ခလရ ၂၇၅ မှ အရာရှိကြီးများ

မြဝတီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေ

ရန်ကုန်၊ ဧပြီ ၁၁

မြဝတီမြို့စောင့်တပ်၊ ခလရ ၂၇၅ မှ အရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ထက်မနည်း အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်ပြုရန် တောင်းခံနေကြောင်း တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“အရာရှိကြီးတွေရော၊ ဒဏ်ရာရတဲ့သူတွေရော အားလုံးပါတယ်။ အမှတ် ၂ တံတားမှာ အားလုံး အရပ်ဝတ်လဲထားပြီးပြီ။ သေနတ်တွေပါတာကိုတော့ ထိုင်းစစ်တပ်ကို အပ်မယ်ပြောထားတယ်။ ထိုင်းစစ်တပ်ကလည်း ဝင်ခွင့် ပေး၊ မပေး မသိရသေးဘူး။

ညှိနှိုင်းပြီးတော့ လမ်းဖွင့်ပေးလိုက်တယ်လို့ သိထားတယ်။ မနေ့ညကတည်းက ထွက်သွားကြတာ” ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ထိုင်းစစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် အင်အားအလုံးအရင်းဖြင့် လုံခြုံရေးတိုးမြှင့် ချထားကြောင်း သိရှိရသည်။

Myawati City Guards At least 100 members of the Military Council, including senior officers from the 275th Army, are requesting asylum on the Thai side of No. 2 Friendship Bridge.

Yangon, April 11

Myawati City Guards At least 100 members of the Military Council, including senior officers from the 275th Army, are requesting asylum on the Thai side of No. 2 Friendship Bridge, according to a revolutionary military source.

“The senior officers and the injured are all here. Everyone has changed into civilian clothes at Bridge No. 2. They said they will hand over the guns to the Thai army. It is not yet known whether the Thai army will allow them in or not.”

I know that the road has been cleared after negotiation. They left last night,” the military source explained.

Currently, the Thai Army has increased security at the No. 2 Friendship Bridge.

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *