စစ်ရှုံးတဲ့ အရသာကို ဘယ်လို ခံစားရလဲ ဂေါင်းသေးတို့..

သင်္ဃန်းညီနောင် စစ်ကောင်စီတပ်များမှ သိမ်းရသည့် လက်နက်ခဲယမ်းများစွာကို ကော်ဘရာ တပ်မှူး ပြသ

▪︎လက်နက်မျိုးစုံရာပေါင်းများများနှင့် ဒရုန်းများ၊ ခဲယမ်း၊ ကျည်များစွာကို ရုပ်သံမှတ်တမ်း၌ တွေ့ရ

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာနှင့်စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်း ၊ ကျည်၊ ခဲယမ်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ဖော်ပြထားသည့် ရုပ်သံမှတ်တမ်းကို ကော်ဘရာ စစ်ကြောင်း၊ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ယနေ့ ညပိုင်း၌ လူမှုကွန်ရက်၌ ဖော်ပြ အသိပေးခဲ့သည်။

“တာဝန်သိ ပြည်သူများနှင့် တာဝန်သိ ပူးပေါင်း တော်လှန်ရေး တပ်သားများရဲ့ ပူးပေါင်းပါဝင်မှု ကြောင့်ရလာသော အသီးအပွင့်များပါ” ဟု ဗိုလ်စောကော်ကရေးသာထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်သည် သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို မတ်လ ၇ရက်မှ ထိုးစစ်ဆင် ခဲ့ရာ ယင်းနေ့၌ခမရ(၃၅၅) တပ်ရင်းကို သိမ်းပိုက်ရရှိခဲ့ပြီး မတ်လလယ်၌ ခမရ (၃၅၆)၊ ဧပြီလဆန်း၌ ခမရ(၃၅၇)အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။

ခမရ(၃၅၅)တပ်ရင်းမှ လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ပြီး ၃၅၆ တပ်ရင်း သိမ်းပိုက်စဉ် လက်နက်အနည်းငယ်သာ ရရှိခဲ့ပြီး စစ်ကောင်စီက ခမရ(၃၅၆)မှ လက်နက်ခဲယမ်းများစွာကို သင်္ဃန်းညီနောင် ဗျူဟာ၌ စုပုံခဲ့ခြင်းဖြစ်သည်။

ဧပြီလဆန်း၌ တော်လှန်ရေးပူးပေါင်းတပ်က သင်္ဃန်းညီနောင်ဗျူဟာကို ထိုးစစ်ဆင်ရာ ဗျူဟာမှူးအပါအဝင် တပ်အင်အား နှင့် တပ်မိသားစုဝင်များ စုစုပေါင်း ၆၁၇ဦး လက်နက်ချ အလင်းဝင်ခဲ့ရာ လက်နက်ခဲယမ်းများစွာကို သိမ်းနိုင်ခဲ့သည်။

“ပူးပေါင်းတပ် သင်္ဃန်းညီနောင် ဗျူဟာကိုသိမ်းလိုက်ပြီ။ ၆ ရက်နေ့။ ပြည်သူတွေ မြင်ချင်တဲ့ မြင်ကွင်းတွေ ကျနော်တို့ ပူးပေါင်းတပ်တွေ ကြိုးစားအားထုတ်မှုနဲ့လုပ်နိုင်ခဲ့ပါပြီ။ ၃၅၆၊ ၃၅၇၊ ၉၀၄ (စကစ တပ်ရင်းအမှတ်များ)၊ ၁၂၀ပြောင်း(လက်နက်ကြီး ၁၂၀ မမ)။…။ ဒရုန်းတွေလည်း အများကြီးရတယ်။ ဒီကောင်တွေ ငါတို့ကို ဗျူဟာမှာ အကုန်လုံးလာပြီး စုပုံပေးသလို ဖြစ်နေတယ်။ ရှာစရာတောင် မလိုတော့ဘူး” ဟု လက်နက်ခဲယမ်းရရှိမှု များအား ရိုက်ကူးထားသည့် ရုပ်သံတွင် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသံကို ကြားရသည်။

လက်ရှိတွင် သင်္ဃန်းညီနောင်ကို သိမ်းပိုက်ထားပြီးဖြစ်သည့် ပူးပေါင်းတပ်များက မြဝတီရှိ ခမရ(၂၇၅)တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယမန်နေ့နှင့် ယနေ့တွင် အဆိုပါတပ်ရင်းအနီးတိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီတပ်ကလည်း မြဝတီကို စစ်ကူအင်အားအလုံးအရင်းဖြင့် ပို့ဆောင်ရန်ကြိုးစားနေရာ အဆိုပါ စစ်ကူယာဉ်တန်းများကိုလည်း ဖြတ်တောက်တိုက်ခိုက်သွားမည်ဟု KNU သတင်းရင်းမြစ်ကယနေ့ပြောပြသည်။

ယနေ့ညဦးပိုင်းတွင် ကျုံဒိုးမြို့နယ်အတွင်းရောက်ရှိလာသောစစ်တပ်ယာဉ်တန်းကို ဂျိုင်းတံတား၌ တော်လှန်ရေးအဖွဲ့များကစတင်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်။

ရုပ်သံ-Saw Kaw

Cobra commander showing the many weapons and ammunition seized by the Thang Nyeongnaung military council troops

▪︎Hundreds of various weapons and drones; Ammunition Several bullets were found on video

Han Nu / People’s Spring

The weapons and ammunition that were seized from the troops of the Strategic and Military Council of Thing Ninaung, Myawati Township, Karen State. ammunition A video recording showing a large amount of munitions and military equipment, Cobra War; Platoon (1) Platoon Commander Bol Saw Ko announced this on social media this evening.

“These are the fruits of the participation of responsible people and responsible joint revolutionary soldiers,” wrote Lieutenant Saw Ko.

The joint revolutionary army led by the Karen National Union (KNU) launched an offensive against the military council battalions based in Thane Ninaung on March 7. On that day, they captured the Khmer (355) battalion. At the beginning of April, the whole of Thang Ninaung Strategy, including Khmer (357), was captured.

The Khmer (355) Battalion received a lot of weapons and ammunition, while the 356th Battalion received only a few weapons during the occupation.

At the beginning of April, when the Joint Revolutionary Army launched an attack on the Thing Ninaung strategy, a total of 617 soldiers and family members, including the strategic commander, surrendered and seized a lot of weapons and ammunition.

“The strategy of the joint army Thang Nin Naung has been saved. On the 6th. The scenes that the people want to see, we have been able to do with the efforts of our joint forces. 356 357 904 (starting regiment numbers); 120 change (armor 120 mm)….. We also get a lot of drones. It’s like these guys come and pile everything on us in strategy. I don’t even need to look for it anymore,” a revolutionary soldier was heard saying on a video recording of the acquisition of weapons and ammunition.

Currently, the joint forces that have already occupied Thing Ninaung are continuing to attack the Khmer (275) battalion in Myawati. Yesterday and today, the fighting near the battalion is intense.

A KNU source said today that the Military Council will cut off and attack the reinforcement convoys where they are trying to send reinforcements to Myawati.

Early this evening, some military sources said that the revolutionary groups started attacking the military convoy that arrived in Kyungdo Township at Jai Bridge.

Television: Saw Kaw

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *