လင်းယုန်ကြီး တကယ်အလုပ်လုပ်နေပြီ

အမေရိကန်က ရွှေဗျိုင်းဖြူ ကုမ္ပဏီ၊ ပိုင်ရှင်မိသားစု ၄ ဦးနှင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကို စီးပွားရေးဒဏ်ပိတ်ဆို့

ဩစတြေးလျက စစ်ကောင်စီလက်အောက်ခံ MFTB ၊ MICB ဘဏ် ၂ ခုနှင့် လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီ ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့

ဖေဖော်ဝါရီ ၁

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်တွင် အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်း ၊ စစ်ကောင်စီနှင့်ဆက်ဆံနေသော ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် ပိုင်ရှင်မိသားစု ၄ တို့ကိုဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

စစ်အာဏာသိမ်းသုံးနှစ်ပြည့်ချိန်တွင် အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနက စစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက် (MEHL) နှင့် စီးပွားရေးလုပ်ကိုင်နေသော

ရွှေဗျိုင်းဖြူအုပ်စု (SBPG)နှင့် စစ်ကောင်စီ ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ခံ ကြယ်ငါးပွင့်သင်္ဘော ကုမ္ပဏီ ၂ ခုကို အရေးယူဒဏ်ခတ်ကြောင်း ကြေညာသည်။

ထို့ပြင် စစ်တပ်ခရိုနီ ရွှေဗျိုင်းဖြူအုပ်စု ဥက္ကဋ္ဌ သိန်းဝင်းဇော်၊ ဇနီး တင်မင်းလတ်၊ သာသမီး ၂ ဦးဖြစ်သည့် မသိမ့်ဝင်းထက်နှင့် ကိုဝင်းပိုင်ကျော်တို့ ၄ ဦးကိုလည်း အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်ကြောင်း သိရှိရသည်။

အလားတူ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့တွင် ဩစတြေးလျအစိုးရကလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB ) ၊ မြန်မာ့စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဘဏ်(MICB ) တို့ကို ပိတ်ဆို့အရေးယူကြောင်း၊

ထို့ပြင် စစ်ကောင်စီထံသို့ လေယာဉ်ဆီ တင်သွင်းပေးနေသော Asia Sun Group ၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း သိရှိရသည်။

အေမရိကန္က ေရႊဗ်ိဳင္းျဖဴ ကုမၸဏီ၊ ပိုင္ရွင္မိသားစု ၄ ဦးႏွင့္ ျမန္မာ့ၾကယ္ငါးပြင့္သေဘၤာလုပ္ငန္းကို စီးပြားေရးဒဏ္ပိတ္ဆို႔

ဩစေၾတးလ်က စစ္ေကာင္စီလက္ေအာက္ခံ MFTB ၊ MICB ဘဏ္ ၂ ခုႏွင့္ ေလယာဥ္ဆီတင္သြင္းသည့္ ကုမၸဏီ ၃ ခုကို ဒဏ္ခတ္ပိတ္ဆို႔

ေဖေဖာ္ဝါရီ ၁

ျမန္မာနိုင္ငံတြင္ အၾကမ္းဖက္စစ္တပ္က စစ္အာဏာသိမ္းမႈ ၃ ႏွစ္ျပည့္ခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စုက စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့ၾကယ္ငါးပြင့္လုပ္ငန္း ၊ စစ္ေကာင္စီႏွင့္ဆက္ဆံေနေသာ ေရႊဗ်ိဳင္းျဖဴကုမၸဏီႏွင့္ ပိုင္ရွင္မိသားစု ၄ တို႔ကိုဒဏ္ခတ္ပိတ္ဆို႔လိုက္ေၾကာင္း သိရွိရသည္။

စစ္အာဏာသိမ္းသုံးႏွစ္ျပည့္ခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စုဘ႑ာေရးဝန္ႀကီးဌာနက စစ္တပ္ပိုင္ျမန္မာ့စီးပြားေရးဦးပိုင္ ကုမၸဏီလိမိတက္ (MEHL) ႏွင့္ စီးပြားေရးလုပ္ကိုင္ေနေသာ

ေရႊဗ်ိဳင္းျဖဴအုပ္စု (SBPG)ႏွင့္ စစ္ေကာင္စီ ပို႔ေဆာင္ေရးဝန္ႀကီးဌာန လက္ေအာက္ခံ ၾကယ္ငါးပြင့္သေဘၤာ ကုမၸဏီ ၂ ခုကို အေရးယူဒဏ္ခတ္ေၾကာင္း ေၾကညာသည္။

ထို႔ျပင္ စစ္တပ္ခရိုနီ ေရႊဗ်ိဳင္းျဖဴအုပ္စု ဥကၠ႒ သိန္းဝင္းေဇာ္၊ ဇနီး တင္မင္းလတ္၊ သာသမီး ၂ ဦးျဖစ္သည့္ မသိမ့္ဝင္းထက္ႏွင့္ ကိုဝင္းပိုင္ေက်ာ္တို႔ ၄ ဦးကိုလည္း အေမရိကန္က ဒဏ္ခတ္အေရးယူလိုက္ေၾကာင္း သိရွိရသည္။

အလားတူ စစ္အာဏာသိမ္းမႈ ၃ ႏွစ္ျပည့္ေန႔တြင္ ဩစေၾတးလ်အစိုးရကလည္း စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့နိုင္ငံျခားကုန္သြယ္မႈဘဏ္ (MFTB ) ၊ ျမန္မာ့စီးပြားေရးႏွင့္ရင္းႏွီးျမႇုပ္ႏွံမႈဘဏ္(MICB ) တို႔ကို ပိတ္ဆို႔အေရးယူေၾကာင္း၊

ထို႔ျပင္ စစ္ေကာင္စီထံသို႔ ေလယာဥ္ဆီ တင္သြင္းေပးေနေသာ Asia Sun Group ၊ Asia Sun Trading ႏွင့္ Cargo Link Petroleum Logistics ကုမၸဏီတို႔ကို စီးပြားေရးဒဏ္ခတ္ပိတ္ဆို႔လိုက္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *