လားရှိုးမြို့ပေါ် အုံးးးးး

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ပေါ် RD ကုန်မာဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ

ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ RD ကုန်မာဆိုင်ရှေ့တွင် ယနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဆိုင်ကယ်ပေါ်မှာ ဗုံးထောင်ထားတာ။ ပေါက်ကွဲသံက နှစ်ချက် အကျယ်ကြီးပဲ။ သွားကြည့်တဲ့အချိန်မှာတော့ လူတော့ ထိခိုက်ထားတာမတွေ့ဘူး။

ဗုံးပေါက်တာက RD ကုန်မာဆိုင်ရှေ့မှာပေါက်တာ။ ဗုံးပေါက်ပြီးတော့ မီးလောင်နေလို့ ကုန်မာ ဆိုင် ဝန်ထမ်းတွေနဲ့ အနားက လူတွေက

ရေနဲ့ ဖြန်းပြီး ငြိမ်းတာတွေ့တယ်။ ဗုံးကွဲ အသံတော့ အတော်ကို ကျယ်တာ။ လူထိခိုက်တာမတွေ့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

လားရှိုးမြို့တွင် စစ်ကောင်စီက လုံခြုံရေး တင်းကျပ်မှုများရှိနေပြီး အဝင်အထွက်စစ်ဆေးမှုများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်

အေရွ႕ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိရာ လားရွိုးၿမိဳ႕ေပၚ RD ကုန္မာဆိုင္ေရွ႕တြင္ ဗုံးေပါက္ကြဲ

ဇန္နဝါရီ ၃၀
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တည္ရွိရာ လားရွိုးၿမိဳ႕ေပၚ အမွတ္ ၃ ရပ္ကြက္ရွိ RD ကုန္မာဆိုင္ေရွ႕တြင္ ယေန႔ မြန္းလြဲ ၂ နာရီ ၅ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားေၾကာင္း ေဒသျပည္သူမ်ားက ေျပာဆိုၾကသည္။

“ဆိုင္ကယ္ေပၚမွာ ဗုံးေထာင္ထားတာ။ ေပါက္ကြဲသံက ႏွစ္ခ်က္ အက်ယ္ႀကီးပဲ။ သြားၾကည့္တဲ့အခ်ိန္မွာေတာ့ လူေတာ့ ထိခိုက္ထားတာမေတြ႕ဘူး။

ဗုံးေပါက္တာက RD ကုန္မာဆိုင္ေရွ႕မွာေပါက္တာ။ ဗုံးေပါက္ၿပီးေတာ့ မီးေလာင္ေနလို႔ ကုန္မာ ဆိုင္ ဝန္ထမ္းေတြနဲ႔ အနားက လူေတြက

ေရနဲ႔ ျဖန္းၿပီး ၿငိမ္းတာေတြ႕တယ္။ ဗုံးကြဲ အသံေတာ့ အေတာ္ကို က်ယ္တာ။ လူထိခိုက္တာမေတြ႕ဘူး” ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္

လားရွိုးၿမိဳ႕တြင္ စစ္ေကာင္စီက လုံျခဳံေရး တင္းက်ပ္မႈမ်ားရွိေနၿပီး အဝင္အထြက္စစ္ေဆးမႈမ်ား တင္းတင္းက်ပ္က်ပ္ စစ္ေဆးေနခ်ိန္ ဗုံးေပါက္ကြဲမႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရွိရသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *