Update News ဒူးဝါးကြီး ထပ်သိမ်းပြန်ပြီ

ဖားကန့်မြို့နယ်၊ နန့်တိန်းတပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား ၁၀ ဦးခန့် သေဆုံး

ဖေဖော်ဝါရီ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်း စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်း ဖားကန့်မြို့နယ် နန့်တိန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် KPDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ နန့်တိန်း တပ်စခန်းကို ဇန်နဝါရီ လကတည်းက တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊

ယင်းနောက် စစ်ကောင်စီတပ် စခန်းကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့လင့်ကစား တော်လှန်ရေးတပ်များက စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်

“အဲဒီစခန်းမှာ စစ်သား အင်အား ၅၀ ကျော် ၆၀ ဝန်းကျင်လောက်ရှိတယ်။ စခန်းကို တိုက်ခိုက်တော့ စစ်တပ်ဘက်က ၁၀ ဦးကျော်လောက်တော့ သေတယ်။ ကျန်တာတွေတော့ အကုန်ထွက်ပြေးတယ်

နန့်တိန်းစခန်းက ဖားကန့်နဲ့ ၁၅ မိုင်လောက် ဝေးတယ်။ မနေ့ညနေပိုင်းမှာ တိုက်ပြီး ည ၈ နာရီကျော်လောက်မှာ သိမ်းလိုက်တာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်

အဆိုပါစခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေများကိုမူ စိစစ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဖားကန႔္ၿမိဳ႕နယ္၊ နန႔္တိန္းတပ္စခန္းကို KIAႏွင့္ PDF ပူးေပါင္းတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္မႈ စစ္တပ္ဘက္မွ အနည္းဆုံး စစ္သား ၁၀ ဦးခန႔္ ေသဆုံး

ေဖေဖာ္ဝါရီ ၃

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ နန႔္တိန္း စစ္ေကာင္စီတပ္စခန္းကို KIA ႏွင့္ PDF ပူးေပါင္းတပ္မ်ားက အၿပီးသတ္ တိုက္ခိုက္သိမ္းပိုက္လိုက္ၿပီျဖစ္ေၾကာင္း KIA သတင္းရင္းျမစ္က ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔ ညပိုင္း ဖားကန႔္ၿမိဳ႕နယ္ နန႔္တိန္း စစ္ေကာင္စီတပ္စခန္းကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ KPDF ပူးေပါင္းတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ နန႔္တိန္း တပ္စခန္းကို ဇန္နဝါရီ လကတည္းက ေတာ္လွန္ေရးတပ္မ်ားက ထိုးစစ္ဆင္ခဲ့ျခင္းျဖစ္ေၾကာင္း၊

ယင္းေနာက္ စစ္ေကာင္စီတပ္ စခန္းကို ေတာ္လွန္ေရးတပ္မ်ားက ပိတ္ဆို႔ထားခဲ့ေၾကာင္း၊ ယင္းေနာက္ ယမန္ေန႔ တိုက္ပြဲတြင္ စစ္ေကာင္စီတပ္က ေလေၾကာင္းႏွင့္ လက္နက္ႀကီးျဖင့္ ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့လင့္ကစား ေတာ္လွန္ေရးတပ္မ်ားက စခန္းကို သိမ္းပိုက္နိုင္ခဲ့ေၾကာင္း သိရွိရသည္

“အဲဒီစခန္းမွာ စစ္သား အင္အား ၅၀ ေက်ာ္ ၆၀ ဝန္းက်င္ေလာက္ရွိတယ္။ စခန္းကို တိုက္ခိုက္ေတာ့ စစ္တပ္ဘက္က ၁၀ ဦးေက်ာ္ေလာက္ေတာ့ ေသတယ္။ က်န္တာေတြေတာ့ အကုန္ထြက္ေျပးတယ္

နန႔္တိန္းစခန္းက ဖားကန႔္နဲ႔ ၁၅ မိုင္ေလာက္ ေဝးတယ္။ မေန႔ညေနပိုင္းမွာ တိုက္ၿပီး ည ၈ နာရီေက်ာ္ေလာက္မွာ သိမ္းလိုက္တာ” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္

အဆိုပါစခန္းသိမ္းတိုက္ပြဲမွ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိမႈ အေျခအေနမ်ားကိုမူ စိစစ္ေနဆဲျဖစ္ေၾကာင္း သိရွိရသည္။ 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *