ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံစစ်တပ်ဂိတ်ကို

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံစစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု ထိခိုက်မှုများရှိနိုင် (ရုပ်/သံ)

ရန်ကုန်၊ ဧပြီ ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဂိတ် အ ဆောက်အအုံခေါင်မိုးပေါ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အား စု – KRF ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၄ ရက်မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး သီး ၄ လုံး ကျဲတိုက်ခိုက်ခဲ့ရာ ဂိတ်ခေါင်မိုးပေါ် တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF ၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်ကို အကြမ်းဖက်စစ်သားများက ဘန်ကာများ အခိုင်အမာ ထပ်မံတည်ဆောက်ကာ အင်အားများလည်းထပ်မံ တိုးချဲ့ပြီး ခရီးသွားပြည်သူများကို အတင်းအကြပ် စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဂိတ်ကို မဖျက်သိမ်းပဲ ဆက် လက် အင်အားတိုးချဲ့တည်ဆောက်နေပါက ယခုထက်ပိုမို ပြင်းထန်သော တိုက်ခိုက်မှုများဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက် လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေးကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာပျက်စီး ဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျဉ်းမရှိပါကြောင်း ထုတ်ပြန်ထား သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *