အုပ်လိုက်မိထားပြီ ထွက်ပြေးလာတယ်လို့တော့ပြောတာဘဲ

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၁၅ ဦးကို ဖမ်းမိ

ဖေဖော်ဝါရီ ၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသော ၃ ပွင့်ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် ၁၅ ဦးကို အရှင်ဖမ်းမိထားကြောင်း CDF – Daai အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုက်အိပ်စ် က ပြောကြားသည်။

ဇန်နဝါရီလ ၃၀ ရက် နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ CDF – Daai ထိန်းချုပ်နယ်မြေအတွင်း သွားလာနေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ – ခမရ ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ၊ ခမရ ၅၈၇ နှင့် ခမရ ၉၀၈ တို့မှ ထွက်ပြေးလာ

သုံးပွင့်ဗိုလ်ကြီးအဆင့်ရှိ သူ ၁ ဦး၊ နှစ်ပွင့် ဗိုလ်အဆင့်ရှိသူ ၁ ဦး၊ ထောက်လှမ်းရေးအရာရှိ(IO) တစ်ဦးအပါအဝင် အကြပ်၊ ရဲဘော် စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ယူဆချက်အရတော့ ဒဏ်ရာတွေလည်းရထားတယ်ဆိုတော့ တချို့ကတော့ တိုက်ပွဲဖြစ် လို့ထွက်ပြေးလာတဲ့ဟာမျိုးတွေပေါ့နော်၊ တချို့ကတော့ ဒီအတိုင်းပဲ တပ်ကိုစွန့်ပြီးတော့ ထွက်ပြေး လာတာဖြစ်နိုင်တယ်၊ ဒါပေမယ့် တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာတယ်လို့ပဲ ကျနော်တို့က ယူဆတယ်၊

ကျနော်တို့ဆီမှာ လာရောက်ခိုလှုံတာလည်းမဟုတ်ဘူး၊ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ ခြေဦး တည်ရာထွက်ပြေးနေတာကိုး၊ လက်နက်ခဲယမ်းတော့မပါဘူး၊ လောလောဆယ်တော့ သူတို့ကို တတ် နိုင်သမျှကူညီပေးတာတော့ရှိတယ်၊ ဆေးကုပေးတာ၊

အဝတ်အစားပေးတာကအစ လိုအပ်တဲ့ အစာ ရေစာပေးတာကအစပေါ့” ဟု CDF – Daai အထွေထွေအတွင်းရေးမှူး ဆလိုင်းအိုက်အိပ်စ် က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သားများအနက် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦးနှင့် သာမန်ဒဏ်ရာရရှိသူ ၂ ဦးတို့ကို CDF – Daai မှ ဆေးကုသမှုများ ပြုလုပ်ပေးကာ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

CDF – Daai အနေဖြင့် ဒိုင်ရ်ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသဖြင့် ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည်ရောင်းဝယ်မှုများကို ယနေ့ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၄ ရက်အနေ့အထိ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် အသိပေးထားသည်။

ပလက္ဝၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္မွ ထြက္ေျပးလာေသာ ဗိုလ္ႀကီး ၁ ဦး၊ ဗိုလ္ ၁ ဦး အပါအဝင္ စစ္သား ၁၅ ဦးကို ဖမ္းမိ

ေဖေဖာ္ဝါရီ ၁

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္မွ ထြက္ေျပးလာေသာ ၃ ပြင့္ဗိုလ္အဆင့္ရွိသူ တစ္ဦးအပါအဝင္ ၁၅ ဦးကို အရွင္ဖမ္းမိထားေၾကာင္း CDF – Daai အေထြေထြအတြင္းေရးမႉး ဆလိုင္းအိုက္အိပ္စ္ က ေျပာၾကားသည္။

ဇန္နဝါရီလ ၃၀ ရက္ ေန႔က ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ CDF – Daai ထိန္းခ်ဳပ္နယ္ေျမအတြင္း သြားလာေနေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ တပ္မ ၁၁ – ခမရ ၂၁၇၊ ခမရ ၃၇၆၊ ခမရ ၅၃၈၊ ခမရ ၂၂၀၊ ခမရ ၂၁၉၊ ခမရ ၃၈ ၊ ခမရ ၅၈၇ ႏွင့္ ခမရ ၉၀၈ တို႔မွ ထြက္ေျပးလာ

သုံးပြင့္ဗိုလ္ႀကီးအဆင့္ရွိ သူ ၁ ဦး၊ ႏွစ္ပြင့္ ဗိုလ္အဆင့္ရွိသူ ၁ ဦး၊ ေထာက္လွမ္းေရးအရာရွိ(IO) တစ္ဦးအပါအဝင္ အၾကပ္၊ ရဲေဘာ္ စုစုေပါင္း ၁၅ ဦးကို ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရသည္။

“က်ေနာ္တို႔ယူဆခ်က္အရေတာ့ ဒဏ္ရာေတြလည္းရထားတယ္ဆိုေတာ့ တခ်ိဳ႕ကေတာ့ တိုက္ပြဲျဖစ္ လို႔ထြက္ေျပးလာတဲ့ဟာမ်ိဳးေတြေပါ့ေနာ္၊ တခ်ိဳ႕ကေတာ့ ဒီအတိုင္းပဲ တပ္ကိုစြန႔္ၿပီးေတာ့ ထြက္ေျပး လာတာျဖစ္နိုင္တယ္၊ ဒါေပမယ့္ တိုက္ပြဲျဖစ္လို႔ ထြက္ေျပးလာတယ္လို႔ပဲ က်ေနာ္တို႔က ယူဆတယ္၊

က်ေနာ္တို႔ဆီမွာ လာေရာက္ခိုလႈံတာလည္းမဟုတ္ဘူး၊ က်ေနာ္တို႔ ထိန္းခ်ဳပ္နယ္ေျမထဲမွာ ေျခဦး တည္ရာထြက္ေျပးေနတာကိုး၊ လက္နက္ခဲယမ္းေတာ့မပါဘူး၊ ေလာေလာဆယ္ေတာ့ သူတို႔ကို တတ္ နိုင္သမၽွကူညီေပးတာေတာ့ရွိတယ္၊ ေဆးကုေပးတာ၊

အဝတ္အစားေပးတာကအစ လိုအပ္တဲ့ အစာ ေရစာေပးတာကအစေပါ့” ဟု CDF – Daai အေထြေထြအတြင္းေရးမႉး ဆလိုင္းအိုက္အိပ္စ္ က ရန္ကုန္ ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။

ထိုသို႔ ဖမ္းဆီးရရွိေသာ စစ္ေကာင္စီတပ္သားမ်ားအနက္ အျပင္းအထန္ ဒဏ္ရာရရွိသူ ၃ ဦးႏွင့္ သာမန္ဒဏ္ရာရရွိသူ ၂ ဦးတို႔ကို CDF – Daai မွ ေဆးကုသမႈမ်ား ျပဳလုပ္ေပးကာ ေကာင္းမြန္စြာ ထိန္းသိမ္းထားေၾကာင္း၊ ၎တို႔ကို နိုင္ငံတကာ စစ္ဖက္ဆိုင္ရာ ဥပေဒ Geneva Convention ႏွင့္အညီ ဆက္လက္ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

CDF – Daai အေနျဖင့္ ဒိုင္ရ္ေဒသအတြင္း နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္ရြက္ သြားမည္ျဖစ္ပါသျဖင့္ ေရေၾကာင္းျဖင့္သြားလာျခင္းႏွင့္ ကုန္စည္ေရာင္းဝယ္မႈမ်ားကို ယေန႔ ေဖေဖာ္ ဝါရီလ ၁ ရက္ေန႔မွ ၄ ရက္အေန႔အထိ လုံးဝ (လုံးဝ) မျပဳလုပ္ၾကပါရန္ အသိေပးထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *