ဘလက်ဘောက်တောင် လာမဖြုတ်တော့ဘူး လင်ပျံကအသစ်ကြီးဆိုတော့ အတော်စိတ်နာ သွားပုံရတယ်😜

Flight recorder (Blackbox) လည်း လာမဖြုတ်တော့တဲ့ လပ်တီးအဖြစ်

လင်ပျံကအသစ်ကြီးဆိုတော့ အတော်စိတ်နာ သွားပုံရတယ်😜

အကြမ်းဖက်စစ်တပ်က FTC 2000 G တိုက်လေယာဉ် ၆ စီး ဝယ်ယူ ခဲ့ပြီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရောက်ရှိ ခဲ့ကြောင်း၊ တရုတ်နိုင်ငံလုပ်

FTC 2000 G တိုက် လေယာဉ် ၆ စီးသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သုတ်ခွဲ၍ နမ့်စန် လေတပ် စခန်း ဌာန ချုပ်သို့ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ယင်းလေယာဉ် များ ကို တရုတ် နိုင်ငံ၊ ယူနန်ပြည်နယ်၊ Xishuangbanna Gasa လေဆိပ်မှ နမ့်စန် လေတပ် စခန်းဌာနချုပ်ထံသို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက် နေ့အထိ တစ်ကြိမ်လျှင် လေယာဉ် ၃ စီးဖြင့်

တစ်အုပ်စုအဖြစ် အုပ်စုဖွဲ့၍ ၂ ကြိမ် လေယာဉ် ၆ စီး ပျံသန်း ရောက်ရှိ လာခဲ့ ခြင်း ဖြစ်ကြောင်း၊ တရုတ် လုပ် FTC 2000 G တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၈ သန်းခွဲဝန်းကျင် ကျသင့် ကြောင်း သိရှိရသည်။

KIA က ပစ်ချလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ပိုင် လေယာဥ်နှင့် ရဟတ်ယာဉ် ၄ စီးရှိနေပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် Mi17 ရဟတ်ယာဉ်၊ ၂၀၂၂ ခုနှစ်တွင် Mi35 ရဟတ်ယာဉ်၊ ၂၀၂၄ ခုနှစ်တွင် Mi17 ရဟတ်ယာဉ်နှင့် FTC2000G တိုက်လေ ယာဉ်တို့ဖြစ်ကြောင်း သိရှိရသည်။







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *