အယ်ဘတို့အလှူက မနဲမနောကိုလှူနေတာ ဝင်ရှိုးသွား😍

“နမ့်ဖတ်ကာ ခလရ (၁၂၃) တပ်ရင်းဌာနချုပ်ကို KIA တိုက်ခိုက် သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ ထုတ်ဖော်ပြသ”

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြိုနယ် နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်ရင်း ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့ ညနေ (၄) နာရီအချိန်တွင် အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နမ့်ဖတ်ကာ အခြေစိုက် ခလရ (၁၂၃) တပ်ကို KIA တပ်မဟာ (၄)၊ တပ်မဟာ (၆)၊ တပ်မဟာ (၁၀) တပ်ဖွဲတွေနဲ့ ကွတ်ခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (KPDF) တပ်ဖွဲများ ပူးပေါင်းကာ(၂၇) ရက်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ တပ်ရင်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီး (၂) လက်၊ ၈၁ မမ နဲ့ ၆၀ မမ (၈) လက်၊ စက်လတ် (၁၇) လက်၊ ငါးကြင်းမြီး (၁၆) လက်၊

လက်ထောက် (၁၉) လက်၊ MA (၁၀၅) လက်၊ ဒရုန်း (၃) စီး၊ ဂျမ်မာစက် တစ်ခု၊ အခြား လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews






#4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *