အယ်ဘရေ့ အလက်၃၀၀တဲ့ ကုန်ပြောင်ပြီ (ရုပ်/သံ)

နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက်ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိ

ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက် ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ နမ့်ဖတ်ကာ စစ်တပ်စခန်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ် ၃၀၀ ခန့် သိမ်းဆည်းရရှိကြောင်း ၊ လက်နက်များတွင် ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက် ၂ လက် ၊

၈၁ မမ နှင့် ၆၀ မမ ၈ လက် ၊ စက်လက် ၁၇ လက်၊ ငါးကြင်းမြီး ၁၆ လက်၊ လက်ထောက် ၁၉ လက်၊ MA ၁၀၅ လက်၊ ဒရုန်း ၃ စီး၊ ဂျမ်မာစက် တစ်ခု အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“လက်နက်ခဲယမ်းတွေမှာ အကောင်းအတိုင်း ပြန်သုံးလို့ရတာတွေ အတော်များတယ်။ ပျက်စီးသွားတဲ့ လက်နက်တွေကိုတော့ ထည့်မတွက်ထားဘူး” ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

နမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်ဘက်မှ FTC 2000 G တိုက်လေယာဉ်တစ်စင်းကိုလည်း KIA တပ်များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။

နမ့္ဖတ္ကာရွိ စစ္ေကာင္စီ၏ ခလရ ၁၂၃ တပ္မွ လက္နက္ႀကီး၊ လက္နက္ငယ္ အလက္ ၃၀၀ သိမ္းဆည္းရရွိ

ဇန္နဝါရီ ၃၁

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာရွိ စစ္ေကာင္စီ၏ ခလရ ၁၂၃ တပ္မွ လက္နက္ႀကီး၊ လက္နက္ ငယ္ အလက္ ၃၀၀ သိမ္းဆည္းရရွိေၾကာင္း KIA သတင္းရင္းျမစ္က ေျပာဆိုသည္။

ဇန္နဝါရီလ ၂၄ ရက္ေန႔တြင္ စစ္ေကာင္စီတပ္၏ နမ့္ဖတ္ကာ စစ္တပ္စခန္းကို KIA က အၿပီးသတ္ တိုက္ခိုက္သိမ္းပိုက္ခဲ့ျခင္းျဖစ္ၿပီး ယင္းတပ္စခန္းမွ လက္နက္ႀကီးလက္နက္ငယ္ ၃၀၀ ခန႔္ သိမ္းဆည္းရရွိေၾကာင္း ၊ လက္နက္မ်ားတြင္ ၁၂၂ မမ ေဟာင္ဝစ္ဇာ အေျမာက္ ၂ လက္ ၊

၈၁ မမ ႏွင့္ ၆၀ မမ ၈ လက္ ၊ စက္လက္ ၁၇ လက္၊ ငါးၾကင္းၿမီး ၁၆ လက္၊ လက္ေထာက္ ၁၉ လက္၊ MA ၁၀၅ လက္၊ ဒ႐ုန္း ၃ စီး၊ ဂ်မ္မာစက္ တစ္ခု အပါအဝင္ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

“လက္နက္ခဲယမ္းေတြမွာ အေကာင္းအတိုင္း ျပန္သုံးလို႔ရတာေတြ အေတာ္မ်ားတယ္။ ပ်က္စီးသြားတဲ့ လက္နက္ေတြကိုေတာ့ ထည့္မတြက္ထားဘူး” ဟု KIA သတင္းရင္းျမစ္တစ္ခုက ေျပာဆိုသည္။

နမ့္ဖတ္ကာတိုက္ပြဲတြင္ စစ္တပ္ဘက္မွ FTC 2000 G တိုက္ေလယာဥ္တစ္စင္းကိုလည္း KIA တပ္မ်ားက ပစ္ခ်နိုင္ခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *