နေပြည်တော်တဲ့ကွမိုက်တာ💟 Congratulations

စစ်အာဏာသိမ်းသုံးနှစ်ပြည့် နေပြည်တော်မြင်ကွင်း

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းထားသည်မှာ ယနေ့ (ဖေဖော်ဝါရီ ၁) တွင် သုံးနှစ်ပြည့်ပြီဖြစ်သည်။ ယနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားပြီး စစ်ဗိုလ်ချုပ်ကြီးများရှိ နေပြည်တော်တွင် လူစည်ကားရာနေရာများ၌ ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုရှိသည်ကို တွေ့ရသည်။

နေပြည်တော်ရှိ အထင်ကရဈေးများဖြစ်သော အဟာသုခဈေး၊ သပြေကုန်းဈေး၊ ပျဉ်းမနားမြို့မဈေး၊ ပုဗ္ဗသီရိဈေးနှင့် သပြေကုန်းအဝိုင်း၊ ပျဉ်းမနား-တောင်ညိုလမ်းမ၊ ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်လမ်းတို့ ပုံမှန်အတိုင်း ရှိနေပြီး နေပြည်တော်ရှိ အခြားလမ်းမကြီးများတွင် လူသွားလူလာနည်းနေသည်



“လူတွေက Silent Day (အသံတိတ်သပိတ်နေ့) လို့တော့ သိတယ်။ ဈေးဆိုင်တွေ ပိတ်မရပေမယ့် ဈေးလာသူတွေရှိပေမဲ့ အရင်နေ့တွေထက်တော့ မသိမသာနည်းတာတွေ့ရတယ်” ဟု နေပြည်တော် သပြေကုန်းဈေးမှ ဈေးသည်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်သောအားဖြင့် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်မထွက်ရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် ပြည်တွင်း၌ နေထိုင်သူများသာမက ပြည်ပရောက်ရှိနေသူများပါ အဖြူရောင်အဝတ်အစားနှင့် အသုံးအဆောင်များကို ဝတ်ဆင်အသုံးပြုပြီး ဆန္ဒဖော်ထုတ်ကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။

သုံးနှစ်တာအတွင်း ငါးကြိမ်မြောက် ပြုလုပ်သည့် အသံတိတ်သပိတ်ဖြစ်ပြီး ထိုလှုပ်ရှားမှုသည် စစ်ကောင်စီက ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ အတင်းအကျပ်အခွန်ကောက်ခံနေခြင်းအပေါ် ဆန့်ကျင်ခြင်းနှင့် စစ်ကောင်စီတပ်သားများ အလံဖြူထောင်ကာ တော်လှန်ရေးတပ်များဘက် ကူးပြောင်းကြရန် သတင်းစကားပါးခြင်းလည်းဖြစ်သည်။

စစ္အာဏာသိမ္းသုံးႏွစ္ျပည့္ ေနျပည္ေတာ္ျမင္ကြင္း

ျမန္မာနိုင္ငံတြင္ အရပ္သားအစိုးရကို ျဖဳတ္ခ်ကာ စစ္တပ္က အာဏာသိမ္းထားသည္မွာ ယေန႔ (ေဖေဖာ္ဝါရီ ၁) တြင္ သုံးႏွစ္ျပည့္ၿပီျဖစ္သည္။ ယေန႔တြင္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ အသံတိတ္သပိတ္ဆင္ႏႊဲၾကရန္ ေတာ္လွန္ေရးအင္အားစုမ်ားက တိုက္တြန္းထားၿပီး စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားရွိ ေနျပည္ေတာ္တြင္ လူစည္ကားရာေနရာမ်ား၌ ပုံမွန္အတိုင္း သြားလာလႈပ္ရွားမႈရွိသည္ကို ေတြ႕ရသည္။

ေနျပည္ေတာ္ရွိ အထင္ကရေဈးမ်ားျဖစ္ေသာ အဟာသုခေဈး၊ သေျပကုန္းေဈး၊ ပ်ဥ္းမနားၿမိဳ႕မေဈး၊ ပုဗၺသီရိေဈးႏွင့္ သေျပကုန္းအဝိုင္း၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္းမ၊ ပ်ဥ္းမနားၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္လမ္းတို႔ ပုံမွန္အတိုင္း ရွိေနၿပီး ေနျပည္ေတာ္ရွိ အျခားလမ္းမႀကီးမ်ားတြင္ လူသြားလူလာနည္းေနသည္


“လူေတြက Silent Day (အသံတိတ္သပိတ္ေန႔) လို႔ေတာ့ သိတယ္။ ေဈးဆိုင္ေတြ ပိတ္မရေပမယ့္ ေဈးလာသူေတြရွိေပမဲ့ အရင္ေန႔ေတြထက္ေတာ့ မသိမသာနည္းတာေတြ႕ရတယ္” ဟု ေနျပည္ေတာ္ သေျပကုန္းေဈးမွ ေဈးသည္တစ္ဦးက ေျပာသည္။

စစ္အာဏာသိမ္းမႈကို ဆက္လက္ဆန႔္က်င္ေသာအားျဖင့္ ယေန႔ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီအတြင္း အျပင္မထြက္ရန္၊ လူစုလူေဝးမျပဳလုပ္ရန္ႏွင့္ ျပည္တြင္း၌ ေနထိုင္သူမ်ားသာမက ျပည္ပေရာက္ရွိေနသူမ်ားပါ အျဖဴေရာင္အဝတ္အစားႏွင့္ အသုံးအေဆာင္မ်ားကို ဝတ္ဆင္အသုံးျပဳၿပီး ဆႏၵေဖာ္ထုတ္ၾကရန္ ေတာ္လွန္ေရးအင္အားစုမ်ားက ေတာင္းဆိုထားသည္။

သုံးႏွစ္တာအတြင္း ငါးႀကိမ္ေျမာက္ ျပဳလုပ္သည့္ အသံတိတ္သပိတ္ျဖစ္ၿပီး ထိုလႈပ္ရွားမႈသည္ စစ္ေကာင္စီက ျပည္ပေရာက္ ျမန္မာနိုင္ငံသားမ်ားထံမွ အတင္းအက်ပ္အခြန္ေကာက္ခံေနျခင္းအေပၚ ဆန႔္က်င္ျခင္းႏွင့္ စစ္ေကာင္စီတပ္သားမ်ား အလံျဖဴေထာင္ကာ ေတာ္လွန္ေရးတပ္မ်ားဘက္ ကူးေျပာင္းၾကရန္ သတင္းစကားပါးျခင္းလည္းျဖစ္သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *