စောစောစီးစီး ဆို့အောက်သွားပြန်ပီ

မံစီတွင် KIA က သိမ်းပိုက်ခဲ့သော စစ်တပ်၏ မဂျီဂုံ ဗျူဟာကုန်း စခန်းမှ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီး ၂ လက် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မတ် ၅

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် KIA က သိမ်းပိုက်ခဲ့သော စစ်တပ်၏ မဂျီဂုံ ဗျူဟာကုန်း စစ်စခန်းမှ ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီး ၂ လက်အပါ အဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့တွင် အဆိုပါစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၃ ရက်နေ့တွင် မံစီမြို့နယ်၊ မဂျီဂုံ စစ်တပ်၏ ဗျူဟာကုန်းစခန်းကို KIA က အပြီး သတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းမှ ဟောင်ဝစ်ဇာအမြောက် လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“၁၀၅ မမ ဟောင်ဝှစ်ဇာ အမြောက် ၂ လက်ရတယ်။ လက်နက်ခဲယမ်းတွေနဲ့ လက်နက်ကြီးတွေလည်း သိမ်းဆည်းရရှိတယ်။ လက်နက်ကြီးကျည်တွေက မြေအောက်တွင်းမှာ အများအပြား ကျန်ရှိသေးတယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

KIA က သိမ်းပိုက်ရရှိခဲ့သော အဆိုပါစခန်းတွင် စစ်ကောင်စီ၏ ခလရ၁၀၂၊ ခလရ ၂၅၀ ၊ ခမရ ၄၂၇ တပ်ရင်း ၃ ခု အထိုင်စခန်းချထားခြင်းဖြစ်ကြောင်း၊ စစ်တပ်က အခိုင်အမာတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *