လိုင်းပေါ်ကမဆင်းနဲ့ဦး သိမ်းလိုက်တဲ့ပစ္စည်းတွေ ပြန်သုံးရတော့မယ် ဂွတ်ရှယ်ကြီး😋

သိမ်းပိုက်ထားသော စခန်းကုန်းများနှင့် မြို့ရွာများသို့ NUGကာကွယ်ရေးဝန်ကြီးနှင့် KIA စစ်ဦးစီးချုပ် သွားရောက်စစ်ဆေး

-People’s Spring

သိမ်းပိုက်ထားသော ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းရှိ စခန်းကုန်းများသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်(အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း(R Hkawng Lum)တို့ သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့သည်။

သိမ်းပိုက်ရရှိသော စခန်းကုန်းများ၊ မြို့ရွာများနှင့် စစ်လက်နက်ပစ္စည်းများကို ခရီးစဉ်အတွင်း စစ်ဆေးခဲ့ပြီး ဖမ်းဆည်းရမိသော စစ်သုံ့ပန်းများ၊ ပြည်သူ့ရင်ခွင်ခိုလှုံထားသူများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

ထို့အပြင် သိမ်းပိုက်ရရှိသော စစ်လက်နက် ပစ္စည်းများအား ပြည်သူ့တော်လှန်ရေးရဲဘော်များအား တပ်ဆင်သွားမည်ဖြစ်ဟုလည်း အသိပေးထားသည်။

ကချင်ပြည်နယ် မံစီမြို့နယ် မန်ဝိန်းကြီးစစ် ကောင်စီတပ်စခန်းအား ဇန်နဝါရီ ၂၁ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးလက်နက်ချခဲ့သည်။

သိမ္းပိုက္ထားေသာ စခန္းကုန္းမ်ားႏွင့္ ၿမိဳ႕ရြာမ်ားသို႔ NUGကာကြယ္ေရးဝန္ႀကီးႏွင့္ KIA စစ္ဦးစီးခ်ဳပ္ သြားေရာက္စစ္ေဆး

-People’s Spring

သိမ္းပိုက္ထားေသာ ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္၊ မန္ဝိန္းႀကီးနယ္ေျမအတြင္းရွိ စခန္းကုန္းမ်ားသို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)၊ ကာကြယ္ေရးဝန္ႀကီးဌာန၊

ျပည္ေထာင္စုဝန္ႀကီး ဦးရည္မြန္ႏွင့္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA) စစ္ဦးစီးခ်ဳပ္(အမွတ္ ၁ စစ္ေဒသမႉး) ဒုဗိုလ္ခ်ဳပ္ႀကီးေခါင္လြန္း(R Hkawng Lum)တို႔ သြားေရာက္စစ္ေဆးၾကည့္ရႈ႔ခဲ့သည္။

သိမ္းပိုက္ရရွိေသာ စခန္းကုန္းမ်ား၊ ၿမိဳ႕ရြာမ်ားႏွင့္ စစ္လက္နက္ပစၥည္းမ်ားကို ခရီးစဥ္အတြင္း စစ္ေဆးခဲ့ၿပီး ဖမ္းဆည္းရမိေသာ စစ္သုံ႔ပန္းမ်ား၊ ျပည္သူ႔ရင္ခြင္ခိုလႈံထားသူမ်ားႏွင့္လည္း ေတြ႕ဆုံခဲ့သည္ဟု NUG ကာကြယ္ေရးဝန္ႀကီးဌာနက အသိေပးထားသည္။

ထို႔အျပင္ သိမ္းပိုက္ရရွိေသာ စစ္လက္နက္ ပစၥည္းမ်ားအား ျပည္သူ႔ေတာ္လွန္ေရးရဲေဘာ္မ်ားအား တပ္ဆင္သြားမည္ျဖစ္ဟုလည္း အသိေပးထားသည္။

ကခ်င္ျပည္နယ္ မံစီၿမိဳ႕နယ္ မန္ဝိန္းႀကီးစစ္ ေကာင္စီတပ္စခန္းအား ဇန္နဝါရီ ၂၁ရက္တြင္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)က တိုက္ခိုက္သိမ္းပိုက္ရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀၀ နီးပါးလက္နက္ခ်ခဲ့သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *