သာလီစွပါ မအိပ်ခင်လေးသိမ်းလိုက်ပြန်ပီတဲ့ ဂွတ်ရှယ်ကြီး😋

မင်းပြားရှိ ခမရ ၃၈၀ တပ်ရင်းကို AA သိမ်းပိုက်

ဧရာဝတီ၊ ဇန်နဝါရီ ၂၉ ၊ ၂၀၂၄

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၈၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ဇန်နဝါရီ ၂၈ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း AA ပါဝင်သည့် ညီနောင်မဟာမိတ် တိုင်းရင်းသား လက်နက် ကိုင် ၃ ဖွဲ့က သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီသည် အဆိုပါ တပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်းခြင်းတို့ ပြုလုပ်ကာ အပြင်းအထန်ခုခံခဲ့သော်လည်း AA ၏ ထိုးစစ်၌ ကျဆုံးသွားကြောင်း ညီနောင် မဟာ မိတ် ၃ ဖွဲ့က ဆိုသည်။

မင်းပြားမြို့တွင် စစ်ကောင်စီ၏ ဗျူဟာတခုအခြေစိုက်ပြီး ခမရ ၃၇၉၊ ခမရ ၃၈၀ နှင့် ခမရ ၅၄၀ တပ်ရင်း ၃ ရင်းရှိသည့်အနက် AA သည် ခမရ ၃၈၀ ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတခုဖြစ်သည့် နိရဉ္စရာ သတင်းဌာနကမူ ခမရ ၃၇၉ တပ်ရင်းမှ တပ်ရင်းမှူးဖြစ်သူကို AA တပ်ဖွဲ့ဝင်များက အသေ တိုက်ခိုက်နိုင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၅၄ ဦးကိုလည်း အရှင်ဖမ်းမိထားကြောင်း ယနေ့တွင် သတင်း ရေးသားဖော်ပြသည်။

ခမရ ၃၇၉ တပ်ရင်းတွင် တောင်ကိုဖောက်ထားသည့် ဥမင်လှိုဏ်ခေါင်း ၂ ခုရှိပြီး လက်ရှိ၌ ဥမင်လှိုဏ်ခေါင်းတခုကိုသာ AA တပ်ဖွဲ့ဝင်များက သိမ်း ပိုက်ထားနိုင်ကြောင်း၊ စစ်ကောင်စီတပ်မှ အဆင့်မြင့်အရာရှိတချို့ ခိုအောင်းနေသော ဒုတိယဥမင်လှိုဏ်ကို မသိမ်းနိုင်သေးကြောင်း နိရဉ္စရာ သတင်းအရ သိရသည်။

စစ်ရေးလေ့လာသည့် သုတေသီတဦးက “တပ်ရင်းတွေရဲ့အပေါ်မှာ ကျိန်းတောင်ဆိုတာ ရှိတယ်။ ကျိန်းတောင်ဆိုတာက အမြောက်ကုန်း၊ ကျိန်းတောင်က ရပြီးပြီ။ သူတို့ (AA) က မကြေညာတာဘဲ ရှိတယ်။ အဲဒီမှာက ကျိန်းတောင်ရယ် ၃၈၀ ရယ်ကို ရထားတယ်။ တပ်ရင်း ၂ ရင်း ကျန်သေးတယ်။ မင်းပြားရဲ့ တဝက်လောက်တော့ စီးထားနိုင်ပြီ။ ကျန်တဲ့တပ်တွေကို ဆက်တိုက်နေတုန်းပဲ” ဟု ဆိုသည်။

အရပ်သားထိခိုက်မှုအနေဖြင့် မင်းပြားမြို့နယ်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသားတဦးသည် အမ်းသားရွာအနီးရှိ ဖားပြိုကျေးရွာ၊ သင်္ချိုင်းနားမှဖြတ်အသွား စစ်ကောင်စီတပ်ဖွဲဝင်များ ထောင်ခဲ့သည့် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တဖက်နှင့် ညာဘက်မျက်လုံး ပွင့်ထွက်သွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

AA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အရှေ့ဘက် ၁၂ မိုင်အကွာရှိ ပေါက်တောမြို့ကို သိမ်းပိုက်ထားသည်။

မင္းျပားရွိ ခမရ ၃၈၀ တပ္ရင္းကို AA သိမ္းပိုက္

ဧရာဝတီ၊ ဇန္နဝါရီ ၂၉ ၊ ၂၀၂၄

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕ရွိ စစ္ေကာင္စီ၏ ခမရ ၃၈၀ တပ္ရင္းကို ရကၡိဳင့္တပ္ေတာ္ (AA) က ဇန္နဝါရီ ၂၈ ရက္တြင္ အၿပီးသတ္သိမ္းပိုက္နိုင္ၿပီျဖစ္ေၾကာင္း AA ပါဝင္သည့္ ညီေနာင္မဟာမိတ္ တိုင္းရင္းသား လက္နက္ ကိုင္ ၃ ဖြဲ႕က သတင္း ထုတ္ျပန္သည္။

စစ္ေကာင္စီသည္ အဆိုပါ တပ္ရင္းအား ေလေၾကာင္းမွ ပစ္ကူေပးျခင္းႏွင့္ ေရေၾကာင္းမွ စစ္အင္အားျဖည့္တင္းျခင္းတို႔ ျပဳလုပ္ကာ အျပင္းအထန္ခုခံခဲ့ေသာ္လည္း AA ၏ ထိုးစစ္၌ က်ဆုံးသြားေၾကာင္း ညီေနာင္ မဟာ မိတ္ ၃ ဖြဲ႕က ဆိုသည္။

မင္းျပားၿမိဳ႕တြင္ စစ္ေကာင္စီ၏ ဗ်ဴဟာတခုအေျခစိုက္ၿပီး ခမရ ၃၇၉၊ ခမရ ၃၈၀ ႏွင့္ ခမရ ၅၄၀ တပ္ရင္း ၃ ရင္းရွိသည့္အနက္ AA သည္ ခမရ ၃၈၀ ကို အၿပီးသတ္ သိမ္းပိုက္နိုင္ျခင္းျဖစ္သည္။

ရခိုင္ျပည္နယ္အေျခစိုက္ သတင္းဌာနတခုျဖစ္သည့္ နိရဥၥရာ သတင္းဌာနကမူ ခမရ ၃၇၉ တပ္ရင္းမွ တပ္ရင္းမႉးျဖစ္သူကို AA တပ္ဖြဲ႕ဝင္မ်ားက အေသ တိုက္ခိုက္နိုင္ခဲ့ၿပီး တပ္ဖြဲ႕ဝင္ ၅၄ ဦးကိုလည္း အရွင္ဖမ္းမိထားေၾကာင္း ယေန႔တြင္ သတင္း ေရးသားေဖာ္ျပသည္။

ခမရ ၃၇၉ တပ္ရင္းတြင္ ေတာင္ကိုေဖာက္ထားသည့္ ဥမင္လွိုဏ္ေခါင္း ၂ ခုရွိၿပီး လက္ရွိ၌ ဥမင္လွိုဏ္ေခါင္းတခုကိုသာ AA တပ္ဖြဲ႕ဝင္မ်ားက သိမ္း ပိုက္ထားနိုင္ေၾကာင္း၊ စစ္ေကာင္စီတပ္မွ အဆင့္ျမင့္အရာရွိတခ်ိဳ႕ ခိုေအာင္းေနေသာ ဒုတိယဥမင္လွိုဏ္ကို မသိမ္းနိုင္ေသးေၾကာင္း နိရဥၥရာ သတင္းအရ သိရသည္။

စစ္ေရးေလ့လာသည့္ သုေတသီတဦးက “တပ္ရင္းေတြရဲ့အေပၚမွာ က်ိန္းေတာင္ဆိုတာ ရွိတယ္။ က်ိန္းေတာင္ဆိုတာက အေျမာက္ကုန္း၊ က်ိန္းေတာင္က ရၿပီးၿပီ။ သူတို႔ (AA) က မေၾကညာတာဘဲ ရွိတယ္။ အဲဒီမွာက က်ိန္းေတာင္ရယ္ ၃၈၀ ရယ္ကို ရထားတယ္။ တပ္ရင္း ၂ ရင္း က်န္ေသးတယ္။ မင္းျပားရဲ့ တဝက္ေလာက္ေတာ့ စီးထားနိုင္ၿပီ။ က်န္တဲ့တပ္ေတြကို ဆက္တိုက္ေနတုန္းပဲ” ဟု ဆိုသည္။

အရပ္သားထိခိုက္မႈအေနျဖင့္ မင္းျပားၿမိဳ႕နယ္တြင္ အသက္ ၁၇ ႏွစ္အရြယ္ အမ်ိဳးသားတဦးသည္ အမ္းသားရြာအနီးရွိ ဖားၿပိဳေက်းရြာ၊ သခၤ်ိဳင္းနားမွျဖတ္အသြား စစ္ေကာင္စီတပ္ဖြဲဝင္မ်ား ေထာင္ခဲ့သည့္ ေျမျမႇုပ္မိုင္းနင္းမိၿပီး ေျခေထာက္တဖက္ႏွင့္ ညာဘက္မ်က္လုံး ပြင့္ထြက္သြားေၾကာင္း ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

AA သည္ ၁၀၂၇ စစ္ဆင္ေရးအတြင္း ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြ အေရွ႕ဘက္ ၁၂ မိုင္အကြာရွိ ေပါက္ေတာၿမိဳ႕ကို သိမ္းပိုက္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *