နာမည်ကျော်တွေ တပြိုင်နက်တည်း အိတ်ထဲရောက်တော့မယ်

ရခိုင်တွင် မြို့နယ် ၅ခုမှ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မင်းပြား အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းတွင် တိုက်ပွဲ ပြင်းထန်

ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်အတွင်းက မြို့နယ် ၅ခုတွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်ရင်းများနှင့် တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

တပ်မ ၂၂လက်အောက်ခံ၊ ခမရ ၂၀၁ တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်း စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ၅၅၂ တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး ပုဏ္ဏားကျွန်းမြို့မှ ခမရ ၅၅၀ တပ်ရင်းဌာနချုပ်ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ထို့အပြင်မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် AA မှ ၈ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊

လက်ရှိ နောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စခန်းသိမ်းလုနီးပါး အခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ရက္ခိုင့်တပ်တော် AA လက်နက်ချ အညံ့ခံဖို့နှင့် အလင်းဝင်ရောက်ဖို့ သတိပေးထားပြီး လက်နက်ချ အညံ့မခံသည့်တပ်စခန်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း AA က တရားဝင်ကြေညာထားသည်။

ပလက်ဝဒေသတစ်ခုလုံးအပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ တောင်ပြိုမြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကိုလည်း ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည် ဖြစ်ကြောင်း AA က ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများ စစ်ရှုံးပြီး စစ်မနိုင်တော့သည့် အချိန်တွင် အပြစ်မဲ့ ပြည်သူနှင့် လူငယ်များကို ဖမ်းဆီးသတ်ဖြတ် ညစ်လုံးဖြင့် မိုက်တွင်း မနက်ရန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေးလိုက်သည်။

ရက္ခိုင့်တပ်တော် AA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်းက ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထိုသို့ သတိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် တပ်အချင်းချင်းတိုက်မနိုင်မှုကြောင့် မည်သည့် လက်နက်မှမရှိသော အပြစ်မဲ့ပြည်သူ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ် ညစ်လုံးစုံနှင့် ဆက်ပြီးလက်နက်အားကိုး မိုက်တွင်း မနက်ရန် ဆက်လက် သတိပေးထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *