10 Billboard Hot Songs

10 Billboard Hot Songs

1 Yes, And? Ariana Grande

2 Lovin On Me Jack Harlow

3 Cruel Summer Taylor Swift

4 Greedy Tate McRae

5 Redrum 21 Savage

6 I Remember Everything Zach Bryan Featuring Kacey Musgraves

7 Paint The Town Red Doja Cat

8 Lose Control Teddy Swims

9 Snooze SZA

10 Nee-nah 21 Savage, Travis Scott & Metro Boomin

စစ်ကောင်စီကိုတိုက်မယ်လို့ အပစ်ရပ် ပအိုဝ်းတပ်တရားဝင် ကြေညာ

People’s Spring

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဟာ ဘဝတူညီနောင်မဟာမိတ်တွေနဲ့ အတူ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်တဲ့အထိ ဆင်နွှဲသွားမယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသ ဆီဆိုင်မြို့ မှာ စစ်ကောင်စီတပ်နဲ့ PNLO လက်အောက်ခံ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေဖြစ်ပြီး ရက်ပိုင်းအကြာမှာပဲ စစ်ကောင်စီကို ပြန်တိုက်တော့မယ်လို့ PNLO က တရားဝင် ကြေညာလာတာပါ။

စစ်တပ်နဲ့ PNLO/PNLA ကြား တင်းမာမှုဟာ အခုနှစ် ဇန်နဝါရီလ ၂၀ ရက်က စတင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်က ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ စံဖူးရွာအနီးမှာ PNLO/PNLAရဲ့ လက်နက်ယာဉ်တန်းကို ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးရာကနေ နှစ်ဖက်ကြား တင်းမာလာပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

စံဖူးကျေးရွာဖြစ်စဉ်မှာ စစ်မီးမကူးဆက်ဖို့ စစ်ကောင်စီနဲ့ အတတ်နိုင်ဆုံးညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ဘူးလို့ PNLO/PNLAက ဆိုပါတယ်။
အဲဒီနောက် ၂ ရက်အကြာ ဇန်နဝါရီလ ၂၂ ရက်မှာ

ဆီဆိုင်မြို့ရဲ့ အရှေ့တောင်ဖက်မှာရှိတဲ့ PNLO/PNLA ဌာနချုပ် က နော်ထော်ရွာကို တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲခံရပြီးနောက် ဆီဆိုင်မြို့ပေါ်ထိပါ တိုက်ပွဲကူးစက်သွားတာလို့ PNLO/PNLA ရှင်းပါတယ်။

PNLO/PNLA ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင်တော်လှန်မှုတွေ မပါဝင်ဘဲ အပစ်ရပ်စာချုပ် NCA ကိုလိုက်နာခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်တပ်သြဇာညောင်းတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွေမှာ ၈ နှစ်တိုင်တိုင် ပါဝင်ခဲ့ပေမယ့် အာမခံချက်ရှိတဲ့ နိုင်ငံရေးရလဒ်မရခဲ့ဘူးလို့ PNLO/PNLA က ဖွင့်ပြောပါတယ်။

ဒါကြောင့်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လူထုတစ်ရပ်လုံးတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ ဘဝတူညီနောင်မဟာမိတ်တွေနဲ့ ဆင်နွှဲတော့မယ်လို့ PNLO/PNLA က ကြေညာပါတယ်။

တဆက်တည်းမှာပဲစစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်တွေကို ဘက်ပြောင်းဖို့ ကြေညာချက်ထဲမှာဖိတ်ခေါ်ထားပါသေးတယ်။

PNLO/PNLA ဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီတပ်နဲ့တိုက်ခိုက်နေတဲ့ PNLO/PNLA အင်အားဟာ ၄၀၀အထက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

လက်ရှိ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဆီဆိုင်မြို့ဟာ စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်တောင်ပိုင်းက ဟိုပုန်းမြို့ ၊ ပင်လောင်း မြို့တို့နဲ့အတူပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာပါပါတယ်။

တိုက်ပွဲတွေဟာ ဟိုပုန်းမြို့ဘက်ဆီပါ ကူးစက်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဟိုပုန်းကတော့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တော် တောင်ကြီးမြို့နဲ့ ၁၃ မိုင်ဝန်းကျင်သာဝေးတဲ့ဒေသဖြစ်ပါတယ်

စစ္ေကာင္စီကိုတိုက္မယ္လို႔ အပစ္ရပ္ ပအိုဝ္းတပ္တရားဝင္ ေၾကညာ

People’s Spring

အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) ဟာ ဘဝတူညီေနာင္မဟာမိတ္ေတြနဲ႔ အတူ ဖက္ဒရယ္ဒီမိုကေရစီစနစ္ေဖာ္ေဆာင္နိုင္တဲ့အထိ ဆင္ႏႊဲသြားမယ္လို႔ တရားဝင္ေၾကညာလိုက္ပါတယ္။

ရွမ္းျပည္ေတာင္ပိုင္း ပအိုဝ္းေဒသ ဆီဆိုင္ၿမိဳ႕ မွာ စစ္ေကာင္စီတပ္နဲ႔ PNLO လက္ေအာက္ခံ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (PNLA) တို႔ တိုက္ပြဲေတြျဖစ္ၿပီး ရက္ပိုင္းအၾကာမွာပဲ စစ္ေကာင္စီကို ျပန္တိုက္ေတာ့မယ္လို႔ PNLO က တရားဝင္ ေၾကညာလာတာပါ။

စစ္တပ္နဲ႔ PNLO/PNLA ၾကား တင္းမာမႈဟာ အခုႏွစ္ ဇန္နဝါရီလ ၂၀ ရက္က စတင္ခဲ့ပါတယ္။

ဇန္နဝါရီလ ၂၀ ရက္က ရွမ္းျပည္ေတာင္ပိုင္း ဟိုပုံးၿမိဳ႕၊ စံဖူးရြာအနီးမွာ PNLO/PNLAရဲ့ လက္နက္ယာဥ္တန္းကို ပအိုဝ္းျပည္သူ႔စစ္နဲ႔ စစ္ေကာင္စီတပ္က ဖမ္းဆီးရာကေန ႏွစ္ဖက္ၾကား တင္းမာလာၿပီး တိုက္ပြဲေတြျဖစ္ခဲ့တာပါ။

စံဖူးေက်းရြာျဖစ္စဥ္မွာ စစ္မီးမကူးဆက္ဖို႔ စစ္ေကာင္စီနဲ႔ အတတ္နိုင္ဆုံးညႇိႏွိုင္းခဲ့ေပမယ့္ ေအာင္ျမင္မႈ မရခဲ့ဘူးလို႔ PNLO/PNLAက ဆိုပါတယ္။

အဲဒီေနာက္ ၂ ရက္အၾကာ ဇန္နဝါရီလ ၂၂ ရက္မွာ

ဆီဆိုင္ၿမိဳ႕ရဲ့ အေရွ႕ေတာင္ဖက္မွာရွိတဲ့ PNLO/PNLA ဌာနခ်ဳပ္ က ေနာ္ေထာ္ရြာကို တိုက္ပြဲမျဖစ္ဘဲ ဗုံးၾကဲခံရၿပီးေနာက္ ဆီဆိုင္ၿမိဳ႕ေပၚထိပါ တိုက္ပြဲကူးစက္သြားတာလို႔ PNLO/PNLA ရွင္းပါတယ္။

PNLO/PNLA ဟာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ လက္နက္စြဲကိုင္ေတာ္လွန္မႈေတြ မပါဝင္ဘဲ အပစ္ရပ္စာခ်ဳပ္ NCA ကိုလိုက္နာခဲ့တယ္လို႔ ေျပာဆိုထားပါတယ္။

စစ္တပ္ၾသဇာေညာင္းတဲ့ ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြးေႏြးပြဲေတြမွာ ၈ ႏွစ္တိုင္တိုင္ ပါဝင္ခဲ့ေပမယ့္ အာမခံခ်က္ရွိတဲ့ နိုင္ငံေရးရလဒ္မရခဲ့ဘူးလို႔ PNLO/PNLA က ဖြင့္ေျပာပါတယ္။

ဒါေၾကာင့္စစ္အာဏာရွင္စနစ္ခ်ဳပ္ၿငိမ္းၿပီး လူထုတစ္ရပ္လုံးေတာင့္တတဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ ေဖာ္ေဆာင္နိုင္ဖို႔ ဘဝတူညီေနာင္မဟာမိတ္ေတြနဲ႔ ဆင္ႏႊဲေတာ့မယ္လို႔ PNLO/PNLA က ေၾကညာပါတယ္။

တဆက္တည္းမွာပဲစစ္ေကာင္စီ လက္ေအာက္ခံ ပအိုဝ္းျပည္သူ႔စစ္ေတြကို ဘက္ေျပာင္းဖို႔ ေၾကညာခ်က္ထဲမွာဖိတ္ေခၚထားပါေသးတယ္။

PNLO/PNLA ဟာ ၂၀၁၅ ခုႏွစ္ ဦးသိန္းစိန္အစိုးရ လက္ထက္မွာ အပစ္ရပ္ လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕လည္းျဖစ္ပါတယ္။

စစ္ေရးအကဲခတ္ေတြကေတာ့ စစ္ေကာင္စီတပ္နဲ႔တိုက္ခိုက္ေနတဲ့ PNLO/PNLA အင္အားဟာ ၄၀၀အထက္ ရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

လက္ရွိ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ဆီဆိုင္ၿမိဳ႕ဟာ စစ္တပ္က စိတ္ႀကိဳက္ေရးဆြဲထားတဲ့ ၂၀၀၈ အေျခခံဥပေဒအရ ရွမ္းျပည္ေတာင္ပိုင္းက ဟိုပုန္းၿမိဳ႕ ၊ ပင္ေလာင္း ၿမိဳ႕တို႔နဲ႔အတူပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသထဲမွာပါပါတယ္။

တိုက္ပြဲေတြဟာ ဟိုပုန္းၿမိဳ႕ဘက္ဆီပါ ကူးစက္နိုင္တယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

ဟိုပုန္းကေတာ့ စစ္ေကာင္စီရဲ့ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံးစိုက္ရာ ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕နဲ႔ ၁၃ မိုင္ဝန္းက်င္သာေဝးတဲ့ေဒသျဖစ္ပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *