မြဝတီခလရ ၂၇၅ တပ်ကို

မြဝတီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ် ခွာသွားဟု KNU ပြောခွင့်ရ ပဒိုစောတောနီး အတည်ပြု

■ ကော့ကရိတ်နှင့်မြဝတီဘက်သို့ စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများ ဆက်လက် တက်လာနေပြီး စစ်သင်္ဘော၃ စီး လည်း သံလွင်မြစ်ကြောင်း အတိုင်း ဝင်ရောက်လာ

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြဝတီခလရ ၂၇၅ တပ်ကို ယမန်နေ့ည ၁၀ နာရီတွင် သိမ်းပိုက်ရရှိပြီး တပ်မ ၄၄ တပ်မမှူး နှင့် စစ်အင်အား ၂၀၀ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ဆုတ်ခွာသွားကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

“မနေ့ည ၁၀ နာရီမှာ ခလရ ၂၇၅ ကို ရပါတယ်။ တပ်မ ၄၄ တပ်မမှူးနဲ့ သူ့ရဲ့ နောက်လိုက် စစ်အင်အား ၂၀၀ လောက်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို ဆုတ်ခွာသွားပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။


လက်ရှိတွင် ကော့ကရိတ်နှင့် မြဝတီဘက်သို့ လမ်းများအားလုံးမှ စစ်တပ်စစ်ကူစစ်ကြောင်းများ တက်လာနေကြောင်း၊ စစ်ကောင်စီတပ်က ကော့ကရိတ်ကို အခြေပြု၍ မြဝတီဘက်သို့ ပြန်လည် ထိုးစစ်ဆင် တိုက်ခိက်ရန် လှုပ်ရှားနေကြောင်း သိရှိရသည်။

“ဒီနေ့မနက် ၅ နာရီ ဝန်းကျင်လောက်မှာ ဘားအံ ၂၀၁ တပ်ရင်းက ထောက်ပို့ကားအစီးရေ ၃၀ ဝန်းကျင်ခန့် အာရှလမ်းအတိုင်း တက်သွားတယ်။ မနက် ၆ နာရီဝန်းကျင်မှာလည်း နောက်ထပ်ကား အစီးရေ ၂၀ခန့်ထပ်တက်သွားပါတယ်။ ဒုတိယအသုတ်ကားများတွင် ယာယီတံတားထိုးနိုင်တဲ့ ကားအမျိုးအစားတွေလည်းပါသွားပါတယ်။ စစ်သည်အင်အားကတော့ စစ်ကားတစ်စီး ၄ ဦးနဲ့ ၅ ဦးလောက်ပဲ ပါသွားတယ်”ဟု ဒေသသတင်းရင်းမြစ် Hpa-an News က ပြောဆိုသည်။

ထို့ပြင် ကော့ကရိတ်၊ ဂျိုင်းတံတားဘက်သို့ ဦးတည်၍ သံလွင်မြစ်ကြောင်းအတိုင်း စစ်သင်္ဘောအကြီး ၃ စီး သွားရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ ယနေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် မြဝတီဘက်သို့ ထေ့ကေ့ကိုကိုး လမ်းအတိုင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းတစ်ခု ခြေလျင် တက်လာသည်ကို မြင်တွေ့ရကြာင်း ဒေသပြည်သူများက ဗီဒီယိုများနှင့်တကွ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ သတင်းပေးပို့သည်။

KNU Spokesperson Pado Saw Toney confirmed that the 275th Army of Myawati Khlara was captured at 10:00 pm yesterday, and the 44th Division Commander and 200 troops retreated to the No. 2 Friendship Bridge.

■ The Military Council’s reinforcement columns continue to move towards Kok Krait and Myawati, and 3 warships enter the Salwin River.

Yangon, April 11

Karen State KNU Spokesperson Pado Sawtoney confirmed to the Yangon New Times that the 275th Army of Myawati Khlara was captured at 10:00 pm yesterday, and the commander of the 44th Army Division and 200 troops retreated to the No. 2 Friendship Bridge.

“At 10 p.m. last night, Khlara 275 was captured. The commander of the 44th Division and about 200 of his followers retreated towards the No. 2 Friendship Bridge,” KNU spokesperson Pado Sawtonei confirmed to the Yangon New Age news agency.
At present, military reinforcement columns are coming up from all the roads towards Kok Krait and Myawati. It is learned that the military council army is moving to attack again towards Myawati based on Kok Krait.

“At around 5:00 this morning, around 30 support vehicles from the 201st Battalion of the Pa-an went up the Asia road. At around 6:00 in the morning, another 20 vehicles also went up. The second batch of vehicles also included vehicles that could build a temporary bridge. The military strength was only 4 or 5 military vehicles,” local news source Hpa-an News said.

In addition, cockroaches Residents of the area told the Yangon Modern News Agency that 3 large warships were heading towards Jai Bridge along the Salwin River.

Similarly, at 9:25 this morning, local people saw a terrorist military column advancing on foot along Tae Kaek Ko Ko road towards Myawati, and the local people reported it to the Yangon Modern News Agency with videos.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *