helicopter crash

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချလိုက်သည့် စစ်ရဟတ်ယာဉ်မှာ Eurocopter 365 အမျိုးအစားဖြစ်ပြီး စစ်တပ်က ကယ်ဆယ်ရေးလုပ်နေ

သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ရဟတ် ယာဉ် ၂ စီးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝိုင်းဝန်း ပစ်ခတ်မှု ရဟတ်ယာဉ် တစ်စင်း ပျက်စီးသွား

တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းနောင် အလွန်အပြင်းအထန်ဒဏ်ရာရပြီး အခြားအဆင့် ၅ ဦးလည်း ဒဏ်ရာရ ထား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်သို့ တပ်ချိန်းရန်လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပစ်ခတ်ရာ ရဟတ်ယာဉ် တစ်စီး

ထိမှန်ပျက်စီးပြီး တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းအောင် အလွန်အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန် သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းထဲသို့ တပ်ချိန်းရန် လာသည့် စစ်ရဟတ်ယာဉ် ၂ စီးကို KNLA တပ်များနှင့် တော်လှန်ရေးတပ်များက ၀ိုင်းဝန်း ပစ်ခတ်ခြင်းဖြစ်ကြောင်း၊

ရဟတ်ယာဉ် တစ်စီးမှာ ကျည်ထိမှန် ပျက်စီးသွားပြီ ခမရ ၃၅၅ တပ်ရင်းထဲတွင် ရပ်တန့်ထားကြောင်း၊ အခြားစစ်ရဟတ်ယာဉ်မှာမူ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသော တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင်မှာ ဒဏ်ရာ အပြင်းအထန်ဒဏ်ရာရရှိထားပြီး အခြားအဆင့် ၅ ဦးမှာလည်း ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

“ရဟတ်ယာဉ် ၂ စီးလာတာကို ပွိုင့်ဖိုက်တွေရော ဒရုန်းတွေရော ဒုံးတွေရောနဲ့ ၀ိုင်းပစ်ကြတာ။ တစ်စီးက ကျည်ထိမှန်ပြီး အခုထက်ထိ တပ်ဝင်းထဲမှာ မပျံနိုင်တော့ဘူး ရပ်ထားတယ်။ တပ်မမှူးကတော့ ဒဏ်ရာ အတော်ပြင်းထန်တယ်။ သေနိုင်လောက်တယ်။ အခြား အဆင့် ၅ ဦးလည်းဒဏ်ရာရထားတယ်။ “ဟု KNLA သတင်းရင်းမြစ်က ပြောဆိုသည်။
သဃၤန္းညီေနာင္ ခမရ ၃၅၅ သို႔ လာသည့္ စစ္ရဟတ္ ယာဥ္ ၂ စီးကို KNLA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက ဝိုင္းဝန္း ပစ္ခတ္မႈ ရဟတ္ယာဥ္ တစ္စင္း ပ်က္စီးသြား


တပ္မ ၄၄ တပ္မႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းေနာင္ အလြန္အျပင္းအထန္ဒဏ္ရာရၿပီး အျခားအဆင့္ ၅ ဦးလည္း ဒဏ္ရာရ ထား

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ သဃၤန္းညီေနာင္ ခမရ ၃၅၅ တပ္သို႔ တပ္ခ်ိန္းရန္လာသည့္ စစ္ရဟတ္ယာဥ္ ၂ စီးကို KNLA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက ၀ိုင္းဝန္းပစ္ခတ္ရာ ရဟတ္ယာဥ္ တစ္စီး

ထိမွန္ပ်က္စီးၿပီး တပ္မ ၄၄ တပ္မႉး ဗိုလ္မႉးခ်ဳပ္ ေအးမင္းေအာင္ အလြန္အျပင္းအထန္ဒဏ္ရာရရွိထားေၾကာင္း KNLA သတင္းရင္းျမစ္က ေျပာဆိုသည္။

ယေန႔ ဇန္နဝါရီလ ၂၉ ရက္ေန႔ မြန္းလြဲ ၂ နာရီ ေက်ာ္အခ်ိန္ သဃၤန္းညီေနာင္ ခမရ ၃၅၅ တပ္ရင္းထဲသို႔ တပ္ခ်ိန္းရန္ လာသည့္ စစ္ရဟတ္ယာဥ္ ၂ စီးကို KNLA တပ္မ်ားႏွင့္ ေတာ္လွန္ေရးတပ္မ်ားက ၀ိုင္းဝန္း ပစ္ခတ္ျခင္းျဖစ္ေၾကာင္း၊

ရဟတ္ယာဥ္ တစ္စီးမွာ က်ည္ထိမွန္ ပ်က္စီးသြားၿပီ ခမရ ၃၅၅ တပ္ရင္းထဲတြင္ ရပ္တန႔္ထားေၾကာင္း၊ အျခားစစ္ရဟတ္ယာဥ္မွာမူ ျပန္လည္ ထြက္ခြာသြားေၾကာင္း သိရွိရသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ စစ္ရဟတ္ယာဥ္ေပၚတြင္ လိုက္ပါေသာ တပ္မ ၄၄ တပ္မမႉး ဗိုလ္မႉးခ်ဳပ္ေအးမင္းေနာင္မွာ ဒဏ္ရာ အျပင္းအထန္ဒဏ္ရာရရွိထားၿပီး အျခားအဆင့္ ၅ ဦးမွာလည္း ဒဏ္ရာ ျပင္းထန္ေၾကာင္း သိရွိရသည္။

“ရဟတ္ယာဥ္ ၂ စီးလာတာကို ပြိဳင့္ဖိုက္ေတြေရာ ဒ႐ုန္းေတြေရာ ဒုံးေတြေရာနဲ႔ ၀ိုင္းပစ္ၾကတာ။ တစ္စီးက က်ည္ထိမွန္ၿပီး အခုထက္ထိ တပ္ဝင္းထဲမွာ မပ်ံနိုင္ေတာ့ဘူး ရပ္ထားတယ္။ တပ္မမႉးကေတာ့ ဒဏ္ရာ အေတာ္ျပင္းထန္တယ္။ ေသနိုင္ေလာက္တယ္။ အျခား အဆင့္ ၅ ဦးလည္းဒဏ္ရာရထားတယ္။ “ဟု KNLA သတင္းရင္းျမစ္က ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *