ညစာခိုင်သွားပြန်ပီ

ဝက်လက်မြို့မ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်

ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဝက်လက်မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးကပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၄ နာရီခန့်က ဝက်လက်မြို့မရဲစခန်းအတွင်းရှိ လက်နက်တိုက်၊ ဝက်လက်ရဲစခန်း တံခါးပေါက်နှင့် စစ်ကောင်စီတပ်သားများ နေထိုင်ရာ ဘန်ကာတို့ကို ဒရုန်းဖြင့် 1kg ဗုံးသီး

တနေရာလျှင် ၃ လုံးနှုန်းဖြင့် စုစုပေါင်း ၉ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ မိန်းများ အော်ဟစ်ငိုသံကြားရကြောင်း၊ ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တစ်နေရာ ၃ လုံးစီချခဲ့တာ၊ ရဲမိန်းမတွေ ငယ်သံပါအောင် အော်ငိုသံတွေကြားနေရတယ်လို့ သတင်း ရထားတယ်၊ ပစ်မှတ်ကို ထိအောင်ချနိုင်ခဲ့ပါတယ်၊ အသေအပျောက်တော့ မသိရသေးပါဘူး၊ စစ်ခွေး တွေဘက်က လက်နက်ကြီး ၂ လုံးကောင်တာပြန်ပစ်တယ်၊

ကျနော်တို့ ရဲဘော်တွေအားလုံး ဘေး ကင်းပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ – Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force ဗိုလ်ကောက်ရိုးအဖွဲ့ နှင့် ကြောင်လက်သည်း အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


ဇန်နဝါရီ ၂၉







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *