ကရင်နီမှာတော့ ကြင်စိုးတို့ကုန်သလောက်ရှိပြီ

လွိုင်ကော်၊ ဒီးမော့ဆို၊ ရှားတော၊ ဘောလခဲ၊ မိုးဗြဲ၊ ဖယ်ခုံရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်၊ ရွာသစ်မြို့၊ မော်ချီးမြို့နှင့်မယ်စဲ့မြို့နယ်တို့ကို တော်လှန်ရေးတပ်များက အပြီးသတ်ထိန်းချုပ်ရရှိ

ဇန်နဝါရီ ၂၈

ကရင်နီပြည်၊ လွိုင်ကော်၊ ဒီမော့ဆို၊ ရှားတော၊ ဘောလခဲနှင့် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့်ဖယ်ခုံတို့ရှိ စစ်ကောင်စီတပ်စခန်း ၂၀ ထက်မနည်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီး ရွာသစ်မြို့၊ မော်ချီးမြို့နှင့် မယ်စဲ့မြို့နယ်တို့ကို အပြီးသတ် ထိန်းချုပ် ရရှိကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးက ပြောဆိုသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက (၁၁.၁၁) စစ်ဆင်ရေးဆင်နွဲခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့များရှိ စစ်ကောင်စီတပ်စခန်း(၂၀)အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လွိုင်ကော်အခြေစိုက် ဒကစ အား ဝိုင်းရံ ခြိန်းခြောက် တိုက်ခိုက် နိုင်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလအတွင်း ဖယ်ခုံမြို့အခြေစိုက် စကခ(၇) ၏ ကာကင်းစခန်းများဖြစ်သည့် လွယ်ပတ္တာ၊ကုန်းဆုံစသော ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် ဘောလခဲမြို့နယ်ရှိ ရွာသစ်မြို့နှင့်ဘောလခဲမြို့ အကြားရှိ ၁၂ မိုင်ကုန်း စစ်ကောင်စီ တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်၍ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ် နိုင်ခဲ့ကြောင်း၊

ထို့အတူရှားတောမြို့အတွင်းရှိ စစ်ကောင်စီကင်းစခန်းများ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီး မြို့လယ်ဘုရားကုန်းပေါ်တွင် ကျန်ရှိတပ်စွဲ နေသော လက်တစ်ဆုတ်စာ စစ်ကောင်စီတပ်သားများကို ရှင်း လင်း တိုက်ခိုက် လျက်ရှိကြောင်း သိရှိရသည်။

“မော်ချီးမှာကတော့ စစ်ကောင်စီတပ်တွေမရှိတော့ဘူးလို့ပြောလို့ရတာပေါ့နော်၊ မော်ချီးဒေသတစ်ခု လုံးစစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီ၊ ဒါပေမယ့် ဖားဆောင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ စခန်းကုန်းတွေ ရှိသေးတယ်၊ နောက်ပြီးတော့ မြို့ထဲမှာ အခြေစိုက်ထားတဲ့ ရင်းတွေကတော့ ရှိနေ တုန်းပါပဲဗျ၊ ရှားတော၊ ဒီးမော့ဆို၊ ဖယ်ခုံတို့ဘက်မှာလည်း အခြေစိုက်ရင်းတွေပဲ ကျန်ရှိပါတော့တယ်” KNDF ဗဟို သတင်းနှင့်ပြန်ကြား ရေးဌာနတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည် ရှိ မြို့နယ်အသီးသီးတွင် စစ်ရှိန်မြင့်တက်နေသည့်အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲများ ပြင်းထန်လျက်ရှိ ကြောင်း သိရှိရသည်။

အလားတူ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ အခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်များအားလုံးမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ၄င်းတို့၏ တပ်စွဲရာနေရာများ၊စခန်းများအားလုံးကို စွန့်ပစ် ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ ထို့ကြောင့် မော်ချီးဒေသ တစ်ခုလုံးကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ စစ်ဆင်ရေးဆင်နွဲ တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်းနှင့် မြို့အဝင်၊ အထွက်တို့ကို စိုးမိုးနိုင်ခဲ့ကြောင်း၊ ဖယ်ခုံနှင့်မိုးဗြဲမြို့တို့မှ စစ်ကောင်စီတပ်များမှာမြို့ကို ထိန်းချုပ် နိုင်စွမ်းမရှိတော့ဘဲ ၄င်းတို့၏ တပ်ရင်းထဲတွင်သာ ခိုအောင်းတပ်စွဲနိုင်ကြောင်း သိရှိရသည်။

လြိဳင္ေကာ္၊ ဒီးေမာ့ဆို၊ ရွားေတာ၊ ေဘာလခဲ၊ မိုးျဗဲ၊ ဖယ္ခုံရွိ စစ္ေကာင္စီတပ္စခန္းမ်ားကို တိုက္ခိုက္သိမ္းပိုက္၊ ရြာသစ္ၿမိဳ႕၊ ေမာ္ခ်ီးၿမိဳ႕ႏွင့္မယ္စဲ့ၿမိဳ႕နယ္တို႔ကို ေတာ္လွန္ေရးတပ္မ်ားက အၿပီးသတ္ထိန္းခ်ဳပ္ရရွိ

ဇန္နဝါရီ ၂၈

ကရင္နီျပည္၊ လြိဳင္ေကာ္၊ ဒီေမာ့ဆို၊ ရွားေတာ၊ ေဘာလခဲႏွင့္ ရွမ္းျပည္ေတာင္ပိုင္း မိုးျဗဲႏွင့္ဖယ္ခုံတို႔ရွိ စစ္ေကာင္စီတပ္စခန္း ၂၀ ထက္မနည္းကို ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္သိမ္းပိုက္ၿပီး ရြာသစ္ၿမိဳ႕၊ ေမာ္ခ်ီးၿမိဳ႕ႏွင့္ မယ္စဲ့ၿမိဳ႕နယ္တို႔ကို အၿပီးသတ္ ထိန္းခ်ဳပ္ ရရွိေၾကာင္း KNDF သတင္းႏွင့္ျပန္ၾကားေရးက ေျပာဆိုသည္။

၂၀၂၃ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ကရင္နီေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက (၁၁.၁၁) စစ္ဆင္ေရးဆင္ႏြဲခဲ့ၿပီး လြိဳင္ေကာ္၊ ဒီးေမာ့ဆိုႏွင့္ မိုးျဗဲၿမိဳ႕မ်ားရွိ စစ္ေကာင္စီတပ္စခန္း(၂၀)အား တိုက္ခိုက္သိမ္းပိုက္နိုင္ခဲ့ေၾကာင္း၊ လြိဳင္ေကာ္အေျခစိုက္ ဒကစ အား ဝိုင္းရံ ၿခိန္းေျခာက္ တိုက္ခိုက္ နိုင္ခဲ့ေၾကာင္း၊ ထို႔ျပင္ ၂၀၂၄ခုႏွစ္ ဇန္နဝါရီလအတြင္း ဖယ္ခုံၿမိဳ႕အေျခစိုက္ စကခ(၇) ၏ ကာကင္းစခန္းမ်ားျဖစ္သည့္ လြယ္ပတၱာ၊ကုန္းဆုံစေသာ ကာကင္းကုန္းစခန္းမ်ား အားလုံးကို တိုက္ခိုက္သိမ္းပိုက္နိုင္ခဲ့ေၾကာင္း သိရွိရသည္။

၂၀၂၄ခုႏွစ္ ဇန္နဝါရီလ တတိယအပတ္တြင္ ေဘာလခဲၿမိဳ႕နယ္ရွိ ရြာသစ္ၿမိဳ႕ႏွင့္ေဘာလခဲၿမိဳ႕ အၾကားရွိ ၁၂ မိုင္ကုန္း စစ္ေကာင္စီ တပ္စခန္းကို ကရင္နီေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက တိုက္ခိုက္၍ရွင္းလင္းေရးလုပ္ေဆာင္ေနၿပီး ရြာသစ္ၿမိဳ႕ကို ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားမွ ထိန္းခ်ဳပ္ နိုင္ခဲ့ေၾကာင္း၊

ထို႔အတူရွားေတာၿမိဳ႕အတြင္းရွိ စစ္ေကာင္စီကင္းစခန္းမ်ား အားလုံးကိုသိမ္းပိုက္နိုင္ခဲ့ၿပီး ၿမိဳ႕လယ္ဘုရားကုန္းေပၚတြင္ က်န္ရွိတပ္စြဲ ေနေသာ လက္တစ္ဆုတ္စာ စစ္ေကာင္စီတပ္သားမ်ားကို ရွင္း လင္း တိုက္ခိုက္ လ်က္ရွိေၾကာင္း သိရွိရသည္။

“ေမာ္ခ်ီးမွာကေတာ့ စစ္ေကာင္စီတပ္ေတြမရွိေတာ့ဘူးလို႔ေျပာလို႔ရတာေပါ့ေနာ္၊ ေမာ္ခ်ီးေဒသတစ္ခု လုံးစစ္ေကာင္စီတပ္ေတြ ဆုတ္ခြာသြားၿပီ၊ ဒါေပမယ့္ ဖားေဆာင္းၿမိဳ႕နယ္ထဲမွာေတာ့ စစ္ေကာင္စီရဲ့ စခန္းကုန္းေတြ ရွိေသးတယ္၊ ေနာက္ၿပီးေတာ့ ၿမိဳ႕ထဲမွာ အေျခစိုက္ထားတဲ့ ရင္းေတြကေတာ့ ရွိေန တုန္းပါပဲဗ်၊ ရွားေတာ၊ ဒီးေမာ့ဆို၊ ဖယ္ခုံတို႔ဘက္မွာလည္း အေျခစိုက္ရင္းေတြပဲ က်န္ရွိပါေတာ့တယ္” KNDF ဗဟို သတင္းႏွင့္ျပန္ၾကား ေရးဌာနတာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာၾကားသည္။

လက္ရွိတြင္ ကရင္နီျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္ကို ကရင္နီေတာ္လွန္ေရးတပ္ဖြဲ႕မ်ားမွ အၿပီးသတ္ သိမ္းပိုက္ ထိန္းခ်ဳပ္နိုင္ခဲ့ၿပီးေနာက္ ကရင္နီျပည္ ရွိ ၿမိဳ႕နယ္အသီးသီးတြင္ စစ္ရွိန္ျမင့္တက္ေနသည့္အျပင္ ရွမ္း-ကယားနယ္စပ္ ဆီဆိုင္ၿမိဳ႕နယ္အထိပါ တိုက္ပြဲမ်ား ျပင္းထန္လ်က္ရွိ ေၾကာင္း သိရွိရသည္။

အလားတူ ကရင္နီျပည္၊ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးေဒသ အေျခစိုက္ စစ္ေကာင္စီတပ္စခန္းမ်ား၊ စစ္ေဆးေရးဂိတ္မ်ား၊ စခန္းကုန္မ်ားအားလုံးမွ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက တိုက္ပြဲတစ္စုံတရာျဖစ္ပြားျခင္းမရွိဘဲ ၄င္းတို႔၏ တပ္စြဲရာေနရာမ်ား၊စခန္းမ်ားအားလုံးကို စြန႔္ပစ္ ဆုတ္ခြာထြက္ေျပး သြားခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ေမာ္ခ်ီးေဒသ တစ္ခုလုံးကို ကရင္နီေတာ္လွန္ေရးတပ္ဖြဲ႕မ်ားမွ ထိန္းခ်ဳပ္စိုးမိုးနိုင္ခဲ့ေၾကာင္း သိရွိရသည္။

ထို႔အတူ ရွမ္းျပည္နယ္ေတာင္ပိုင္းဖယ္ခုံၿမိဳ႕နယ္၊ မိုးျဗဲၿမိဳ႕ႏွင့္ ဖယ္ခုံၿမိဳ႕တို႔တြင္ ကရင္နီေတာ္လွန္ေရးတပ္ဖြဲ႕မ်ားမွ စစ္ဆင္ေရးဆင္ႏြဲ တိုက္ခိုက္ခဲ့ၿပီးေနာက္ ၿမိဳ႕တြင္းႏွင့္ ၿမိဳ႕အဝင္၊ အထြက္တို႔ကို စိုးမိုးနိုင္ခဲ့ေၾကာင္း၊ ဖယ္ခုံႏွင့္မိုးျဗဲၿမိဳ႕တို႔မွ စစ္ေကာင္စီတပ္မ်ားမွာၿမိဳ႕ကို ထိန္းခ်ဳပ္ နိုင္စြမ္းမရွိေတာ့ဘဲ ၄င္းတို႔၏ တပ္ရင္းထဲတြင္သာ ခိုေအာင္းတပ္စြဲနိုင္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *