မြို့တော်ရန်ကုန် ယနေ့ည အုံးးးး

ကြည့်မြင်တိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ဖေဖော်ဝါရီ ၁

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်နှင့် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အမှတ် ၁ သစ်စက်ဝင်းကို Operation Flame (OF) အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိပြီး တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း စစ်ဆင်ရေးသည် Operation Flame (OF) ၏ ဒုတိယမြောက် စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး

အကြမ်းဖက် စစ်တပ်၏ မတရားအာဏာသိမ်းခြင်း ၃ နှစ်ပြည့်ကို ခုခံတွန်းလှန် တော်လှန်ခြင်းနှင့် မတရားဖိနှိပ် ညှင်းဆဲသတ်ဖြတ်ခံခဲ့ရသော တော်လှန်ရေးရဲဘော် ရဲဘက်များ အားလုံးကိုယ်စား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Operation Flame (OF) အဖွဲ့သည် ဆက်လက်၍ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ၊ ရန်ကုန်အတွက်အောင်ပွဲဆီသို့ တော်လှန်ရေး ညီနောင်ရဲဘော်များ အားလုံးနှင့် အတူလက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက် ချေမှုန်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ စစ္တပ္ တပ္စြဲထားေသာ အမွတ္ ၁ သစ္စက္ဝင္းကို ေဖာက္ခြဲ တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ထိခိုက္မႈရွိ

ေဖေဖာ္ဝါရီ ၁

ရန္ကုန္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ အမွတ္ ၁ သစ္စက္ဝင္းကို ေဖာက္ခြဲ တိုက္ခိုက္ရာ စစ္တပ္ဘက္မွ ထိခိုက္မႈရွိေၾကာင္း Operation Flame (OF) အဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက မီဒီယာသို႔ ေျပာဆိုသည္။

ဇန္နဝါရီလ ၃၁ ရက္ေန႔ ည ၉ နာရီ ၄၅ မိနစ္ႏွင့္ ၁၀ နာရီ ၁၅ မိနစ္ခန္႔တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ သာဓုအေနာက္ရပ္ကြက္၊ ကမ္းနားလမ္းရွိ အၾကမ္းဖက္ စစ္တပ္ တပ္စြဲထားေသာ အမွတ္ ၁ သစ္စက္ဝင္းကို Operation Flame (OF) အဖြဲ႕က အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေဖာက္ခြဲ တိုက္ခိုက္မႈအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား ထိခိုက္ဒဏ္ရာရရွိမႈ တခ်ိဳ႕ရွိၿပီး ေတာ္လွန္ေရး ရဲေဘာ္မ်ား ေဘးကင္းစြာ ဆုတ္ခြာနိုင္ခဲ့ေၾကာင္း၊ ယင္း စစ္ဆင္ေရးသည္ Operation Flame (OF) ၏ ဒုတိယေျမာက္ စစ္ဆင္ေရးအျဖစ္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး

အၾကမ္းဖက္ စစ္တပ္၏ မတရားအာဏာသိမ္းျခင္း ၃ ႏွစ္ျပည့္ကို ခုခံတြန္းလွန္ ေတာ္လွန္ျခင္းႏွင့္ မတရားဖိႏွိပ္ ညႇင္းဆဲသတ္ျဖတ္ခံခဲ့ရေသာ ေတာ္လွန္ေရးရဲေဘာ္ ရဲဘက္မ်ား အားလုံးကိုယ္စား ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

Operation Flame (OF) အဖြဲ႕သည္ ဆက္လက္၍ ေႏြဦးေတာ္လွန္ေရး အဆုံးသတ္တိုက္ပြဲ၊ ရန္ကုန္အတြက္ေအာင္ပြဲဆီသို႔ ေတာ္လွန္ေရး ညီေနာင္ရဲေဘာ္မ်ား အားလုံးႏွင့္ အတူလက္တြဲၿပီး အၾကမ္းဖက္ စစ္တပ္ကို အရွိန္ျမႇင့္ တိုက္ခိုက္ ေခ်မႈန္းသြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *