ရွှေဘိုသားတွေ မွှင်းခါးချက်ထားပြီ

ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံ

ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြောက်ဖက် မဟာနန္ဒာကန်တော်လမ်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၃၀ ခန့်က ရွှေဘိုမြို့ ‌မြောက်ဖက်၊ မဟာ နန္ဒာ ကန်တော်လမ်းပေါ်ရှိ စစ်သား၊ ပျူစောထီးများ ဆပ်ကြေးကောက် ငွေညှစ်သောင်း ကျန်းနေ သော စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ

စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အလောင်း ၂ လောင်း ကို မေဂွန်(ပျူ)ကျေးရွာတွင် သင်္ဂြိုလ်ခဲ့ပြီး ကျန်သေဆုံးအလောင်း ၃ လောင်းနှင့် ဒဏ်ရာရရှိသူများကို ရွှေဘိုမြို့ဆေးရုံသို့ သယ်ဆာင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဂိတ်စခန်း ဘန်ကာများ၊ ကင်းထဲများအထိ ဝင်ရောက်နိုင်ခဲ့ သော်လည်း စစ်သား၊ ပျူစောထီးများမှာ လက်နက်ခဲယမ်းများယူဆောင်ပြီး ထွက် ပြေးသွားသဖြင့် လက်နက်ခဲယမ်းသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး ရွှေဘိုမြို့တွင်းမှ စစ်ကူများထွက်လာသဖြင့် ပြန် လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ထို့အပြင် ရွှေဘိုမြို့ အမှတ် ၈ လေ့ကျင့်ရေးတပ်မှ ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် အလုံး ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ကာ ပစ်ကူပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပကဖမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်ပကဖ (PDO)အဖွဲ့ ၊ ရွှေဘို မြို့ နယ်တိုက်နယ် ၁ ၊ ၅ ၊

တိုက်နယ် ၃ ပကဖ (Brave Defence Force) ၊ ဒီပဲယင်းမြို့နယ် ဂဠုန်မင်း ပကဖနှင့် ညောင်ဦးမြို့နယ်ပကဖအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ဆေးရေးဂိတ်သည် ရွှေဘိုမြို့ ခမရ ၁၁ ၊ ခလရ ၄၂ တပ်ရင်းတို့နှင့် ၂ မိုင်ပတ် လည်ခန့်သာ ကွာဝေးပြီး ပျူစောထီးခေါင်းဆောင် ပေါသိန်းနှင့် သားများ ဦးဆောင်နေသောဂိတ်ဖြစ် ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ တပ်မှ အင်အား ၄၀၀ ခန့်ဖြင့် ရွှေဘိုမြို့ မြောက်ဘက် ခြမ်းနှင့် ခင်းဦးမြို့နယ်မြောက်ဘက်ခြမ်းသို့ စစ်ကြောင်း ထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။
ေရႊဘိုၿမိဳ႕ ေျမာက္ဖက္ မဟာနႏၵာကန္ေတာ္လမ္းေပၚရွိ စစ္ေကာင္စီ ဂိတ္ကို ဝင္ေရာက္ တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၅ ဦးေသဆုံ

ဇန္နဝါရီ ၂၄

စစ္ကိုင္းတိုင္း၊ ေရႊဘိုၿမိဳ႕ ေျမာက္ဖက္ မဟာနႏၵာကန္ေတာ္လမ္းေပၚရွိ အၾကမ္းဖက္ စစ္ေကာင္စီ စစ္ေဆးေရးဂိတ္ကို ဝင္ေရာက္ တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီ တပ္သား ၅ ဦးေသဆုံးခဲ့ေၾကာင္း ေရႊဘိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ထံမွ သိရသည္။

ယေန႔ ဇန္နဝါရီလ ၂၄ ရက္ နံနက္အေစာပိုင္း ၁၂ နာရီ မိနစ္ ၃၀ ခန႔္က ေရႊဘိုၿမိဳ႕ ‌ေျမာက္ဖက္၊ မဟာ နႏၵာ ကန္ေတာ္လမ္းေပၚရွိ စစ္သား၊ ပ်ဴေစာထီးမ်ား ဆပ္ေၾကးေကာက္ ေငြညႇစ္ေသာင္း က်န္းေန ေသာ စစ္ေဆးေရးဂိတ္ကို ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ဖြဲ႕မွ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ

စစ္သား၊ ပ်ဴေစာထီး ၅ ဦးေသဆုံးခဲ့ၿပီး ၁၀ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ေသဆုံးသြားေသာ အေလာင္း ၂ ေလာင္း ကို ေမဂြန္(ပ်ဴ)ေက်းရြာတြင္ သၿဂႋဳလ္ခဲ့ၿပီး က်န္ေသဆုံးအေလာင္း ၃ ေလာင္းႏွင့္ ဒဏ္ရာရရွိသူမ်ားကို ေရႊဘိုၿမိဳ႕ေဆး႐ုံသို႔ သယ္ဆာင္သြားေၾကာင္း သိရသည္။

ယင္းတိုက္ခိုက္မႈအတြင္း စစ္ေကာင္စီတပ္ဂိတ္စခန္း ဘန္ကာမ်ား၊ ကင္းထဲမ်ားအထိ ဝင္ေရာက္နိုင္ခဲ့ ေသာ္လည္း စစ္သား၊ ပ်ဴေစာထီးမ်ားမွာ လက္နက္ခဲယမ္းမ်ားယူေဆာင္ၿပီး ထြက္ ေျပးသြားသျဖင့္ လက္နက္ခဲယမ္းသိမ္းဆည္းနိုင္ျခင္းမရွိခဲ့ေၾကာင္း၊ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈ ၁ နာရီေက်ာ္ ၾကာျမင့္ခဲ့ၿပီး ေရႊဘိုၿမိဳ႕တြင္းမွ စစ္ကူမ်ားထြက္လာသျဖင့္ ျပန္ လည္ ဆုတ္ခြာခဲ့ရေၾကာင္း သိရသည္။

ထို႔အျပင္ ေရႊဘိုၿမိဳ႕ အမွတ္ ၈ ေလ့က်င့္ေရးတပ္မွ ေဟာင္ဝွစ္ဇာလက္နက္ႀကီးျဖင့္ အလုံး ၄၀ ေက်ာ္ ပစ္ခတ္တိုက္ခိုက္ကာ ပစ္ကူေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ေရႊဘိုၿမိဳ႕နယ္ပကဖမွ ဦးေဆာင္၍ ေရႊဘိုၿမိဳ႕နယ္ပကဖ (PDO)အဖြဲ႕ ၊ ေရႊဘို ၿမိဳ႕ နယ္တိုက္နယ္ ၁ ၊ ၅ ၊

တိုက္နယ္ ၃ ပကဖ (Brave Defence Force) ၊ ဒီပဲယင္းၿမိဳ႕နယ္ ဂဠဳန္မင္း ပကဖႏွင့္ ေညာင္ဦးၿမိဳ႕နယ္ပကဖအဖြဲ႕တို႔ပူးေပါင္းကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၄ ဦးမစိုးရိမ္ရ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ယင္းအၾကမ္းဖက္စစ္ေဆးေရးဂိတ္သည္ ေရႊဘိုၿမိဳ႕ ခမရ ၁၁ ၊ ခလရ ၄၂ တပ္ရင္းတို႔ႏွင့္ ၂ မိုင္ပတ္ လည္ခန႔္သာ ကြာေဝးၿပီး ပ်ဴေစာထီးေခါင္းေဆာင္ ေပါသိန္းႏွင့္ သားမ်ား ဦးေဆာင္ေနေသာဂိတ္ျဖစ္ ေၾကာင္း သိရသည္။

ယေန႔ နံနက္ပိုင္းတြင္ ေရႊဘိုၿမိဳ႕ ေလ့က်င့္ေရး ၈ တပ္မွ အင္အား ၄၀၀ ခန႔္ျဖင့္ ေရႊဘိုၿမိဳ႕ ေျမာက္ဘက္ ျခမ္းႏွင့္ ခင္းဦးၿမိဳ႕နယ္ေျမာက္ဘက္ျခမ္းသို႔ စစ္ေၾကာင္း ထိုးရန္ျပင္ဆင္ေနေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *