အိန္ဒိယထဲ ထွက်ပြေးသွားတဲ့ စစ်သားတွေကို စစ်တပ်က ရှေ့တန်းပြန်ပို့

အိန္ဒိယထဲ ထွက်ပြေးသွားတဲ့ စစ်သားတွေကို စစ်တပ်က ရှေ့တန်းပြန်ပို့

ဇန်နဝါရီ-၂၄

ရခိုင့်တပ်တော် AAရဲ့ တိုက်ခိုက်မှုကြောင့် ပလက်ဝကနေ အိန္ဒိယကို ထွက်ပြေးသွားကြတဲ့ စစ်အုပ်စုတပ်ဖွဲ့တွေကို စစ်တပ်က ရခိုင်ပြည်နယ်က ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ မြေပုံမြို့နယ်တွေမှာ စစ်တပ်က စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်အင်အားတိုးချဲမှုတွေပြုလုပ်နေပြီး ထွက်ပြေးသွားတဲ့ စစ်သားတွေကို စစ်မျက်နှာစာအသီးသီးမှာ စစ်တပ်က နေရာချထားမှုတွေ ပြုလုပ်နေတယ်လို့ AAကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အိန္ဒိယထဲ ထွက်ပြေးသွားတဲ့ စစ်သား၄ရာကျော်ဟာလည်း ယခုလက်ရှိမှာ ရခိုင့်စစ်မျက်နှာပြင် အနှံ့မှာ AAကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်တပ်ဖွဲ့ဝင် ၄ရာကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်၊၁၆ရက်၊ ၂၉ရက်နဲ့ ဒီဇင်ဘာ၂၉ရက်တို့မှာ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြပြီး ယခုနှစ် ဇန်နဝါရီ၆ရက်နေ့မှာလည်း ရာနဲ့ချီထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်က မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲမြို့တို့မှာ AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေရာ၊ မြို့အားလုံးတွင် AA က အသာစီးရရှိနေတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

အိႏၵိယထဲ ထြက္ေျပးသြားတဲ့ စစ္သားေတြကို စစ္တပ္က ေရွ႕တန္းျပန္ပို႔

ဇန္နဝါရီ-၂၄

ရခိုင့္တပ္ေတာ္ AAရဲ့ တိုက္ခိုက္မႈေၾကာင့္ ပလက္ဝကေန အိႏၵိယကို ထြက္ေျပးသြားၾကတဲ့ စစ္အုပ္စုတပ္ဖြဲ႕ေတြကို စစ္တပ္က ရခိုင္ျပည္နယ္က ေရွ႕တန္းစစ္မ်က္ႏွာျပင္ေတြကို ျပန္လည္ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

ေက်ာက္ျဖဴ၊ ရမ္းျဗဲ၊ ေတာင္ကုတ္နဲ႔ ေျမပုံၿမိဳ႕နယ္ေတြမွာ စစ္တပ္က စစ္ေရးျပင္ဆင္မႈေတြနဲ႔ စစ္အင္အားတိုးခ်ဲမႈေတြျပဳလုပ္ေနၿပီး ထြက္ေျပးသြားတဲ့ စစ္သားေတြကို စစ္မ်က္ႏွာစာအသီးသီးမွာ စစ္တပ္က ေနရာခ်ထားမႈေတြ ျပဳလုပ္ေနတယ္လို႔ AAကဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းက အိႏၵိယထဲ ထြက္ေျပးသြားတဲ့ စစ္သား၄ရာေက်ာ္ဟာလည္း ယခုလက္ရွိမွာ ရခိုင့္စစ္မ်က္ႏွာျပင္ အႏွံ့မွာ AAကို ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

စစ္တပ္တပ္ဖြဲ႕ဝင္ ၄ရာေက်ာ္ဟာ ၿပီးခဲ့တဲ့ ၂၀၂၃ခုႏွစ္၊ နိုဝင္ဘာ ၁၃ရက္၊၁၆ရက္၊ ၂၉ရက္နဲ႔ ဒီဇင္ဘာ၂၉ရက္တို႔မွာ အိႏၵိယနိုင္ငံထဲ ထြက္ေျပးခဲ့ၾကၿပီး ယခုႏွစ္ ဇန္နဝါရီ၆ရက္ေန႔မွာလည္း ရာနဲ႔ခ်ီထြက္ေျပးခဲ့ၾကတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ရခိုင္ျပည္နယ္က မင္းျပား၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ရမ္းျဗဲၿမိဳ႕တို႔မွာ AA က တစ္ၿပိဳင္နက္တည္း ထိုးစစ္ဆင္ေနရာ၊ ၿမိဳ႕အားလုံးတြင္ AA က အသာစီးရရွိေနတယ္လို႔ ေဒသတြင္း သတင္းေတြအရ သိရပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *