ဝှေခါစခန်းသိမ်းတိုက်ပွဲ၌ပါဝင်သူ အမျိုးသမီး KIAက တပ်ကြပ်ကြီးရာထူးတိုး

ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် PDF အမျိုးသမီးကို တပ်ကြပ်ကြီးရာထူးတိုးပေး

ဖားကန့်မြိုနယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ) ဒေါ်ချောစုကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ကြပ်ကြီးရာထူး ချီးမြင့်သည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေါ်ချောစုက စခန်းသိမ်းတိုက်ပွဲတွင် ရဲရင့်ထူးချွန်စွာဖြင့် တိုက်ပွဲစတင်ချိန်မှ ပြီးဆုံးသည်အထိ ပါဝင်တိုက်ခိုက်ခဲ့သောကြောင့် တပ်သားအဆင့်မှ တပ်ကြပ်ကြီး အဆင့်သိုချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သားသမီးငါးဦး၏ မိခင်ဖြစ်သော ဒေါ်ချောစုမှာ ယခင်က စက်ချုပ်သည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် PDF တပ်ဖွဲဝင်အဖြစ်ပါဝင်ခဲ့သူဖြစ်သည်။

“စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို မလိုလားသောကြောင့် သားသမီးများ၏ရှေ့ရေးအတွက်၊ တိုက်ပြည်အတွက် တော်လှန်ရေးလမ်းစဉ်တွင် PDF အဖြစ်ပါဝင်နေခြင်းဖြစ်သည်ဟု” သူကပြောကြောင်း The Kachin Net သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ေဝွခါစခန္းသိမ္းတိုက္ပြဲတြင္ ထူးခၽြန္စြာတာဝန္ထမ္းေဆာင္ခဲ့သည့္ PDF အမ်ိဳးသမီးကို တပ္ၾကပ္ႀကီးရာထူးတိုးေပး

ဖားကန႔္ၿမိဳနယ္၊ ေဝွခါေက်းရြာရွိ စစ္ေကာင္စီစခန္းသိမ္းတိုက္ပြဲတြင္ ပါဝင္ခဲ့သည့္ ေဒၚဂ်န္ေမာ္ေခါန္ေရွာင္ (ခ) ေဒၚေခ်ာစုကို ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) တပ္ၾကပ္ႀကီးရာထူး ခ်ီးျမင့္သည့္ အခမ္းအနား ယေန႔ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

ေဒၚေခ်ာစုက စခန္းသိမ္းတိုက္ပြဲတြင္ ရဲရင့္ထူးခၽြန္စြာျဖင့္ တိုက္ပြဲစတင္ခ်ိန္မွ ၿပီးဆုံးသည္အထိ ပါဝင္တိုက္ခိုက္ခဲ့ေသာေၾကာင့္ တပ္သားအဆင့္မွ တပ္ၾကပ္ႀကီး အဆင့္သိုခ်ီးျမင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သားသမီးငါးဦး၏ မိခင္ျဖစ္ေသာ ေဒၚေခ်ာစုမွာ ယခင္က စက္ခ်ဳပ္သည့္အလုပ္ျဖင့္ အသက္ေမြးဝမ္းေက်ာင္း ခဲ့သူျဖစ္ၿပီး စစ္တပ္အာဏာသိမ္းၿပီးေနာက္ PDF တပ္ဖြဲဝင္အျဖစ္ပါဝင္ခဲ့သူျဖစ္သည္။

“စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ အာဏာရွင္စနစ္ကို မလိုလားေသာေၾကာင့္ သားသမီးမ်ား၏ေရွ႕ေရးအတြက္၊ တိုက္ျပည္အတြက္ ေတာ္လွန္ေရးလမ္းစဥ္တြင္ PDF အျဖစ္ပါဝင္ေနျခင္းျဖစ္သည္ဟု” သူကေျပာေၾကာင္း The Kachin Net သတင္းဌာနတြင္ ေရးသားေဖာ္ျပထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *