ဒီတစ်ခါတော့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြေးရှာရပီ

မော်လမြိုင်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဒုစစ်ခေါင်းဆောင် ချက်ချင်းထပြန်

မော်လမြိုင်၊ ဧပြီ ၉

မွန်ပြည်နယ် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ချက်ချင်းထပြန်သွားတယ်လို့ သံလွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဧပြီ ၈ ရက်နေ့ ညနေပိုင်းက ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်တို့ စစ်ဖက်ဆိုင်ရာ အထူးအစည်းအဝေး ပြုလုပ်နေစဉ်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အစည်းအဝေးကို ချက်ချင်းရပ်ပစ်ပြီး ဂျက်လေယာဉ်တွေနဲ့ မော်လမြိုင်ကနေ နေပြည်တော်ထံ ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ဒုစစ်ခေါင်းဆောင်ဟာ မြဝတီမြို့မကျရေးအတွက် မော်လမြိုင်မှာ ထိုင်ပြီး သူကိုယ်တိုင် စစ်ဆင်ရေးတိုက်ရိုက်ညွှန်ကြားဖို့ ရောက်ရှိနေတာလို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုအဖွဲ့တွေရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ ရတခစစ်ဌာနချုပ် တိုင်းဝင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

ရတခစစ်ဌာနချုပ် တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာဌာန Alpha Bats Drone Force တပ်ခွဲက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရတခစစ်ဌာနချုပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ကလည်း မော်လမြိုင်လေဆိပ်စီမံကိန်း လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့အဖွဲ့ဝင်တွေ စီမံကိန်းအတွင်း ရောက်ရှိစဉ် ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

After being attacked by a drone in Mawlamyine, the deputy leader immediately stood up

Mawlamyine, April 9

According to Salwin Times’ internal sources, the deputy leader of the military, Lt. Col. Soe Win, immediately got up after being attacked by a drone at the Southeast Military Command (RATA) based in Mawlam Myin, Mon State.

On the evening of April 8 yesterday, Lieutenant General Soe Win and Divisional Commander Brigadier General Kyaw Lin Maung were having a special military meeting when they were attacked by a drone.

After being attacked by a drone, Lieutenant General Soe Win immediately stopped the meeting and retreated from Mawlamyine to Nay Pyi Taw with jets.

According to sources inside the army, the deputy commander is sitting in Mawlamyine to direct the operation himself to prevent the fall of Myawati.

A drone attack by the revolutionary forces exploded near the headquarters of Ratakha military headquarters, but no one was injured.

It has been reported that the attack on Ratakha military headquarters was carried out by the Alpha Bats Drone Force of Shah Htoo War Technical Department.

So far, there has been no news from the military council regarding the drone attack on Ratakha military headquarters.

Last April 6th, when Deputy Prime Minister General Mya Tun Oo and members of the Military Council visited the Mawlamyine Airport project, two cars were damaged due to a drone attack.

News – Salwin Times

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *