ဒီတခါ လှရွှေမတွေပါ မွှင်းခါး စစ်ရေးပြတောင် မသွားလိုက်ရဘူး

မြင်းခြံမြို့နယ်တွင် တပ်မတော်နေ့ စစ်ရေးပြရန် စစ်ဆေးခံပြီး ပြန်လာသည့် ရဲကားကို တိုက်ခိုက်မှု ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၆ ဦး သေဆုံး၊ သေနတ် ၃ လက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ဇန်နဝါရီ ၂၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ရဲကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ၁ ဦးအပါအဝင် ရဲ ၆ ဦးသေဆုံးပြီး သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၂ Taloke PDF တာဝန်ခံ ဗိုလ်စိမ်းမောင်က ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီခန့်က ဆီမီးခုံရဲစခန်းမှ ဒုရဲအုပ် ထင်အောင်ကျော် အပါအဝင် ရဲ ၆ ဦးသည် ရဲတပ်ဖွဲ့မှူးရုံး သို့သွား ရောက်၍ တပ်မတော်နေ့အခမ်းအနား စစ်ရေးပြရန် အတွက် လူတွေ့စစ်ဆေး ပြီး

ဆီမီးခုံရဲစခန်းသို့ ပြန်လာစဉ် ဆီမီးခုံ-မြင်းခြံလမ်းမပေါ် တောပုကျေးရွာနှင့် ဆင်းဂွတ်ကျေးရွာ အကြား အရောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး ကားပေါ်ပါ ရဲအား လုံးသေဆုံးသွားကြောင်း သိရသည်။

“ရဲမေရယ်၊ ဒုရဲအုပ်ရယ်၊ မိန်းကလေးနှစ်ယောက်၊ အမျိုးသားက ၄ ယောက်ပေါ့၊ လက်နက်က G3 ၂ လက်နဲ့၊ အူစီတစ်လက်ရခဲ့တယ်၊ ခြောက်လုံးပြူးကတော့ ပါနိုင် တယ်လို့ တော့ယူဆရတယ်၊ ခြောက်လုံး ပြူးသေနတ်ကတော့ မရခဲ့ဘူး၊

ကျည် က G3 ကျည်က ၂၀၅ တောင့်နဲ့ ၉ မမ က ၅၃ တောင့်ခဲ့တယ်၊” ဟု မြင်းခြံ ခရိုင် တပ်ရင်း ၂ Taloke PDF တာဝန်ခံဗိုလ် စိမ်းမောင်ကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၂ Takloke PDF ၊ MP 9 PDF ၊ မိုင်းဇာနည်တပ်ဖွဲ့ Freedom Fighter Guerilla Force – FFGF နှင့် မြောင် ပလဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး

ပြည်သူ့ကာကွယ် ရေး တပ် ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရှိ ရသည်။

ဓာတ်ပုံ- စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်က ထုတ်ပြန်ထားသည့် တိုက်ခိုက်ခံရသည့်ရဲကားနှင့်သေဆုံးနေသော ရဲတချို့။

ျမင္းၿခံၿမိဳ႕နယ္တြင္ တပ္မေတာ္ေန႔ စစ္ေရးျပရန္ စစ္ေဆးခံၿပီး ျပန္လာသည့္ ရဲကားကို တိုက္ခိုက္မႈ ဒုရဲအုပ္ ၁ ဦးအပါအဝင္ ရဲ ၆ ဦး ေသဆုံး၊ ေသနတ္ ၃ လက္ ႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရရွိ

ဇန္နဝါရီ ၂၃

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္တြင္ ရဲကားတစ္စီးကို ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ဒုရဲအုပ္ ၁ ဦးအပါအဝင္ ရဲ ၆ ဦးေသဆုံးၿပီး ေသနတ္ ၃ လက္ႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း ျမင္းၿခံခရိုင္ တပ္ရင္း ၂ Taloke PDF တာဝန္ခံ ဗိုလ္စိမ္းေမာင္က ေျပာၾကားသည္။

ယမန္ေန႔ ဇန္နဝါရီလ ၂၂ ရက္ေန႔ နံနက္ ၆ နာရီခန႔္က ဆီမီးခုံရဲစခန္းမွ ဒုရဲအုပ္ ထင္ေအာင္ေက်ာ္ အပါအဝင္ ရဲ ၆ ဦးသည္ ရဲတပ္ဖြဲ႕မႉး႐ုံး သို႔သြား ေရာက္၍ တပ္မေတာ္ေန႔အခမ္းအနား စစ္ေရးျပရန္ အတြက္ လူေတြ႕စစ္ေဆး ၿပီး

ဆီမီးခုံရဲစခန္းသို႔ ျပန္လာစဥ္ ဆီမီးခုံ-ျမင္းၿခံလမ္းမေပၚ ေတာပုေက်းရြာႏွင့္ ဆင္းဂြတ္ေက်းရြာ အၾကား အေရာက္ ပစ္ခတ္တိုက္ခိုက္ခံရၿပီး ကားေပၚပါ ရဲအား လုံးေသဆုံးသြားေၾကာင္း သိရသည္။

“ရဲေမရယ္၊ ဒုရဲအုပ္ရယ္၊ မိန္းကေလးႏွစ္ေယာက္၊ အမ်ိဳးသားက ၄ ေယာက္ေပါ့၊ လက္နက္က G3 ၂ လက္နဲ႔၊ အူစီတစ္လက္ရခဲ့တယ္၊ ေျခာက္လုံးျပဴးကေတာ့ ပါနိုင္ တယ္လို႔ ေတာ့ယူဆရတယ္၊ ေျခာက္လုံး ျပဴးေသနတ္ကေတာ့ မရခဲ့ဘူး၊

က်ည္ က G3 က်ည္က ၂၀၅ ေတာင့္နဲ႔ ၉ မမ က ၅၃ ေတာင့္ခဲ့တယ္၊” ဟု ျမင္းၿခံ ခရိုင္ တပ္ရင္း ၂ Taloke PDF တာဝန္ခံဗိုလ္ စိမ္းေမာင္ကေျပာၾကားသည္။

အဆိုပါ တိုက္ခိုက္မႈကို ျမင္းၿခံခရိုင္ တပ္ရင္း ၂ Takloke PDF ၊ MP 9 PDF ၊ မိုင္းဇာနည္တပ္ဖြဲ႕ Freedom Fighter Guerilla Force – FFGF ႏွင့္ ေျမာင္ ပလဖ အဖြဲ႕တို႔ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ ျခင္းျဖစ္ၿပီး

ျပည္သူ႔ကာကြယ္ ေရး တပ္ ဖြဲ႕ဝင္မ်ား အထိ အခိုက္မရွိ ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ ခဲ့ေၾကာင္း သိရွိ ရသည္။

ဓာတ္ပုံ- စစ္တပ္ေထာက္ခံေသာ တယ္လီဂရမ္ခ်န္နယ္က ထုတ္ျပန္ထားသည့္ တိုက္ခိုက္ခံရသည့္ရဲကားႏွင့္ေသဆုံးေနေသာ ရဲတခ်ိဳ႕။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *