတော့ ၂၇၅ တပ် က ထွက်ပြေးပြီး ထိုင်းဘက်ကူးဖို့ စောင့်ဆိုင်းနေတဲ့ စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင် ရှိနေဆဲဖြစ်ပါတယ်။

အရင်က မြဝတီမြို့ထဲမှာ KNA/BGF တပ်တွေသာ ပုံမှန် ကင်းလှည့်နေခဲ့ပေမယ့် ဒီကနေမှာတော့ တပ်ပေါင်းစုံ ပူပေါင်းကင်းလှည့်ရာမှာ ယူနီဖောင်းစုံ၊ ဘတ်တံဆိပ်စုံနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေပါ ကင်းလှည့်လာသလို အမျိုးသမီးစစ်သည်တွေပါတဲ့ ကားတွေနဲ့ပါ ကင်းလှည့်တာဖြစ်ကြောင်း ထိုင်း The Reporters သတင်းဌာနက ရေးသားတင်ဆက်သွားပါတယ်။

The Reporters က ဖေ့စ်ဘုတ်မှာ တင်ဆက်တဲ့ ဒီသတင်းအပေါ် ထိုင်းနိုင်ငံသားတွေကလည်း ဝမ်းသားအားရ ကြိုဆိုအားပေးကြောင်း Comment များမှာ တွေ့ရှိရပါတယ်။

KNLA along with the women’s army in Myawady KNA Joint DKBA and PDF patrols

Mekong April 11

After the fall of the 275th Army, the last camp of the Military Council, on the afternoon of April 11, KNLA over Myawati town. KNA DKBA and PDF troops are patrolling, and female soldiers are among the groups patrolling with various badges.

At 12:00 p.m., they were patrolling, and there were still around 100 military council soldiers waiting for the 275th Army to escape and cross over to Thailand in the vicinity of No. (2) Friendship Bridge.

Previously, only KNA/BGF troops regularly patrolled in Myawady town, but from now on, uniformed, multi-armed joint patrols will be conducted. Thailand’s The Reporters news agency reported that revolutionary joint forces with badges and badges were patrolling, as well as patrolling in cars with female soldiers.

It can be seen in the comments that the Thai people welcomed the news presented by The Reporters on Facebook.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *