ပွဲအခုမှ စမယ့် ရွှေကုက္ကိုလ်

ပွဲအခုမှ စမယ့် ရွှေကုက္ကိုလ် KK Park

စောချစ်သူကို ဒကစ ရွှေကုက္ကိုလ်ဖွဲပေးပြီးတရားဝင် ဗိုလ်မှုးချုပ်ရာထူးပေးတယ်လိုသတင်းထွက်နေတယ်။ စောချစ်သူဆိုတာ ကမ္ဘာ့နိုင်ငံကြီးတွေက ကျားဖြန့်နဲ့ပတ်သတ်ပြီး ဒုစရိုက်ကောင်အဆင့် သတ်မှတ်ပြီး Section ချမှတ်ပိတ်ဆိုထားတာ သိပြီးဖြစ်မှာပါ။

အခုရက်ပိုင်း ရွှေကုက္ကိုလ်နဲ့ ပတ်သတ်ပြီး တရုတ်ကြီးက ထိုင်းကနေတစ်ဆင့် ဖိအားပေးတာကို တစိုက်မတ်မတ် လုပ်လာတာ ထိုင်းကစစ်တပ် ခေါင်းဆောင်တွေ မကြာခဏလာနေတာ သတင်းမှာ တွေ့ရပါတယ်။

ဒီအပါ်မှာ စစ်တပ်ကလည်း စောချစ်သူကို ရွှေကုက္ကိုလ် ခေတ္တပိတ်သိမ်း ရပ်နားဖို ဖိအားပေးတယ်။စောချစ်သူကလည်း ရှေ့လောက်ကိုင်ဖြစ်စဉ်က ဖုန်ကြားရှင်ကို နမူနာယူတယ်။ စစ်တပ်က တကယ်ဖြစ်လာရင် သူ့ဘက်ပါမှာ မဟုတ်ဘူးဆိုတာ စီးပွားရေးသမားပီပီ အကွက်ကြိုမြင်တယ်။

ဒါ ကြောင့် ရွှေကုက္ကိုလ် သတင်းထွက် ဖိအားပေးချိန်မှာ သူ့ကိုယ်သူကာကွယ်ဖို စစ်တပ်အထောက်အပံ့ မယူတော့ဘူး ကိုယ့်ဘာသာရပ်တည်မယ် ဆိုပြီး သတင်းစထုတ်တယ်။

ဒီအပေါ်မှာ စစ်ရှုး‌နေတဲ့တပ်က စောချစ်သူ စောက်ချိုးကို အရင်လိုဆို အပေါ်စီးကနေ ဆက်ဆံပြီး မာန်တက်ပြကြမှာ ဖြစ်ပေမဲ့ အခုလို တနိုင်ငံလုံးဖျင်ဝိုင်းချ နေချိန် စောချစ်သူသာကန့်လန့်တိုက်ရင် ကရင်လည်း ကျပြီဆိုတာ

သူတိုသိနေတော့ ဝန်ကြီး အဆင့်နဲ့ တိုင်းမှူးကို အရင်လွှတ်ပြီး စေစာချစ်သူကို အချိုသတ်တယ် နေပြည်တော်သွားရောက်ဖို ပြောကြားခဲ့တယ်။

စီးပွားရေးသမားကတော့ သူခင်းတဲ့ အကွက်ထဲ ဝင်လာပြီဆိုတာ သိလို မူလအတိုင်း မဟုတ်‌တော့ပဲ သီးခြားအာဏာထူဖို တောင်းလာတယ်။

ဒီအခြေအနေမှာ စစ်တပ်က ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်ခံရတဲ့ အနေအထားရောက်ပြီး အရင်ကလို မာန်မပြရဲပဲ ကိုယ်မွေးထားတဲ့ ဂိုဏ်စတားအဆင့်ကို ဒုချုပ်ကိုယ်တိုင် ခခယယ သွားတွေ့ရတဲ့ အနေအထား ရောက်သွားတယ်။

ဂွင်ထဲ ရောက်လာတဲ့ စောချစ်သူကလည်း အခုချိန် ဘာတောင်းတောင်းရမယ်သိတော့ သူကိုယ်တိုင် လောက်ကိုင်လို မဖြစ်အောင် သူ့အာဏာတည်ထောင်ထားဖို ဒကစ အဆင့်တပ်မတောင်းတယ် တဘက်ကလည်း ဘာဖြစ်ဖြစ် လိုက်လျောပေးရမဲ့ အောက်ဈေး ရောက်‌‌ နေတော့ ပေးလိုက်တယ်။

ပြောရရင် စောချစ်သူအဆင့်က စစ်တပ်ကိုမှီခိုနေရတဲ့ ဂိုဏ်းစတားအဆင့်မဟုတ်တော့ပဲ စစ်တပ်ကို အပေါ်စီးကနေ ဆက်ဆံနိုင်တဲ့ ဒုစရိုက်ရာဇာ အဆင့်ရောက်နေသွားပြီ။လာအို၊ ကမ္ဘောဒီးယားမှာ ကြီးစိုးနေတဲ့ ဂိုဏ်စတားကျောက်ဝေ သွားကျိုးတိုထက်တောင် ပိုအာဏာဇောင်းထက်တဲ့အဆင့် ရောက်သွားပြီ။

စောချစ်သူလို ကမ္ဘာသိ ရာဇဝတ်ကောင်ကို အောက်ကြေးနဲ့ ညှိလိုက်ရတဲ့ စစ်တပ်ကို ကမ္ဘာက ဘယ်လိုရှုမြင်ကြမလဲ အထိ ဒီကောင်တွေ မတွေးနိုင်တော့ဘူး လတ်တလော ကရင်ပြည် မကျဆုံးရေးနဲ့ စစ်တပ် မကျဆုံး ရေးဆိုတာကိုပဲ ဦးတည်စဉ်းစားရတဲ့ အနေ အထား ရောက်သွားပြီ။

နောက်ကွယ်က တရုတ်ကြီးကကော လောက်ကိုင်က ဝရမ်းထုတ်ထားတဲ့ ဒုစရိုက်ကောင် (၁၀)ကောင်ကိုလွှမပေးပဲ တင်းခံနေတာရယ် စောချစ်သူကို အခုလို အာဏာကုန် ပေးလာတဲ့အပေါ် ကျေနပ်မယ်လိုတော့ မထင်ဘူး ပြောရရင် ပွဲက အခုမှ စမှာထင်တယ်။

ရွှေက္ကိုလ်ကို တရုတ်ကြီးနဲ့ ထိုင်းဘာဆက် လုပ်မှာလဲ

တရုတ်နဲ့ ထိုင်းက ဘယ်သူတွေနဲ့ ပေါင်းလုပ်မှာလဲ ( ဥပမာ ညီနောင်သုံးဖွဲ လောက်ကိုင်ရှင်းသလို )

စောချစ်သူနဲ့ KNU အကြီးပိုင်းတွေကြား ဘာရှိလဲ

ကျွနုပ်၏ အမြင်သာဖြစ်သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *