ကြားရတာ အားရစရာဲဗျို့ အကောင်ကြီးကြီးတွေလာတော့မယ်

ပြင်ဦးလွင်တွင် ဗိုလ်မှူးကြီးအဆင့်များဦးဆောင်သည့် ဗျူဟာတပ်ရင်းများ ထပ်မံဖွဲ့စည်း၊ တစ်ဗျူဟာလျှင် စစ်အင်အား ၂၀၀ သတ်မှတ်သော်လည်း မပြည့်ဖြစ်နေ

ဇန်နဝါရီ ၂၄

အကြမ်းဖက်စစ်ကောင်စီက စစ်တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်တွင် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ ဦးဆောင်သော ဗျူဟာတပ်ရင်းများ ထပ်မံ ဖွဲ့စည်းခိုင်းနေပြီး ဗျူဟာတပ်ရင်းတစ်ခုလျှင် စစ်အင်အား ၂၀၀ သတ်မှတ် ထားသော်လည်း မပြည့်မီ ဖြစ်နေကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ပြင်ဦးလွင်အထိပါ သိမ်းယူမည်ဟု ကြေညာပြော ဆိုမှုများရှိလာချိန်တွင် စစ်ကောင်စီက ဗိုလ်မှူးကြီး အဆင့် အရာရှိကြီးများကို ဗျူဟာတပ်ရင်းများ ဖွဲ့စည်းခိုင်းထားကြောင်း၊

ဗျူဟာတပ်ရင်းတစ်ခုလျှင် စစ်အင်အား ၂၀၀ သတ်မှတ်ထားပြီး အင်အား မပြည့် ပြည့်အောင် ဖွဲ့စည်းကြ ရန် ညွှန်ကြားလာကြောင်း၊ သို့ရာတွင် နေ့စဉ် အနည်းဆုံး တပ်သား ၅ ဦးမှ စတင်၍ ထွက်ပြေးနေကြသဖြင့် ဗျူဟာတပ်ရင်းများတွင် စစ်အင်အား မပြည့် ဖြစ်နေကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မှာ ဗိုလ်မှူးကြီး အဆင့်တွေကို ဗျူဟာ အဆင့် ရင်းတွေ ဖွဲ့စည်း ခိုင်းတယ်။ အဲဒီမှာ အယောက် ၂၀၀ သတ်မှတ်ပြီး ဖွဲ့ကြရတယ်။ ပြသနာ က ဘာလဲ ဆိုတော့။ တပ်တော့ ဖွဲ့တယ် ။ ၂၀၀ ပြည့်တယ်။ အဲဒီအထဲကနေမှ နေ့စဥ် ၃ယောက် ကနေ ၅ယောက် ထိ တပ်က ထွက်ပြေးနေကြတယ်။

ဗျူဟာ အရ အင်အား၂၀၀ ပြည့်အောင်ဖြည့်လိုက် ပြေးလိုက် နဲ့ ပဲ လုံးချာ ရိုက်နေတာ။ တပ်ထဲ က ပြန်စရာ အိမ်မရှိသူတွေပဲ ကျန်တယ်။ တချို့က ပြန်ပြီး ရပ်ကွက်ထဲ မနေရဲလို့ဆက်နေရတယ်။

အချို့ကျလည်းလူကြီး နဲ့ ပိုင်သူတွေကလည်း နေ ပြည် တော်ပြောင်းပြေးကြတယ်။ မပိုင်သူတွေက တော့ အသေခံ နေမလား ပြေးမလားပဲ ရွေးစရာမရှိဘူး” ဟု စစ်တပ်သတင်းရင်းမြစ်ရှင်းပြသည်။

လက်ရှိတွင် ဗျူဟာတပ်ရင်းများတွင် အရာရှိနှင့်စစ်သည်များ၏ ဇနီးမယားများ ကိုယ်တိုင် ဗုံးခိုကျင်း တူးခိုင်းထားပြီး အလှည့်ကျ ကင်းစောင့်ခိုင်းခြင်း၊ လက် နက် ငယ်ပစ်ခတ်မှု သင်တန်းများ ပေးခြင်းများလည်း စစ်ကောင်စီက လုပ် ဆောင် နေကြောင်းသိရှိရသည်။

“အရာရှိနဲ့ စစ်သည် အမျိုးသမီးတွေ ဆို ကိုယ့် ဗုံးခိုကျင်းကိုယ်တူး နေရတယ်။ ဗျူဟာတွေမှာ အင်အား ၂၀၀ က နေပြည်တော်က ဖြည့်ခိုင်းတာ။ သေတာ နဲ့ပြေးတာ နဲ့ မို့ မပြည့်ဘူး။ လုံးချာလည်ချာလိုက်နေတာ။ နောက်ပြီး တပ်ဘက် က စစ်သားသေရင်လည်း ရက်လည် တောင်မပြီးသေးဘူး။

လိုင်းခန်းကနေ ကျန်ရစ်သူမိသားစုကို တန်းနှင်တာ။ လက်နက်ချ အလင်း ဝင်မယ့်သူတွေ မတွေ ဝေစေချင်ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က အခြေအနေကို ရှင်းလင်း ပြောဆိုသည်။

ျပင္ဦးလြင္တြင္ ဗိုလ္မႉးႀကီးအဆင့္မ်ားဦးေဆာင္သည့္ ဗ်ဴဟာတပ္ရင္းမ်ား ထပ္မံဖြဲ႕စည္း၊ တစ္ဗ်ဴဟာလၽွင္ စစ္အင္အား ၂၀၀ သတ္မွတ္ေသာ္လည္း မျပည့္ျဖစ္ေန

ဇန္နဝါရီ ၂၄

အၾကမ္းဖက္စစ္ေကာင္စီက စစ္တကၠသိုလ္မ်ား အေျခစိုက္ ျပင္ဦးလြင္တြင္ ဗိုလ္မႉးႀကီးအဆင့္ အရာရွိႀကီးမ်ား ဦးေဆာင္ေသာ ဗ်ဴဟာတပ္ရင္းမ်ား ထပ္မံ ဖြဲ႕စည္းခိုင္းေနၿပီး ဗ်ဴဟာတပ္ရင္းတစ္ခုလၽွင္ စစ္အင္အား ၂၀၀ သတ္မွတ္ ထားေသာ္လည္း မျပည့္မီ ျဖစ္ေနေၾကာင္း စစ္တပ္သတင္းရင္းျမစ္က ေျပာဆိုသည္။

ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕က ျပင္ဦးလြင္အထိပါ သိမ္းယူမည္ဟု ေၾကညာေျပာ ဆိုမႈမ်ားရွိလာခ်ိန္တြင္ စစ္ေကာင္စီက ဗိုလ္မႉးႀကီး အဆင့္ အရာရွိႀကီးမ်ားကို ဗ်ဴဟာတပ္ရင္းမ်ား ဖြဲ႕စည္းခိုင္းထားေၾကာင္း၊

ဗ်ဴဟာတပ္ရင္းတစ္ခုလၽွင္ စစ္အင္အား ၂၀၀ သတ္မွတ္ထားၿပီး အင္အား မျပည့္ ျပည့္ေအာင္ ဖြဲ႕စည္းၾက ရန္ ညႊန္ၾကားလာေၾကာင္း၊ သို႔ရာတြင္ ေန႔စဥ္ အနည္းဆုံး တပ္သား ၅ ဦးမွ စတင္၍ ထြက္ေျပးေနၾကသျဖင့္ ဗ်ဴဟာတပ္ရင္းမ်ားတြင္ စစ္အင္အား မျပည့္ ျဖစ္ေနေၾကာင္း သိရွိရသည္။

“ျပင္ဦးလြင္မွာ ဗိုလ္မႉးႀကီး အဆင့္ေတြကို ဗ်ဴဟာ အဆင့္ ရင္းေတြ ဖြဲ႕စည္း ခိုင္းတယ္။ အဲဒီမွာ အေယာက္ ၂၀၀ သတ္မွတ္ၿပီး ဖြဲ႕ၾကရတယ္။ ျပသနာ က ဘာလဲ ဆိုေတာ့။ တပ္ေတာ့ ဖြဲ႕တယ္ ။ ၂၀၀ ျပည့္တယ္။ အဲဒီအထဲကေနမွ ေန႔စဥ္ ၃ေယာက္ ကေန ၅ေယာက္ ထိ တပ္က ထြက္ေျပးေနၾကတယ္။

ဗ်ဴဟာ အရ အင္အား၂၀၀ ျပည့္ေအာင္ျဖည့္လိုက္ ေျပးလိုက္ နဲ႔ ပဲ လုံးခ်ာ ရိုက္ေနတာ။ တပ္ထဲ က ျပန္စရာ အိမ္မရွိသူေတြပဲ က်န္တယ္။ တခ်ိဳ႕က ျပန္ၿပီး ရပ္ကြက္ထဲ မေနရဲလို႔ဆက္ေနရတယ္။

အခ်ိဳ႕က်လည္းလူႀကီး နဲ႔ ပိုင္သူေတြကလည္း ေန ျပည္ ေတာ္ေျပာင္းေျပးၾကတယ္။ မပိုင္သူေတြက ေတာ့ အေသခံ ေနမလား ေျပးမလားပဲ ေရြးစရာမရွိဘူး” ဟု စစ္တပ္သတင္းရင္းျမစ္ရွင္းျပသည္။

လက္ရွိတြင္ ဗ်ဴဟာတပ္ရင္းမ်ားတြင္ အရာရွိႏွင့္စစ္သည္မ်ား၏ ဇနီးမယားမ်ား ကိုယ္တိုင္ ဗုံးခိုက်င္း တူးခိုင္းထားၿပီး အလွည့္က် ကင္းေစာင့္ခိုင္းျခင္း၊ လက္ နက္ ငယ္ပစ္ခတ္မႈ သင္တန္းမ်ား ေပးျခင္းမ်ားလည္း စစ္ေကာင္စီက လုပ္ ေဆာင္ ေနေၾကာင္းသိရွိရသည္။

“အရာရွိနဲ႔ စစ္သည္ အမ်ိဳးသမီးေတြ ဆို ကိုယ့္ ဗုံးခိုက်င္းကိုယ္တူး ေနရတယ္။ ဗ်ဴဟာေတြမွာ အင္အား ၂၀၀ က ေနျပည္ေတာ္က ျဖည့္ခိုင္းတာ။ ေသတာ နဲ႔ေျပးတာ နဲ႔ မို႔ မျပည့္ဘူး။ လုံးခ်ာလည္ခ်ာလိုက္ေနတာ။ ေနာက္ၿပီး တပ္ဘက္ က စစ္သားေသရင္လည္း ရက္လည္ ေတာင္မၿပီးေသးဘူး။

လိုင္းခန္းကေန က်န္ရစ္သူမိသားစုကို တန္းႏွင္တာ။ လက္နက္ခ် အလင္း ဝင္မယ့္သူေတြ မေတြ ေဝေစခ်င္ဘူး” ဟု စစ္ဘက္သတင္းရင္းျမစ္က အေျခအေနကို ရွင္းလင္း ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *