ရွှေဘို ပျူ ၇ ဦးတော့ လိုရာခရီး ရောက်ရှိသွားရှာပီ

ရွှေဘိုမြိုနယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်တွင် ကျေးရွာ လုံခြုံရေးဟု ဆိုကာ ကင်းလှည့်နေသည့် ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၇ ဦးသေဆုံးခဲ့ကြောင်း Shwebo Crocodile အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ထန်းနှောင်းဝန်းနှင့် ဇီးကုန်းလေး ရွာတိုမှ ပျူစောထီးများက ကျေးရွာ လုံခြုံရေးဟုဆိုကာ ဇီးကုန်းလေးရွာနှင့် မင်္ဂလာရွာသစ် ကျေးရွာ ၂ ရွာကြားတွင် ကင်းလှည့်နေစဉ် တော်လှန်ရေး တပ်ဖွဲများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ နှစ်ဖက် ထိ‌တွေ့မှု ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ထန်းနှောင်းဝန်းရွာမှ ပျူစောထီး ၆ ဦးနှင့် ဇီးကုန်းလေးရွာမှ ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော် ၂ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပျူစောထီးများရှိရာနေရာကို တပ်ကူ အများအပြား ရောက်ရှိလာသောကြောင့် တော်လှန်ရေး ရဲဘော်များက Drone ဖြင့် ဗုံးသီး ၂ လုံးချ၍ ဟန့်တားခဲ့ပြီး ဒဏ်ရာရ ရဲဘော် ၂ ဦး အချိန်မီ ဆေးကုသနိုင်ရန်အတွက် ဆက်လက် မတိုက်ခိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုမှာ ကျွန်တော်တို မြေပြင် သတင်းအရ သိရတာကတော့ ထန်းနှောင်းဝန်းရွာက ပျူစောထီးတွေက ဇီးကုန်းလေးရွာကို အထိုင်ချတာပေါ့။ ထန်းနှောင်းဝန်းက ပျူစောထီး ၆ ကောင်နဲ့ ဇီးကုန်းလေးရွာက ပျူစောထီး ၁ ကောင်နဲ့ စုစုပေါင်း ၇ ကောင်ပေါ့။ ကျေးရွာက ပျူတွေပဲပါတဲ့ ကင်းပေါ့။ အခုတိုက်ခိုက်ခဲ့တာက တိုက်ခိုက်မှုဖြစ်ပြီးတော့ ဇီးကုန်းလေးရွာ၊ မင်္ဂလာရွာသစ်ရွာနဲ့ ထန်းနှောင်းဝန်းရွာက နောက်ချန် ပျူတွေ စစ်ခွေးတွေ ၂ ဖပ်ညှက်ပြီးတော့ အင်အားစုပေါင်း မိသွားတဲ့ အခါကျတော့ ကျွန်တော်တိုဘက်က ရဲဘော် ၂ ဦးလည်း ဒဏ်ရာရထားတော့ ဒရုန်းနဲ့ စစ်ကူလာတဲ့ ကောင်တွေကို ဟန့်တားပြီး ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနှိပ်စက် ငွေညှစ်နေမယ်ဆိုရင် ဆက်လက် တိုက်ခိုက်သွားမှာပါ” ဟု Shwebo Crocodile အဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwebo Crocodile၊ ရွှေဘိုမြိုနယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ ၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ ၊ Daung Mann shwebo ၊ စွန်ရဲရွှေဘို ဒေသခံ ကာကွယ်ရေးအဖွဲ ၊ မဟူရာ ရွှေဘိုသား ၊ ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ၊ HG FIGHTRs (LPDF) ၊ EYE For EYE ၊ Yaung NI (LPDF) ၊ SBFA shwebo Federal Army ၊ BO BA TAW (LPDF)၊ ရွှေဘိုသားပြည်သူကာကွယ်ရေးတပ်ဖွဲ ၊ ဗိုလ်မဟာပြည်သူကာကွယ်ရေးအဖွဲ၊ မြင်းဖြူရှင် အဖွဲ ၊ နဂါးနီ အဖွဲ၊ ဖျံအဖွဲ ၊ ဂျိုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ၊ ရွှေဘိုအားမာန်၊ သိခ်အားမာန် ၊ Flying Dragon Force နှင့် မဟာမိတ်ဖြစ်သော Drone Force Ayadow Rocket (LPDF) ၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ ၊ ဇာမဏီဒေါင်း(ဒပယ)တန (၂) တပ် တိုက စုပေါင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *