On laptops, how do take screenshots?

Taking a screenshot on a laptop can vary slightly depending on the operating system it’s running. Here are the general methods for the two most common operating systems, Windows and macOS:

Windows:

Entire Screen:

Press the “PrtScn” (Print Screen) key on your keyboard. This captures the entire screen.

To save the screenshot, open an image editor (like Microsoft Paint), paste the screenshot (Ctrl + V), and save the image.

Active Window:

To capture only the active window, press “Alt + PrtScn” together.

Open an image editor and paste the screenshot (Ctrl + V), then save it.

Windows Snipping Tool or Snip & Sketch (Windows 10 and later):

Search for “Snipping Tool” or “Snip & Sketch” in the Start menu.

Open the tool, select the type of snip you want (rectangular, free-form, window, or full-screen), and then capture the screenshot.

Windows Snip & Sketch (Windows 10 and later):

Press “Windows + Shift + S” to open Snip & Sketch.

Select the area you want to capture, and the screenshot is copied to the clipboard. You can then paste it into an image editor.

မိုးမိတ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် ၅၀ ဦးထက်မနည်းသေဆုံး

နန်းနောင့်နောင့်/People’s Spring

မိုးမိတ်တိုက်ပွဲတွင်စစ်ကောင်စီတပ် ဘက်မှအရာရှိအချို့အ ပါအဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကောင်စီ၏လေ
ကြောင်းမှဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သား ၁၅ ဦးသေ ဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊မိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF၊ PDFများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ဇန်နဝါရီလ ဇန်နဝါရီလ ၁၈ရက်နံနက်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲထဲမှာစစ်တပ်ဘက်ကသေတာ ၅၀ မကဘူး။ အ လောင်း ၄၀ ကျော်ကို ကျတော့် မျက်စိနဲ့ မြင်ခဲ့ရတာ” ဟု
မိုးမိတ်မြို့ဒေသခံတစ်ဦးကပြောသည်။

သေဆုံးခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် မိုးမိတ်မြို့မှ ခလရ(၂၇၆) တပ်ရင်းမှူး ဗိုလ်မှူးထူးသက်ပိုင်လည်း ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။ ဗိုလ်မှူးထူးသက်ပိုင်၏ နာရေးကို ဇန်နဝါရီလ ၂၄ ရက်တွင် ၎င်း၏ ဇာတိဖြစ်သော ရှမ်း ပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယာဉ်မြို့နေအိမ်၌ ပြုလုပ်ခဲ့သည်။

တိုက်ပွဲအတွင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့​ကြောင်းလည်းသိရသည်။

ထိုအပြင်ဒေသခံ ၁၅ဦးသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်ဟု ​ဒေသခံအချို့က​ပြောသည်။

“ဇန်နဝါရီလ ၁၈ရက်ညနေ ၃နာရီလောက်က စစ်ရှောင်ဖို့ မိသားစုလိုက် လိုက်လာတဲ့ကား လေယာဉ်ဗုံးကျပြီး အကုန်သေဆုံးခဲ့တယ်။ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းတွေကိုလည်း လေကြောင်းကနေပစ်တယ်။ အရပ်သားသေဆုံးမှုက ၁၅ဦး မကဘူး ရှိခဲ့တယ်”ဟုဒေသခံတဦးကပြောသည်။

တိုက်ပွဲအတွင်းစစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းနှင့် ရဲစခန်းတို့ကို KIA ဦး​ဆောင်​​သောပူးပေါင်းတပ်များက သိမ်းယူထားပြီး လတ်တလောတွင် စစ်တပ်သည် မြို့တောင်ပိုင်းရှိ စစ်တပ်ဗျူဟာကုန်း၌ တပ်စွဲထားကြောင်းသိရသည်။ ဇန်နဝါရီလ ၂၄ရက်မှစ၍ ပစ်ခတ်သံများမကြားရဘဲ တိုက်ပွဲအခြေအနေငြိမ်သက်နေကြောင်းဒေသခံများကပြောသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *