မြင်းခြံသားတွေကွ ရှယ်ဖြုတ်နေတာ (ရုပ်/သံ)

မြင်းခြံမြို့နယ်၊ တဲကုန်းရွာရှိ စစ်ကောင်စီ တပ်သားများ စခန်းချရာ အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တဲကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စခန်းချရာ အုပ်ချုပ်ရေးမှူး နေအိမ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း NDA MDY တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက် ညနေ ၃ နာရီခန့်တွင် မြင်းခြံမြို့နယ် ၊ တဲကုန်းရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိုင်ချထားရာ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး နေအိမ်ကို

တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး နေအိမ်ကို သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Trayli Karli Attacking &Producton တပ်ခွဲ ၂ ၊ မန္တလေးလရိုင်တပ်ရင်း ၅ ၊ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ SLK ရေလယ်ကျွန်း LPDF ၊

KNT ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း NDA MDY တပ်ဖွဲ့က ထုတ်ပြန်ထားသည်။


ဖေဖော်ဝါရီ ၂






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *