မိုက်တယ်ဝေ့ စခသင်္ဘောတွေ မီးခိုးတေအူပီး နစ်သွားပြီ

AA တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေး စစ်သင်္ဘော ၃စီး နစ်မြုပ်၊ မြောက်ဦးရှိ စစ်ကောင်စီ ၃၁ တပ်ရင်းကို သိမ်းပိုက်ပြီး ရသေ့တောင် ကိုးတန်ကောက်စခန်းကို တိုက်ခိုက်

Western News| ဖေဖော်ဝါရီ ၉

ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီ၏ တိုက်ခိုက်ရေး စစ်သင်္ဘော သုံးစီးကို နစ်မြုပ်အောင် တိုက်ခိုက်ခဲ့ပြီး မြောက်ဦးရှိ စစ်ကောင်စီ၏ ၃၁ ရင်း သိမ်းပိုက်ခဲ့ကာ ရသေ့တောင် ကိုးတန်ကောက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကြေညာသည်။

ဖေဖော်ဝါရီလ ၇ရက် ၈ရက်နေ့များတွင် စစ်ကောင်စီ၏ ရေတပ်ကို ရက္ခိုင့်တပ်တော်မှ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ မြစ်အတွင်းမှ တိုက်ခိုက်ရေးစစ်သင်္ဘော ၃ စီးကို နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အခြားစစ်သင်္ဘောတစ်စီးကိုလည်း ထိခိုက်ပျက်စီးအောင် ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အတွင်းတွင် စစ်ကောင်စီ၏ စစ်သင်္ဘော ၇ စီးခန့်ကို သွားလာ၍ မရနိုင်အောင် မြစ်အတွင်းရေချ၍ မရနိုင်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကမ်းထိုးယာဉ်နှင့် Navy စုစုပေါင်း ၃ စီးတိုကို AA က ရခိုင် ပင်လယ်ပြင်တွင် တိုက်ခိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့သည် ရက္ခိုင့်တပ်တော်၏ သမိုင်းတွင် စစ်ကောင်စီတပ်အား ပင်လယ်ပြင်ထက်တွင် အောင်ပွဲကို ရေးထိုးနိုင်ကြောင်း ဆိုသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ရှေ့ဟောင်းအမွေအနှစ်နယ်မြေတစ်ခု ဖြစ်သည့် မြောက်ဦးရှိ စစ်ကောင်စီ၏ လက်ကျန်တစ်ခုတည်းကျန်ရှိသည့် ရဲတပ်ရင်း ၃၁ အား ရက္ခိုင့်တပ်‌တော်မှ အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းအား AA က ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက် ၇နာရီအချိန်ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AA တိုက္ခိုက္မႈေၾကာင့္ တိုက္ခိုက္ေရး စစ္သေဘၤာ ၃စီး နစ္ျမဳပ္၊ ေျမာက္ဦးရွိ စစ္ေကာင္စီ ၃၁ တပ္ရင္းကို သိမ္းပိုက္ၿပီး ရေသ့ေတာင္ ကိုးတန္ေကာက္စခန္းကို တိုက္ခိုက္

Western News| ေဖေဖာ္ဝါရီ ၉

ရကၡိဳင့္တပ္ေတာ္ AA က စစ္ေကာင္စီ၏ တိုက္ခိုက္ေရး စစ္သေဘၤာ သုံးစီးကို နစ္ျမဳပ္ေအာင္ တိုက္ခိုက္ခဲ့ၿပီး ေျမာက္ဦးရွိ စစ္ေကာင္စီ၏ ၃၁ ရင္း သိမ္းပိုက္ခဲ့ကာ ရေသ့ေတာင္ ကိုးတန္ေကာက္စခန္းကို တိုက္ခိုက္ခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၈ ရက္ေန႔တြင္ ေၾကညာသည္။


ေဖေဖာ္ဝါရီလ ၇ရက္ ၈ရက္ေန႔မ်ားတြင္ စစ္ေကာင္စီ၏ ေရတပ္ကို ရကၡိဳင့္တပ္ေတာ္မွ တန္ျပန္တိုက္ခိုက္နိုင္ခဲ့ၿပီး စစ္ေကာင္စီ၏ ျမစ္အတြင္းမွ တိုက္ခိုက္ေရးစစ္သေဘၤာ ၃ စီးကို နစ္ျမဳပ္ေအာင္ တိုက္ခိုက္နိုင္ခဲ့ေၾကာင္း သိရသည္။

အျခားစစ္သေဘၤာတစ္စီးကိုလည္း ထိခိုက္ပ်က္စီးေအာင္ ျပန္တိုက္ခိုက္နိုင္ခဲ့ၿပီး ၂၀၂၄ ခုႏွစ္ အတြင္းတြင္ စစ္ေကာင္စီ၏ စစ္သေဘၤာ ၇ စီးခန႔္ကို သြားလာ၍ မရနိုင္ေအာင္ ျမစ္အတြင္းေရခ်၍ မရနိုင္ေအာင္ ျပဳလုပ္နိုင္ခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီ၏ ကမ္းထိုးယာဥ္ႏွင့္ Navy စုစုေပါင္း ၃ စီးတိုကို AA က ရခိုင္ ပင္လယ္ျပင္တြင္ တိုက္ခိုက္နိုင္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၈ ရက္ေန႔သည္ ရကၡိဳင့္တပ္ေတာ္၏ သမိုင္းတြင္ စစ္ေကာင္စီတပ္အား ပင္လယ္ျပင္ထက္တြင္ ေအာင္ပြဲကို ေရးထိုးနိုင္ေၾကာင္း ဆိုသည္။

ထို႔အျပင္ ေဖေဖာ္ဝါရီလ ၈ရက္ေန႔တြင္ ေရွ႕ေဟာင္းအေမြအႏွစ္နယ္ေျမတစ္ခု ျဖစ္သည့္ ေျမာက္ဦးရွိ စစ္ေကာင္စီ၏ လက္က်န္တစ္ခုတည္းက်န္ရွိသည့္ ရဲတပ္ရင္း ၃၁ အား ရကၡိဳင့္တပ္‌ေတာ္မွ အၿပီးသတ္ တိုက္ခိုက္နိုင္ခဲ့ေၾကာင္း ဆိုသည္။

အလားတူ ရေသ့ေတာင္ၿမိဳ႕နယ္၊ အေနာက္ေတာင္ပိုင္း၊ အငူေမာ္-ေမာင္ေတာကားလမ္းမေဘးရွိ စစ္ေကာင္စီ၏ ကိုးတန္ေကာက္နယ္ျခားေစာင့္စခန္းအား AA က ေဖေဖာ္ဝါရီ ၉ ရက္ေန႔ နံနက္ ၇နာရီအခ်ိန္ခန႔္တြင္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *