How to check battery percentage?

The method to check your device’s battery percentage depends on the type of device you are using. Here are some common platforms and their respective ways to check battery percentage:

Smartphones and Tablets (iOS):

On iPhones and iPads, you can check the battery percentage by swiping down from the top-right corner of the screen to open the Control Center. The battery percentage is usually displayed at the top right.
Smartphones and Tablets (Android):

On Android devices, the process can vary slightly depending on the manufacturer and the version of the operating system. However, you can generally check the battery percentage by swiping down from the top of the screen to open the notification panel. The battery percentage is often displayed there.
Windows Laptop or Tablet:

On Windows laptops or tablets, you can check the battery percentage by clicking on the battery icon in the system tray (bottom-right corner of the screen). This will show you the remaining battery percentage.
MacBook:

On MacBook laptops, you can check the battery percentage by clicking on the battery icon in the menu bar at the top-right corner of the screen. The percentage is usually displayed there.

ဆီဆိုင်အခြေစိုက် ခလရ(၄၂၄) တပ်ရင်းကို PNLA သိမ်းပိုက်

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ စစ်အာဏာရှင်၏ အသုံးချခံဘ၀မှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်PNLO/PNLAတိုက်တွန်း

ဆောင်းနေ၊​ဇော်​ရမ်းခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အခြေစိုက်​ခြေလျင်တပ်ရင်း- ခလရ(၄၂၄)တပ်ရင်းကို ယမန်နေ့ ဇန်နဝါရီ ၂၆ရက်တွင်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ကယနေ့ ထုတ်ပြန်သည်။

PNLAနှင့် စစ်ကောင်စီတို့သည် ဇန်နဝါရီ ၂၆ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခလရ ၄၂၄ တပ်ရင်းကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသိမ်းပိုက်မှုအတွင်း လက်နက် ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ယမန်နေ့ နေ့လည်ပိုင်း၌ နေဝင်းထွန်းဦးဆောင်သည့် စကစနှင့် စစ်ကောင်စီလက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ပူးပေါင်းအင်အား ၁၅၀ ခန့်နှင့်လည်း ဆီဆိုင်မြို့နယ် လွယ်ထွဲရွာအနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု အသိပေးသည်။

PNLA အနေဖြင့် ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း မပြုသော်လည်း PNO ပြည်သူ့စစ်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်မောင်းထုတ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာ၌ ပြည်သူ့စစ်အလောင်း ၁လောင်းနှင့် လက်နက် ၁လက်ကျန်ခဲ့သည်ဟု အသိ​ပေးထားသည်။

ပအိုဝ်းအချင်းချင်း တိုက်ခိုက်ခြင်း ပြုမည်မဟုတ်ကြောင်း၊ ထို့ကြောင့် PNLA တပ်ရှိရာနေရာသို့ မလာရန်နှင့် စစ်ကောင်စီနှင့် ရောနှောသွားလာခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးညှိနှိုင်းသော်လည်း နေဝင်းထွန်းဦးဆောင်သည့်တပ်က ညှိနှိုင်းမှုကိုလက်မခံဘဲ လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်မောင်းထုတ်ရခြင်းဖြစ်ကြောင်း အသိပေးသည်။

​နေဝင်းထွန်းမှာ ​ခေတ်အဆက်ဆက် စစ်တပ်နှင့်နီးစပ်​သော ပတ္တမြားနဂါးကုမ္ပဏီပိုင်ဆိုင်​သော ခရိုနီ ​လုပ်ငန်းရှင်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဦး​အောင်ခမ်းထီး၏ PNO/PNA ပြည်သူ့စစ်အဖွဲ့တွင် ဦး​ဆောင်​နေသူတစ်ဦးဖြစ်သည်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းရပ်တည်ကြရန်လည်း အထူးတိုက်တွန်းကြောင်း PNLAက ထုတ်ပြန်သည်။
ယမန်နေ့တွင် စစ်ကောင်စီဘက်က ဆီဆိုင်မြို့နှင့် ကျေးရွာများကို တစ်နေကုန် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာ ၊ Y12 လေယာဉ်များဖြင့် တနေကုန် ဗုံးကျဲတိုက်ခိုက်ခြင်း ပြုလုပ်ခဲ့၍ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ပျက်စီးထိခိုက်မှု ရှိခဲ့ကြောင်းဖော်ပြထားသည်။

PNLO/PNLA သည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တပ်ဖြစ်သော်လည်း ဇန်နဝါရီ ၂၁ရက်က ဟိုပုံးမြို့နယ် စံဖူးကျေးရွာ၌ PNLA ယာဉ်တန်းကို စစ်ကောင်စီနှင့် PNO တပ်က ဟန့်တား၍ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်မီး မကူးဆက်စေရန် စစ်ကောင်စီနှင့် အတက်နိုင်ဆုံး ညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ဘဲ ဇန်နဝါရီ ၂၂ရက် ညတွင် စစ်ကောင်စီတပ်သသည် PNLO ဌာနချုပ် အဝန်းအဝိုင်းရှိ နောင်ထောဝ်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဆီဆိုင်မြို့ပေါ်အထိ တိုက်ပွဲများ ကူးစက်သွားခြင်းဖြစ်ကြောင်း PNLOကအသိပေးထားသည်။

ထို​နောင်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဇန်နဝါရီလ ၂၄ ရက် ညနေမှစတင်၍ PNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး

PNLAနှင့် မဟာမိတ်ပူး​ပေါင်းတပ်ဖွဲ့များက ရဲစခန်းကို ကနဦးသိမ်းပိုက်နိုင်ခဲ့သည်။ ထို​နောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီးဇန်နဝါရီ ၂၆ရက်တွင် စစ်​ကောင်စီတပ်၏ ခလရ ၄၂၄ တပ်ရင်းကိုပါ PNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

PNLO/PNLA အနေဖြင့် NCA သဘောတူညီချက်အတိုင်း ရပ်တည်ခဲ့သည်မှာ တိုက်ပွဲမဖြစ်ခင်ကာလအထိဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ်သည့် စစ်ရေးပဋိပက္ခသည် လူမျိုးရေး ပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို လတ်ပတ်စေသူ လူတစ်စုနှင့် အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများ၊

တစ်ပြည်လုံးရှိ ပြည်သူလူထုတို့အကြား ဖြစ်ပွားသော ပဋိပက္ခသာ ဖြစ်ကြောင်း PNLOက ထုတ်ပြန်သည်။ထို့ပြင် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘ၀တူ ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်ကြောင်း အသိပေး​ကြေညာထားခဲသည်။

လတ်တစ်လောတိုက်ပွဲများကြောင့် ဆီဆိုင်မြို့ခံများသည် တောင်ကြီးမြို့အပါအဝင် အခြားမြို့နယ်များသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်။

” ဆီဆိုင်က‌နေ ထွက်‌ပြေးလာသူတွေကို တခြားမြို့တွေက ကူညီဖို့မေတ္တာရပ်ခံချင်ပါတယ်။ စစ်တပ်က ပိတ်ဆို့ကန့်သတ်ထားလို့ အရမ်းဒုက္ခရောက်နေကြတယ်။ ရသလို ကူညီကြဖို့လိုပါတယ်” ဟု စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးကပြောသည်။
ဆီဆိုင္အေျခစိုက္ ခလရ(၄၂၄) တပ္ရင္းကို PNLA သိမ္းပိုက္

ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ား စစ္အာဏာရွင္၏ အသုံးခ်ခံဘ၀မွ အမ်ိဳးသားလြတ္ေျမာက္ေရးလမ္းေၾကာင္းေပၚသို႔ ကူးေျပာင္းရပ္တည္ၾကရန္PNLO/PNLAတိုက္တြန္း

ေဆာင္းေန၊​ေဇာ္​ရမ္းေခါင္/People’s Spring

ရွမ္းျပည္နယ္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္ အေျခစိုက္​ေျခလ်င္တပ္ရင္း- ခလရ(၄၂၄)တပ္ရင္းကို ယမန္ေန႔ ဇန္နဝါရီ ၂၆ရက္တြင္သိမ္းပိုက္နိုင္ခဲ့ေၾကာင္း ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(PNLA) ကယေန႔ ထုတ္ျပန္သည္။

PNLAႏွင့္ စစ္ေကာင္စီတို႔သည္ ဇန္နဝါရီ ၂၆ရက္တြင္ တိုက္ပြဲျဖစ္ပြားခဲ့ရာ ခလရ ၄၂၄ တပ္ရင္းကို သိမ္းပိုက္ခဲ့ျခင္းျဖစ္ၿပီး ယင္းသိမ္းပိုက္မႈအတြင္း လက္နက္ ခဲယမ္းမ်ားကိုပါ သိမ္းဆည္းရမိခဲ့ေၾကာင္း ေဖာ္ျပသည္။

ထို႔အျပင္ ယမန္ေန႔ ေန႔လည္ပိုင္း၌ ေနဝင္းထြန္းဦးေဆာင္သည့္ စကစႏွင့္ စစ္ေကာင္စီလက္ေအာက္ခံ PNO အသြင္ေျပာင္း ျပည္သူ႔စစ္ပူးေပါင္းအင္အား ၁၅၀ ခန႔္ႏွင့္လည္း ဆီဆိုင္ၿမိဳ႕နယ္ လြယ္ထြဲရြာအနီး တိုက္ပြဲျဖစ္ခဲ့သည္ဟု အသိေပးသည္။

PNLA အေနျဖင့္ ပအိုဝ္းအခ်င္းခ်င္း တိုက္ခိုက္ျခင္း မျပဳေသာ္လည္း PNO ျပည္သူ႔စစ္အဖြဲ႕က လာေရာက္တိုက္ခိုက္ခဲ့၍ ျပန္လည္ေမာင္းထုတ္ခဲ့ျခင္းျဖစ္ၿပီး အခင္းျဖစ္ရာ၌ ျပည္သူ႔စစ္အေလာင္း ၁ေလာင္းႏွင့္ လက္နက္ ၁လက္က်န္ခဲ့သည္ဟု အသိ​ေပးထားသည္။

ပအိုဝ္းအခ်င္းခ်င္း တိုက္ခိုက္ျခင္း ျပဳမည္မဟုတ္ေၾကာင္း၊ ထို႔ေၾကာင့္ PNLA တပ္ရွိရာေနရာသို႔ မလာရန္ႏွင့္ စစ္ေကာင္စီႏွင့္ ေရာေႏွာသြားလာျခင္းမျပဳရန္ အႀကိမ္ႀကိမ္ သတိေပးညႇိႏွိုင္းေသာ္လည္း ေနဝင္းထြန္းဦးေဆာင္သည့္တပ္က ညႇိႏွိုင္းမႈကိုလက္မခံဘဲ လာေရာက္တိုက္ခိုက္ခဲ့၍ ျပန္လည္ေမာင္းထုတ္ရျခင္းျဖစ္ေၾကာင္း အသိေပးသည္။
​ေနဝင္းထြန္းမွာ ​ေခတ္အဆက္ဆက္ စစ္တပ္ႏွင့္နီးစပ္​ေသာ ပတၱျမားနဂါးကုမၸဏီပိုင္ဆိုင္​ေသာ ခရိုနီ ​လုပ္ငန္းရွင္ျဖစ္ၿပီး စစ္တပ္အာဏာသိမ္းၿပီး​ေနာက္ပိုင္း ဦး​ေအာင္ခမ္းထီး၏ PNO/PNA ျပည္သူ႔စစ္အဖြဲ႕တြင္ ဦး​ေဆာင္​ေနသူတစ္ဦးျဖစ္သည္။
ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ စစ္အာဏာရွင္ယႏၲရားကို လည္ပတ္ေစသည့္ အသုံးခ်ခံဘဝမွ အမ်ိဳးသားလြတ္ေျမာက္ေရးလမ္းေၾကာင္းေပၚသို႔ ကူးေျပာင္းရပ္တည္ၾကရန္လည္း အထူးတိုက္တြန္းေၾကာင္း PNLAက ထုတ္ျပန္သည္။
ယမန္ေန႔တြင္ စစ္ေကာင္စီဘက္က ဆီဆိုင္ၿမိဳ႕ႏွင့္ ေက်းရြာမ်ားကို တစ္ေနကုန္ လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ျခင္း၊ ဂ်က္ဖိုက္တာ ၊ Y12 ေလယာဥ္မ်ားျဖင့္ တေနကုန္ ဗုံးက်ဲတိုက္ခိုက္ျခင္း ျပဳလုပ္ခဲ့၍ ျပည္သူလူထု အသက္အိုးအိမ္ စည္းစိမ္ပ်က္စီးထိခိုက္မႈ ရွိခဲ့ေၾကာင္းေဖာ္ျပထားသည္။

PNLO/PNLA သည္ တစ္နိုင္ငံလုံး အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားသည့္ တပ္ျဖစ္ေသာ္လည္း ဇန္နဝါရီ ၂၁ရက္က ဟိုပုံးၿမိဳ႕နယ္ စံဖူးေက်းရြာ၌ PNLA ယာဥ္တန္းကို စစ္ေကာင္စီႏွင့္ PNO တပ္က ဟန႔္တား၍ တိုက္ပြဲစတင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ စစ္မီး မကူးဆက္ေစရန္ စစ္ေကာင္စီႏွင့္ အတက္နိုင္ဆုံး ညႇိႏွိုင္းခဲ့ေသာ္လည္း ေအာင္ျမင္မႈမရခဲ့ဘဲ ဇန္နဝါရီ ၂၂ရက္ ညတြင္ စစ္ေကာင္စီတပ္သသည္ PNLO ဌာနခ်ဳပ္ အဝန္းအဝိုင္းရွိ ေနာင္ေထာဝ္ေက်းရြာ၌ တိုက္ပြဲျဖစ္ပြားျခင္းမရွိဘဲ ဗုံးၾကဲတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ဆီဆိုင္ၿမိဳ႕ေပၚအထိ တိုက္ပြဲမ်ား ကူးစက္သြားျခင္းျဖစ္ေၾကာင္း PNLOကအသိေပးထားသည္။

ထို​ေနာင္ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဆီဆိုင္ၿမိဳ႕တြင္ ဇန္နဝါရီလ ၂၄ ရက္ ညေနမွစတင္၍ PNLAႏွင့္ PDF ပူးေပါင္းတပ္ဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တိုက္ပြဲျဖစ္ပြားခဲ့ၿပီး

PNLAႏွင့္ မဟာမိတ္ပူး​ေပါင္းတပ္ဖြဲ႕မ်ားက ရဲစခန္းကို ကနဦးသိမ္းပိုက္နိုင္ခဲ့သည္။ ထို​ေနာက္ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားၿပီးဇန္နဝါရီ ၂၆ရက္တြင္ စစ္​ေကာင္စီတပ္၏ ခလရ ၄၂၄ တပ္ရင္းကိုပါ PNLAက သိမ္းပိုက္ခဲ့ျခင္းျဖစ္သည္။

PNLO/PNLA အေနျဖင့္ NCA သေဘာတူညီခ်က္အတိုင္း ရပ္တည္ခဲ့သည္မွာ တိုက္ပြဲမျဖစ္ခင္ကာလအထိျဖစ္ေၾကာင္း၊ ယခု ျဖစ္ေပၚသည့္ စစ္ေရးပဋိပကၡသည္ လူမ်ိဳးေရး ပဋိပကၡမဟုတ္ဘဲ စစ္အာဏာရွင္ ယႏၲရားကို လတ္ပတ္ေစသူ လူတစ္စုႏွင့္ အဖိႏွိပ္ခံ တိုင္းရင္းသားလူမ်ိဳးမ်ား၊

တစ္ျပည္လုံးရွိ ျပည္သူလူထုတို႔အၾကား ျဖစ္ပြားေသာ ပဋိပကၡသာ ျဖစ္ေၾကာင္း PNLOက ထုတ္ျပန္သည္။ထို႔ျပင္ အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းၿပီး ျပည္သူလူထု တစ္ရပ္လုံး လိုလားလ်က္ရွိသည့္ ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို ေဖာ္ေဆာင္နိုင္သည္အထိ ဘ၀တူ ညီေနာင္မဟာမိတ္မ်ားႏွင့္အတူ ဆင္ႏႊဲသြားမည္ျဖစ္ေၾကာင္း အသိေပး​ေၾကညာထားခဲသည္။

လတ္တစ္ေလာတိုက္ပြဲမ်ားေၾကာင့္ ဆီဆိုင္ၿမိဳ႕ခံမ်ားသည္ ေတာင္ႀကီးၿမိဳ႕အပါအဝင္ အျခားၿမိဳ႕နယ္မ်ားသို႔ထြက္ေျပးတိမ္းေရွာင္ ေနၾကရသည္။
” ဆီဆိုင္က‌ေန ထြက္‌ေျပးလာသူေတြကို တျခားၿမိဳ႕ေတြက ကူညီဖို႔ေမတၱာရပ္ခံခ်င္ပါတယ္။ စစ္တပ္က ပိတ္ဆို႔ကန္႔သတ္ထားလို႔ အရမ္းဒုကၡေရာက္ေနၾကတယ္။ ရသလို ကူညီၾကဖို႔လိုပါတယ္” ဟု စစ္ေဘးေရွာင္မ်ားအားကူညီေနသူတစ္ဦးကေျပာသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *