BGF တို့ စစ်တပ်အောက်ကထွက်ပြီ…အခြေနေမဟန်တော့ဘူးဆိုတာ သူသိသွားပီလေ 🤣🤣

ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော BGF တပ်ဖွဲ့က စစ်ကောင်စီ လက်အောက်ခံအဖြစ်မှ ခွဲထွက်ပြီး ရွှေက္ကိုလ်တွင် ခုခံစစ် အတွက် ပြင်ဆင်၊ စစ်ကောင်စီထံမှ လစာမယူတော့ဘဲ သီးခြားရပ်တည်ပြီဟု ThaiPBS North က သတင်းဖော်ပြ

ဇန်နဝါရီ ၂၂

ကရင်ပြည်နယ်တွင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သော ကရင်နယ်ခြား စောင့် တပ်ဖွဲ့(BGF) က စစ်ကောင်စီ လက်အောက်ခံအဖြစ်မှ ခွဲထွက်လိုက်ပြီး ရွှေက္ကိုလ်မြို့သစ်တွင် ခုခံစစ်ပြင်ဆင်နေကြောင်း ထိုင်း ThaiPBS North က သတင်းဖော်ပြသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်များသည် စစ်တပ်နှင့် ပူးတွဲ လုံခြုံရေးယူထားသော နေရာများမှ ထွက်ခွာ ပြီး သက်ဆိုင်ရာ ဌာနချုပ်သို့

ပြန်လည် ပေါင်းစည်းနေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီထံမှ လစာအပါအဝင် ခံစားခွင့်များ မယူတော့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း၊ ကရင်ပြည် နယ် စစ်ကောင်စီ ဥက္ကဋ္ဌ စိုးမြင့်ဦးတို့က ဗိုလ်မှူးကြီး စောချစ်သူကို လာရောက် တွေ့ဆုံပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က

သူနှင့် လာရောက်တွေ့ဆုံရန် ဗိုလ်မှူးကြီး စောချစ်သူကို သတင်းစကားပါးကြောင်း၊ သို့ရာတွင် ဗိုလ်မှူးကြီး စောချစ်သူက ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းဦးဆောင်သော အဖွဲ့ကို BGF အနေဖြင့်

မြန်မာစစ်တပ်ထံမှ ခွဲထွက်၍ သီးခြားရပ်တည်မည်ဖြစ်ကြောင်း၊ မည်သည့် ဘက်မှ မလိုက်ဘဲ ကရင်ပြည်နယ်ငြိမ်းချမ်းရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

လက်ရှိတွင် BGF တပ်ဖွဲ့များသည် ရွှေက္ကိုလ်တွင် ခုခံစစ်အတွက် ပြင်ဆင်နေကြ ပြီး ဗိုလ်မှူးကြီး စောချစ်သူကလည်း ၎င်းတို့၏နယ်မြေများကို ကာကွယ်ရန် အမိန့်ပေးထားကြောင်း သိရှိရသည်။

ကရင္ျပည္နယ္တြင္ ဗိုလ္မႉးႀကီးေစာခ်စ္သူ ဦးေဆာင္ေသာ BGF တပ္ဖြဲ႕က စစ္ေကာင္စီ လက္ေအာက္ခံအျဖစ္မွ ခြဲထြက္ၿပီး ေရႊကၠိဳလ္တြင္ ခုခံစစ္ အတြက္ ျပင္ဆင္၊ စစ္ေကာင္စီထံမွ လစာမယူေတာ့ဘဲ သီးျခားရပ္တည္ၿပီဟု ThaiPBS North က သတင္းေဖာ္ျပ

ဇန္နဝါရီ ၂၂

ကရင္ျပည္နယ္တြင္ ဗိုလ္မႉးႀကီးေစာခ်စ္သူ ဦးေဆာင္ေသာ ကရင္နယ္ျခား ေစာင့္ တပ္ဖြဲ႕(BGF) က စစ္ေကာင္စီ လက္ေအာက္ခံအျဖစ္မွ ခြဲထြက္လိုက္ၿပီး ေရႊကၠိဳလ္ၿမိဳ႕သစ္တြင္ ခုခံစစ္ျပင္ဆင္ေနေၾကာင္း ထိုင္း ThaiPBS North က သတင္းေဖာ္ျပသည္။

ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူ ဦးေဆာင္ေသာ BGF တပ္မ်ားသည္ စစ္တပ္ႏွင့္ ပူးတြဲ လုံျခဳံေရးယူထားေသာ ေနရာမ်ားမွ ထြက္ခြာ ၿပီး သက္ဆိုင္ရာ ဌာနခ်ဳပ္သို႔

ျပန္လည္ ေပါင္းစည္းေနေၾကာင္း၊ ဗိုလ္မႉးႀကီး ေစာခ်စ္သူ ဦးေဆာင္ေသာ ကရင္နယ္ျခားေစာင့္တပ္ BGF က စစ္ေကာင္စီထံမွ လစာအပါအဝင္ ခံစားခြင့္မ်ား မယူေတာ့ေၾကာင္း သိရွိရသည္။

ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ ျပန္ၾကားေရးဝန္ႀကီး ေမာင္ေမာင္အုန္း၊ ကရင္ျပည္ နယ္ စစ္ေကာင္စီ ဥကၠ႒ စိုးျမင့္ဦးတို႔က ဗိုလ္မႉးႀကီး ေစာခ်စ္သူကို လာေရာက္ ေတြ႕ဆုံၿပီး စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္က

သူႏွင့္ လာေရာက္ေတြ႕ဆုံရန္ ဗိုလ္မႉးႀကီး ေစာခ်စ္သူကို သတင္းစကားပါးေၾကာင္း၊ သို႔ရာတြင္ ဗိုလ္မႉးႀကီး ေစာခ်စ္သူက ျပန္ၾကားေရးဝန္ႀကီး ေမာင္ေမာင္အုန္းဦးေဆာင္ေသာ အဖြဲ႕ကို BGF အေနျဖင့္

ျမန္မာစစ္တပ္ထံမွ ခြဲထြက္၍ သီးျခားရပ္တည္မည္ျဖစ္ေၾကာင္း၊ မည္သည့္ ဘက္မွ မလိုက္ဘဲ ကရင္ျပည္နယ္ၿငိမ္းခ်မ္းေရး ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း ေျပာဆိုသည္ဟု သိရွိရသည္။

လက္ရွိတြင္ BGF တပ္ဖြဲ႕မ်ားသည္ ေရႊကၠိဳလ္တြင္ ခုခံစစ္အတြက္ ျပင္ဆင္ေနၾက ၿပီး ဗိုလ္မႉးႀကီး ေစာခ်စ္သူကလည္း ၎တို႔၏နယ္ေျမမ်ားကို ကာကြယ္ရန္ အမိန႔္ေပးထားေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *