ညစာအတွက် မွှင်းခါးလေးတွေ🥰

နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ဇန်နဝါရီ ၃၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မလှိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ဆောက်လုပ်ရေးရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ရာ ၃ လုံးကျ ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများရှိကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည် စာသင်ကျောင်း၀င်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ ကြိမ်ကျဲချ တိုက်ခိုက်ခဲ့ရာ ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဗိုလ်အဆင့်ရှိသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မလှိုင်မြို့နယ် သုံးထောင်ကျေးရွာရှိ အင်အား ၂၅ ဦးခန့်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ Myingyan District Drone Strike အမှတ်1848 ဒရုန်းတပ် ၊ မြင်းခြံခရိုင်အမှတ် (၈)တပ်ရင်း NRDF ၊ မလှိုင်မြို့နယ် ပကဖ (MHLG Wing) ၊ ဗိုလ်စားပျောက်ကြားတပ်ဖွဲ့ (မြင်းခြံ) နှင့် နွားထိုးကြီးမြို့နယ် (ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ႏြားထိုးႀကီးၿမိဳ႕နယ္ႏွင့္ မလွိုင္ၿမိဳ႕နယ္ရွိ စစ္တပ္ တပ္စြဲထားေသာ ေနရာမ်ားကို ဒ႐ုန္းျဖင့္ ဗုံးက်ဲ တိုက္ခိုက္မႈ စစ္ေကာင္စီ တပ္သား ၄ ဦးေသဆုံး

ဇန္နဝါရီ ၃၀

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္ႏွင့္ မလွိုင္ၿမိဳ႕နယ္ရွိ စစ္တပ္ တပ္စြဲထားေသာ ေနရာမ်ားကို ဒ႐ုန္းျဖင့္ ဗုံးက်ဲ တိုက္ခိုက္ရာ စစ္ေကာင္စီ တပ္သား ၄ ဦးေသဆုံးခဲ့ေၾကာင္း Natogyi People Defence Force ျမင္းၿခံခရိုင္ အမွတ္ ၄ တပ္ရင္း ထံမွ သိရသည္။

ဇန္နဝါရီလ ၂၇ ရက္ေန႔ နံနက္ ၈ နာရီခန္႔တြင္ ႏြားထိုးႀကီးၿမိဳ႕ေပၚရွိ ရဲစခန္းႏွင့္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ား တပ္စြဲထားေသာ ေဆာက္လုပ္ေရး႐ုံးတို႔ကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ဗုံးသီး ၄ ႀကိမ္က်ဲခ် တိုက္ခိုက္ခဲ့ရာ ၃ လုံးက် ေပါက္ကြဲခဲ့ၿပီး ထိခိုက္ ဒဏ္ရာရရွိသူမ်ားရွိေၾကာင္း သိရွိရသည္။

အလားတူ ဇန္နဝါရီလ ၂၉ ရက္ေန႔ မြန္းလြဲ ၃ နာရီခန္႔တြင္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ျပင္စည္ စာသင္ေက်ာင္း၀င္းအတြင္း တပ္စြဲထားေသာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ဗုံးသီး ၃ ႀကိမ္က်ဲခ် တိုက္ခိုက္ခဲ့ရာ ၂ လုံးက်ေရာက္ ေပါက္ကြဲခဲ့ၿပီး ဗိုလ္အဆင့္ရွိသူ ၂ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

ထို႔ျပင္ မလွိုင္ၿမိဳ႕နယ္ သုံးေထာင္ေက်းရြာရွိ အင္အား ၂၅ ဦးခန္႔ရွိေသာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္သားမ်ားကို ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ဒ႐ုန္းျဖင့္ ဗုံးသီး ၁ လုံး ထပ္မံ က်ဲခ် တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီ တပ္သား ၄ ဦးေသဆုံးၿပီး ၃ ဦးျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ တိုက္ခိုက္မႈကို Natogyi People Defence Force ျမင္းၿခံခရိုင္ အမွတ္ ၄ တပ္ရင္း ၊ Myingyan District Drone Strike အမွတ္1848 ဒ႐ုန္းတပ္ ၊ ျမင္းၿခံခရိုင္အမွတ္ (၈)တပ္ရင္း NRDF ၊ မလွိုင္ၿမိဳ႕နယ္ ပကဖ (MHLG Wing) ၊ ဗိုလ္စားေပ်ာက္ၾကားတပ္ဖြဲ႕ (ျမင္းၿခံ) ႏွင့္ ႏြားထိုးႀကီးၿမိဳ႕နယ္ (ပကဖ) တို႔က ပူးေပါင္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *