စောစီး သာလီစွပါ အလုံးစုံ အိတ်ထဲရောက်တော့မယ် 🌿🍀🌸👇🌸🍀🌿

ပုဏ္ဏားကျွန်း ခမရ (၅၅၀)အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိ

(မောင်တောမြောက်ပိုင်း တိုက်ပွဲတစ်ခုအတွင်း စစ်ကောင်စီအလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်)

မတ် ၁/၂၀၂၄

ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်နေသော ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀)အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၉ ရက် ယမန်နေ့ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်အထဲတွင် “ ယခင်ရက်များက မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော ပုဏ္ဏားကျွန်းမြို့၊ ခမရ (၅၅၀) တပ်ရင်း တစ်ခုလုံးအား အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို ယနေ့ ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက်ရှိသည်” ဟု ဖော်ပြထားသည်။

၎င်းအပြင် “စစ်ကောင်စီဘက်က ၎င်းတပ်ရင်း မကျဆုံးစေရန်အတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံကာကွယ်နေသော်လည်း ရက္ခိုင့်တပ်တော်မှ သတ္တိပြောင်မြောက်စွာဖြင့် တိုက်ခိုက်နေမှုကြောင့် ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ (၅၅၀) အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်” ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ပုဏ္ဏားကျွန်းမြို့သည် ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှ ၂၁ မိုင်ခန့် အကွာတွင် တည်ရှိပြီး ခမရ (၅၅၀)သည် ကုလားတန်မြစ် လက်ဝဲ လက်ယာတွင် တစ်ခုတည်းသော ကျန်ရှိနေသည့် စစ်ကောင်စီ တပ်ရင်းဖြစ်သည်။

၎င်းတပ်ရင်းကို သိမ်းပိုက်ပြီးပါက စစ်တွေမြို့ ဧရိယာအနည်းငယ်မှအပ ကုလားတန်မြစ်ကြောင်း တစ်လျှောက်သည် (အိန္ဒိယနယ်စပ်တရောက်ထိ) ရက္ခိုင့်တပ်တော်က ထိန်းချုပ်မှု နယ်မြေအောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ရက္ခိုင့်တပ်တော်သည် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းကလည်း ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း-ရန်အောင်ပြင် ကားလမ်းထက်တွင် စစ်ကောင်စီ စစ်ကြောင်း တစ်ခုနှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲသည် ဖေဖော်ဝါရီလ (၂၈) ရက်၊ ညနေ (၄) နာရီ (၂၀) ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ အလောင်း (၇) လောင်းနှင့် ၎င်းတို့၏ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို ရက္ခိုင့်တပ်တော်က သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် ကစဉ့်ကလျားထွက်ပြေးနေသော၎င်း စစ်ကောင်စီစစ်ကြောင်းကို ရက္ခိုင့်တပ်တော်မှ လိုက်လံတိုက်ခိုက် ချေးမှုန်းလျက်ရှိကြောင်း သိရသည်။
ရက္ခိုင်ဒေသအတွင်း၌ လက်နက်ချအညံ့မခံသေးသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်စခန်းများ၊ နယ်ခြားစောင့်တပ်စခန်းအပြင် ရန်သူ၏လက်နက်ကြီးစခန်းများကို ရက္ခိုင့်တပ်တော်မှ တစ်ခုပြီးတစ်ခု လိုက်လံရှင်းလင်းလျက်ရှိသည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုဏၰားကၽြန္း ခမရ (၅၅၀)အား အလုံးစုံသိမ္းပိုက္ရန္ လက္တစ္ကမ္းအလိုသို႔ ေရာက္ရွိ

(ေမာင္ေတာေျမာက္ပိုင္း တိုက္ပြဲတစ္ခုအတြင္း စစ္ေကာင္စီအေလာင္း ၇ ေလာင္းႏွင့္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း AA ထုတ္ျပန္)

မတ္ ၁/၂၀၂၄

ရကၡိဳင့္တပ္ေတာ္ (AA)မွ ထိုးစစ္ဆင္ တိုက္ခိုက္ေနေသာ ပုဏၰားကၽြန္းၿမိဳ႕အေျခစိုက္ ခမရ (၅၅၀)အား အလုံးစုံသိမ္းပိုက္ရန္ လက္တစ္ကမ္းအလိုသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၉ ရက္ ယမန္ေန႔ စစ္ေရးသတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထုတ္ျပန္ခ်က္အထဲတြင္ “ ယခင္ရက္မ်ားက မိမိတို႔ ထိုးစစ္ဆင္တိုက္ခိုက္ေနေသာ ပုဏၰားကၽြန္းၿမိဳ႕၊ ခမရ (၅၅၀) တပ္ရင္း တစ္ခုလုံးအား အလုံးစုံသိမ္းပိုက္ရရွိေရးအတြက္ ထိုးစစ္ကို ယေန႔ ေဖေဖာ္ဝါရီလ (၂၉) ရက္ေန႔တြင္ အရွိန္အဟုန္ျမႇင့္ ဆက္လက္ျပဳလုပ္လ်က္ရွိသည္” ဟု ေဖာ္ျပထားသည္။

၎အျပင္ “စစ္ေကာင္စီဘက္က ၎တပ္ရင္း မက်ဆုံးေစရန္အတြက္ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီးပစ္ကူ အေျမာက္အျမားျဖင့္ အသည္းအသန္ခုခံကာကြယ္ေနေသာ္လည္း ရကၡိဳင့္တပ္ေတာ္မွ သတၱိေျပာင္ေျမာက္စြာျဖင့္ တိုက္ခိုက္ေနမႈေၾကာင့္ ပုဏၰားကၽြန္းၿမိဳ႕၌ တစ္ခုတည္း က်န္ရွိေနေသးေသာ ခမရ (၅၅၀) အား အလုံးစုံသိမ္းပိုက္ရန္ လက္တစ္ကမ္းအလိုသို႔ ေရာက္ရွိေနၿပီ ျဖစ္သည္” ဟုလည္း ဆက္လက္ ေဖာ္ျပထားသည္။

ပုဏၰားကၽြန္းၿမိဳ႕သည္ ရခိုင္ျပည္ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕မွ ၂၁ မိုင္ခန႔္ အကြာတြင္ တည္ရွိၿပီး ခမရ (၅၅၀)သည္ ကုလားတန္ျမစ္ လက္ဝဲ လက္ယာတြင္ တစ္ခုတည္းေသာ က်န္ရွိေနသည့္ စစ္ေကာင္စီ တပ္ရင္းျဖစ္သည္။

၎တပ္ရင္းကို သိမ္းပိုက္ၿပီးပါက စစ္ေတြၿမိဳ႕ ဧရိယာအနည္းငယ္မွအပ ကုလားတန္ျမစ္ေၾကာင္း တစ္ေလၽွာက္သည္ (အိႏၵိယနယ္စပ္တေရာက္ထိ) ရကၡိဳင့္တပ္ေတာ္က ထိန္းခ်ဳပ္မႈ နယ္ေျမေအာက္သို႔ ေရာက္ရွိသြားမည္ျဖစ္သည္။

ရကၡိဳင့္တပ္ေတာ္သည္ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔ ညေနပိုင္းကလည္း ရခိုင္ျပည္အေနာက္ဘက္နယ္စပ္ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္း ႀကိမ္ေခ်ာင္း-ရန္ေအာင္ျပင္ ကားလမ္းထက္တြင္ စစ္ေကာင္စီ စစ္ေၾကာင္း တစ္ခုႏွင့္ ရင္ဆိုင္ တိုက္ပြဲျဖစ္ပြားခဲ့သည္။

၎တိုက္ပြဲသည္ ေဖေဖာ္ဝါရီလ (၂၈) ရက္၊ ညေန (၄) နာရီ (၂၀) ခန႔္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ဖြဲ႕မွ အေလာင္း (၇) ေလာင္းႏွင့္ ၎တို႔၏ စစ္အသုံးအေဆာင္ပစၥည္း၊ လက္နက္ခဲယမ္းအခ်ိဳ႕ကို ရကၡိဳင့္တပ္ေတာ္က သိမ္းဆည္းရမိခဲ့သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

၎ျပင္ ကစဉ့္ကလ်ားထြက္ေျပးေနေသာ၎ စစ္ေကာင္စီစစ္ေၾကာင္းကို ရကၡိဳင့္တပ္ေတာ္မွ လိုက္လံတိုက္ခိုက္ ေခ်းမႈန္းလ်က္ရွိေၾကာင္း သိရသည္။
ရကၡိဳင္ေဒသအတြင္း၌ လက္နက္ခ်အညံ့မခံေသးေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ စစ္စခန္းမ်ား၊ နယ္ျခားေစာင့္တပ္စခန္းအျပင္ ရန္သူ၏လက္နက္ႀကီးစခန္းမ်ားကို ရကၡိဳင့္တပ္ေတာ္မွ တစ္ခုၿပီးတစ္ခု လိုက္လံရွင္းလင္းလ်က္ရွိသည္ဟု လည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *