တင့်ကားတွေလည်း လေပေါ်ကလာအုံးတော့ ဘာမှပြန်မလုပ်နိုင် (ရူပ်/သံ)

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာရှိ အမှတ် ၆၀၀၅ တင့်ကား တပ်ရင်းထဲသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်(ရုပ်/သံ)

ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အမှတ် ၆၀၀၅ တင့်ကား တပ်ရင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီးကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် နံနက် ၉ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ အမှတ် ၆၀၀၅ တင့်ကား တပ်ရင်း အတွင်း၌ အနီးအနားကျေးရွာကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေစဉ်

ယူနီ ကွန်းပြောက်ကျား တပ် ဖွဲ့၊ Phoenix Sgg နှင့် Royal Falcon တပ်ဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက် ခဲ့ရာ

စစ်ကြောင်းထိုးမည့် အစီအစဉ်ပျက်သွားပြီး စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှုကို စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရသည်

“အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ အင်အားစုနေတဲ့အချိန် တိုက်ခိုက်ခဲ့တာဖြစ်လို့ စစ်ကြောင်းထိုးဖို့အစီအစဉ်ပျက်သွားပါတယ်၊ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးပါဘူး၊

ပြန်လည် ပစ်ခတ်တာမျိုးလဲ မရှိပါဘူး” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြာားသည်။
စစ္ကိုင္းၿမိဳ႕နယ္၊ အုန္းေတာရြာရွိ အမွတ္ ၆၀၀၅ တင့္ကား တပ္ရင္းထဲသို႔ ဒ႐ုန္းျဖင့္ ဗုံးက်ဲတိုက္ခိုက္(႐ုပ္/သံ)

ဇန္နဝါရီ ၃၀

စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕နယ္၊ အုန္းေတာေက်းရြာ အမွတ္ ၆၀၀၅ တင့္ကား တပ္ရင္းအတြင္းသို႔ ဒ႐ုန္းျဖင့္ ဗုံးက်ဲ တိုက္ခိုက္ခဲ့ေၾကာင္း ယူနီးကြန္းေျပာက္က်ားတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးကေျပာၾကားသည္။

ဇန္နဝါရီလ ၂၈ ရက္ နံနက္ ၉ နာရီခန႔္က စစ္ကိုင္းၿမိဳ႕နယ္၊ အုန္းေတာေက်းရြာရွိ အမွတ္ ၆၀၀၅ တင့္ကား တပ္ရင္း အတြင္း၌ အနီးအနားေက်းရြာကို စစ္ေၾကာင္းထိုးရန္ ျပင္ဆင္ေနစဥ္

ယူနီ ကြန္းေျပာက္က်ား တပ္ ဖြဲ႕၊ Phoenix Sgg ႏွင့္ Royal Falcon တပ္ဖြဲ႕တို႔ပူးေပါင္းၿပီး ဒ႐ုန္းျဖင့္ ဗုံးသီး ၄ လုံးက်ဲခ်တိုက္ခိုက္ ခဲ့ရာ

စစ္ေၾကာင္းထိုးမည့္ အစီအစဥ္ပ်က္သြားၿပီး စစ္ေကာင္စီတပ္သား ထိခိုက္ ေသဆုံးမႈကို စုံစမ္းေန ဆဲျဖစ္ေၾကာင္း သိရသည္

“အနီးအနားေက်းရြာေတြကို စစ္ေၾကာင္းထိုးဖို႔ အင္အားစုေနတဲ့အခ်ိန္ တိုက္ခိုက္ခဲ့တာျဖစ္လို႔ စစ္ေၾကာင္းထိုးဖို႔အစီအစဥ္ပ်က္သြားပါတယ္၊ ထိခိုက္မႈ ရွိ၊ မရွိေတာ့ မသိရေသးပါဘူး၊

ျပန္လည္ ပစ္ခတ္တာမ်ိဳးလဲ မရွိပါဘူး” ဟု ယူနီကြန္းေျပာက္က်ားတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကာားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *