တိုးလှိုင်ကတော့ သက်တမ်းတိုးပြန်ပီ သိမ်းခံရတဲ့မြို့တွေ ထပ်တိုးတော့မယ်

အကြမ်းဖက်စစ်ကောင်စီက အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှု သက်တမ်း ၆ လ ထပ်တိုးပြန်၊ ကာ/လုံတွင် စစ်အင်အား တိုးမြှင့် သုံး၍ ဆုံးရှုံးသော နယ်မြေများ ပြန်သိမ်းရန် ဆွေးနွေးခွင့်ပြုမှုရှိဟုဆို

ဇန်နဝါရီ ၃၁

အကြမ်းဖက်စစ်ကောင်စီက တစ်စုံတစ်ရာ အပြောင်းအလဲမရှိဘဲ အာဏာသိမ်းမှုကို သက်တမ်း ထပ်မံ ၆ လတိုးလိုက်ကြောင်း စစ်ကောင်စီက တရားဝင် ထုတ်ပြန်ကြေညာသည်။

ယနေ့ ကျင်းပသည့် စစ်ကောင်စီ၏ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) အစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီအတွင်း လက်ရှိ ဆုံးရှုံးသွားသော ရှမ်းမြောက်ဒေသ ၁၇ မြို့ အပါအဝင်

မြို့ပေါင်း ၃၀ ကျော်ကို ပြန်လည် ရယူရန်အတွက် စစ်တပ်က အင်အားများ တိုးမြှင့်သုံး၍ နယ်မြေများ ပြန်လည် သိမ်းယူရန် တင်ပြ ဆွေးနွေးမှု ရှိကြောင်း သိရှိရသည်။

“ကာ/လုံမှာ ဆွေးနွေးတဲ့အထဲမှာ ဆုံးရှုံးတဲ့နယ်မြေတွေကို မီးကုန်ယမ်းကုန် အင်အားသုံးပြီး ပြန်ယူဖို့ သဘောတူညီမှု ရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ အဲဒီအချက်ကိုတော့ သူတို့ ထုတ်ပြန်ချက်မှာ ပါတာမတွေ့ရဘူး။

သဘောကတော့ စစ်ဆက်တိုက်ဦးမယ်။ စစ်တိုက်ဖို့ သက်တမ်း ထပ်တိုးပေးပါဆိုပြီး တပ်ချုပ်ဘက်က ပြောတာမျိုးလို့သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အၾကမ္းဖက္စစ္ေကာင္စီက အေျပာင္းအလဲမရွိဘဲ အာဏာသိမ္းမႈ သက္တမ္း ၆ လ ထပ္တိုးျပန္၊ ကာ/လုံတြင္ စစ္အင္အား တိုးျမႇင့္ သုံး၍ ဆုံးရႈံးေသာ နယ္ေျမမ်ား ျပန္သိမ္းရန္ ေဆြးေႏြးခြင့္ျပဳမႈရွိဟုဆို

ဇန္နဝါရီ ၃၁

အၾကမ္းဖက္စစ္ေကာင္စီက တစ္စုံတစ္ရာ အေျပာင္းအလဲမရွိဘဲ အာဏာသိမ္းမႈကို သက္တမ္း ထပ္မံ ၆ လတိုးလိုက္ေၾကာင္း စစ္ေကာင္စီက တရားဝင္ ထုတ္ျပန္ေၾကညာသည္။

ယေန႔ က်င္းပသည့္ စစ္ေကာင္စီ၏ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံျခဳံေရးေကာင္စီ(ကာ/လုံ) အစည္းအေဝးတြင္ အၾကမ္းဖက္စစ္ေကာင္စီအတြင္း လက္ရွိ ဆုံးရႈံးသြားေသာ ရွမ္းေျမာက္ေဒသ ၁၇ ၿမိဳ႕ အပါအဝင္

ၿမိဳ႕ေပါင္း ၃၀ ေက်ာ္ကို ျပန္လည္ ရယူရန္အတြက္ စစ္တပ္က အင္အားမ်ား တိုးျမႇင့္သုံး၍ နယ္ေျမမ်ား ျပန္လည္ သိမ္းယူရန္ တင္ၿပ ေဆြးေႏြးမႈ ရွိေၾကာင္း သိရွိရသည္။

“ကာ/လုံမွာ ေဆြးေႏြးတဲ့အထဲမွာ ဆုံးရႈံးတဲ့နယ္ေျမေတြကို မီးကုန္ယမ္းကုန္ အင္အားသုံးၿပီး ျပန္ယူဖို႔ သေဘာတူညီမႈ ရွိတယ္လို႔ က်ေနာ္တို႔ ၾကားရပါတယ္။ အဲဒီအခ်က္ကိုေတာ့ သူတို႔ ထုတ္ျပန္ခ်က္မွာ ပါတာမေတြ႕ရဘူး။

သေဘာကေတာ့ စစ္ဆက္တိုက္ဦးမယ္။ စစ္တိုက္ဖို႔ သက္တမ္း ထပ္တိုးေပးပါဆိုၿပီး တပ္ခ်ဳပ္ဘက္က ေျပာတာမ်ိဳးလို႔သိရတယ္” ဟု ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *