ပုဇင်းကင်တာလိုပြောတာပဲ (ရုပ်/သံ)

ကရင်မှာလည်း ‌ရဟတ်ယာဉ်ကိုပစ်ချပြီ

ကေအဲန်ယူတပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်မြို့သစ်အနီးမှာ ဒီကနေ့ မွန်းလွဲပိုင်းက အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချလိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

ပစ်ချခံရတဲ့ရဟတ်ယာဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် လေတပ်ရဲ့ ၇၄ နှစ်မြောက် တပ်နေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင်လာရောက်ကာ တပ်တော်ဝင်ထားတဲ့ ရဟတ်ယာဉ်နဲ့ ပုံစံတူညီပါတယ်။

လတ်တလော သင်္ဃန်းညီနောင်မှာ ပစ်ချခံရတဲ့အထဲ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် သေဆုံးသူတွေရှိနေတယ်လို့ သိထားရပေမယ့် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေကတော့ တိတိကျကျ မပြောဆိုသေးပါဘူး။

ကရင္မွာလည္း ‌ရဟတ္ယာဥ္ကိုပစ္ခ်ၿပီ

ေကအဲန္ယူတပ္မဟာ ၆ နယ္ေျမ၊ ျမဝတီၿမိဳ႕၊ သဃၤန္းညီေနာင္ၿမိဳ႕သစ္အနီးမွာ ဒီကေန႔ မြန္းလြဲပိုင္းက အာဏာသိမ္းစစ္တပ္ရဲ့ ရဟတ္ယာဥ္တစ္စီးကို ေတာ္လွန္ေရးတပ္ဖြဲ႕ေတြဘက္က ပစ္ခ်လိုက္တယ္လို႔ ေျမျပင္သတင္းရင္းျမစ္ဆီကသိရပါတယ္။

ပစ္ခ်ခံရတဲ့ရဟတ္ယာဥ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေလတပ္ရဲ့ ၇၄ ႏွစ္ေျမာက္ တပ္ေန႔မွာ စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္ကိုယ္တိုင္လာေရာက္ကာ တပ္ေတာ္ဝင္ထားတဲ့ ရဟတ္ယာဥ္နဲ႔ ပုံစံတူညီပါတယ္။

လတ္တေလာ သဃၤန္းညီေနာင္မွာ ပစ္ခ်ခံရတဲ့အထဲ တပ္မ ၄၄ တပ္မမႉး ဗိုလ္မႉးခ်ဳပ္တစ္ဦးအပါအဝင္ ေသဆုံးသူေတြရွိေနတယ္လို႔ သိထားရေပမယ့္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ေျမျပင္သတင္းရင္းျမစ္ေတြကေတာ့ တိတိက်က် မေျပာဆိုေသးပါဘူး။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *