Ideas for wedding wishes

Wishing someone well on their wedding day is a thoughtful and heartfelt gesture. Here are a few ideas for wedding wishes:

Classic Congratulations:

“Congratulations on your wedding day! May your love for each other grow stronger with each passing day.”
Warm Wishes:

“Wishing you a lifetime filled with love, joy, and endless happiness. Congratulations on your special day!”
Simple and Sweet:

“May your marriage be filled with all the right ingredients: a heap of love, a dash of humor, a touch of romance, and a spoonful of understanding. Congratulations!”
Inspirational Message:

“As you start this new journey together, may your days be filled with laughter, love, and all the wonderful moments that marriage brings. Congratulations and best wishes for a beautiful future!”
Funny Twist:

“Marriage: when dating goes from ‘I like you’ to ‘I’ll tolerate you forever.’ Congratulations on entering the forever-tolerating phase!”
Poetic Expression:

“May your love story be as enchanting as a fairy tale, as timeless as a classic, and as enduring as the mountains. Congratulations on your wedding!”
Wishing Well for the Future:

“May the years ahead be filled with lasting joy, abundant love, and incredible adventures. Congratulations on the beginning of your happily ever after.”

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို ထိန်းချုပ်ပြီးဖြစ်ဟု PNLA ကြေညာ

▪︎ဆီဆိုင်မြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်တပ်စခန်းများ PNLA သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံများဖော်ပြ၊လက်နက်ခဲယမ်းများစွာရရှိ
▪︎စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ဘာသာ​ရေးအ​ဆောက်အအုံများလူ​နေအိမ်များ ပျက်စီး

ဆောင်းနေ/People’s Spring

ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပအိုဝ်းစော်ဘွားများခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွား ခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့သော သထုံႏပေႏ (ဆီဆိုင်)မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA မှ နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်လိုက်ပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း စတင်လွင့်ထူနိုင်ခဲ့ကြောင်း PNLAက ယနေ့ ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုး ထားပြီးစစ်ကောင်စီနှင့် ထိတွေ့ဆွေးနွေးမှု လုပ်ဆောင်ခဲ့သည့် PNLO/PNLAက စစ်ကောင်စီကို ခုခံ​တော်လှန်တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်း မြို့တစ်မြို့ကို သိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

PNLO/PNLA တပ်၏ ယာဉ်တန်းကို ဇန်နဝါရီ ၂၁ရက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ် PNOက ဟိုပုံးမြို့နယ် စံဖူးရွာ၌ ကြားဖြတ်တိုက်ခိုက်သည်မှ အစပြု၍ PNLAနှင့် မဟာမိတ်များက ဆီဆိုင်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲခဲ့ခြင်းဖြစ်ရာ ရက်ပိုင်းအတွင်း မြို့ကို သိမ်းနိုင်ခဲ့သည်။


ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့်ထွေအုပ်ရုံးများကို သိမ်းပိုက်ရရှိထားသည့် မှတ်တမ်းဓာတ်ပုံများကိုလည်း PNLAက ဖော်ပြခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုအိုးအိမ်ပျက်စီးမှု၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်မှု အခြေအနေကိုလည်း ဖော်ပြသည်။

ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ နေရာများ၌ ပအိုဝ်းအမျိုးသားအလံကိုင်ဆောင်ထားသည့် ပအိုဝ်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ထံမှသိမ်းဆည်းရရှိထားသည့် လက်နက်ခဲယမ်းများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေသည့် ပအိုဝ်းတပ်ဖွဲ့ဝင်များကို တွေ့ရသည်။
စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး လက်နက်ငယ် ရာချီ သိမ်းဆည်းရရှိခဲ့သည်ကိုလည်း ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

PNLA အနေဖြင့် ဇန်နဝါရီလ ၂၆ရက်နေ့တွင် စစ်ကောင်စီ ၏ ခလရ(၄၂၄) တပ်ရင်းကို သိမ်းပိုက်ထားကြောင်း ယမန်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။
ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ဟု PNLAက အသိပေးထားသည်။

ဆီဆိုင်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အကြိမ်ပေါင်းများစွာ အသုံးပြုခုခံနေသည့်ကြားမှ PNLAနှင့် မဟာမိတ်တပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၈ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်​ကောင်စီနှင့်လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်တို့သည် ဆီဆိုင်မြို့နှင့် ပအိုဝ်းကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ တစ်နေကုန်ပြုလုပ်ခဲ့၍

ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာဖြစ်သည့် ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ သထုံႏပေႏ(ဆီဆိုင်)မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက်အဦးအချို့နှင့် ဒေသခံပြည်သူလူထု၏ နေအိမ် အများအပြားပျက်စီးခဲ့ရသည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ တည်ငြိမ်နေသည့် ဆိုက်ခေါင်မြို့တွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီးများတပ်ဆင်ပြီး သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ပအိုဝ်းကျေးရွာများကို ပစ်ခတ်တိုက်ခတ်မှုပြုလုပ်ခဲ့၍ ဆိုက်ခေါင်မြို့ရှိ ပြည်သူအများအပြားသည်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

စကစမှ ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများအား အကာအကွယ်ယူပြီး ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများကို ပြန်လည်ပစ်ခတ်ဖျက်စီးခြင်းသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ကူးပြောင်းရပ်တည်ကြရန်လည်း ထပ်မံပြီး အထူးတိုက်တွန်းကြောင်းလည်း PNLAက ထုတ်ပြန်ခဲ့သည်။

PNLAနှင့်အတူ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပအိုဝ်းတပ်ဖွဲ့ PNDFလည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိဟု PNDF၏ နိုင်ငံရေးဦးဆောင်အဖွဲ့အစည်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ပြောရေးဆိုခွင့်ရှိသူ ကိုခွန်ဝါးက ယမန်နေ့တွင် ပြောကြားထားသည်။

“အခြေအနေကတော့ စစ်ပွဲဖြစ်နေဆဲ အခြေအနေတော့ ဖြစ်တယ်။ IDP တွေတော့ဆက်သွားနေတယ်။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့ လာပြီး ဗုံးကြဲနေဆဲပဲပေါ့” ဟု ကိုခွန်ဝါးက ယမန်နေ့ညပိုင်းတွင် ပအိုဝ်းဒေသ စစ်ရေးအခြေအနေကို ပြောသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *