များများယတြာချေ ပြည်သူတွေမြန်မြန်အောင်ပွဲခံမှာ ကြိုသိနေပြီ😁

စစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ငြိမ်၀ပ်ပိပြားစေရန်အတွက် ဥဩငှက် ၁၄ ကောင်လွှတ်ပြီး ရှမ်းမြောက်ကိုပြန်ရရန် မျောက်သုံးကောင် ဇောက်ထိုးဆွဲ ယတြာချေ

ဇန်နဝါရီ ၂၂ ရက်

စစ်ခေါင်းဆောင်က တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ဆူပူထကြွမှုမရှိဘဲ ငြိမ်၀ပ်ပိပြားနေစေရန်ရည်ရွယ်၍ ဥဩငှက် ၁၄ ကောင်ကိုလွှတ်ပြီး ယတြာချေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီးဖြစ်သူတို့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ် ဌာနချုပ်ကို သွားရောက်စဉ် အဆိုပါယတြာများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုသိမ်လေတပ်မှ ဗိုလ်မှူးတစ်ဦးက စစ်ခေါင်းဆောင်နှင့်အဖွဲ့ မလာရောက်ခင် တစ်ရက်ကြိုတင်၍ ငှက်ဖမ်းသမားများကို ဥဩငှက်များဖမ်းပေးရန်နှင့် ကျသင့်သည့်ငွေ‌ ရှင်းပေးမည်ဟုဆိုကာ ခိုင်းစေခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အဲဒီနေ့က အရာရှိတစ်ဦးကို ငှက်ရှာထားဖို့ ညွှန်ကြားထားတာ။ ငှက်ဆိုတော့ ယတြာမှာ စာကလေးလောက် ထင်တာ။ ဥဩငှက်တွေကြီးပဲ ၁၄ ကောင် ရှာဖမ်းပေးရတယ်” ဟု ပုသိမ်မြို့ရှိ တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပုသိမ်မြို့ လေဆိပ်အစည်းအဝေးအပြီးတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံး ငြိမ်၀ပ်ပိပြားပြီး အေးချမ်းသာယာလှပစေရန် အတွက် ဟုဆိုကာ အဆိုပါဥဩငှက် ၁၄ ကောင်ကို လွှတ်ပေး‌သည့် ယတြာပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရှမ်းမြောက်ကို ပြန်လည်ရရှိပြီး မဟာမိတ်သုံးဖွဲ့ကို အောင်နိုင်ရန်အတွက် မျောက်သားပေါက်သုံးကောင်ကို လေထဲတွင် ကြိုးဖြင့်ဇောက်ထိုးဆွဲ၍ တစ်နာရီခန့်ထားပြီး ယတြာချေခဲ့ကြောင်း သိရသည်။

ဧရာ၀တီတိုင်းသို့ စစ်ခေါင်းဆောင် သွားရောက်သည့်ကိစ္စသည်လည်း ဧရာ၀တီတိုင်းသည် စစ်ကောင်စီက စိုးမိုးထားနိုင်ပြီး တော်လှန်ရေးလှုပ်ရှားမှုများ နည်းပါးသည့်နယ်မြေ ဖြစ်သည့်အတွက် သွားရောက်ခြင်းဖြစ်ပြီး အခြားသူများစဉ်းစား၍မရနိုင်သည့် ယတြာချေမှု သုံးခုထက်မနည်းပြုလုပ်သွားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ထို့အပြင် မဘသအဖွဲ့၀င်များ နှင့် တပ်ထောက်ခံသူများထံက ထွက်ပေါ်လာသည့်အတိုင်း ဒုတိယဗိုလ်ချုပ်ကြီးစိုး၀င်းကို နေရာပြောင်းပေးသည့် ဓာတ်ရိုက်ဓာတ်ဆင်ပြုလုပ်၍ ၎င်း၏ရုံးခန်းနေရာကို ရွှေ့ပြောင်းကာ ယတြာချေခဲ့ကြောင်း သိရသည်။

စစ္ေခါင္းေဆာင္က တိုင္းႏွင့္ျပည္နယ္ ၁၄ ခုလုံး ၿငိမ္၀ပ္ပိျပားေစရန္အတြက္ ဥဩငွက္ ၁၄ ေကာင္လႊတ္ၿပီး ရွမ္းေျမာက္ကိုျပန္ရရန္ ေမ်ာက္သုံးေကာင္ ေဇာက္ထိုးဆြဲ ယၾတာေခ်

ဇန္နဝါရီ ၂၂ ရက္

စစ္ေခါင္းေဆာင္က တိုင္းႏွင့္ျပည္နယ္ ၁၄ ခုလုံး ဆူပူထႂကြမႈမရွိဘဲ ၿငိမ္၀ပ္ပိျပားေနေစရန္ရည္ရြယ္၍ ဥဩငွက္ ၁၄ ေကာင္ကိုလႊတ္ၿပီး ယၾတာေခ်ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ ႏွင့္ ဇနီးျဖစ္သူတို႔သည္ ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၀ ရက္ေန႔က ဧရာ၀တီတိုင္း၊ ပုသိမ္ၿမိဳ႕ရွိ အေနာက္ေတာင္တိုင္းစစ္ ဌာနခ်ဳပ္ကို သြားေရာက္စဥ္ အဆိုပါယၾတာမ်ားကို ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပုသိမ္ေလတပ္မွ ဗိုလ္မႉးတစ္ဦးက စစ္ေခါင္းေဆာင္ႏွင့္အဖြဲ႕ မလာေရာက္ခင္ တစ္ရက္ႀကိဳတင္၍ ငွက္ဖမ္းသမားမ်ားကို ဥဩငွက္မ်ားဖမ္းေပးရန္ႏွင့္ က်သင့္သည့္ေငြ‌ ရွင္းေပးမည္ဟုဆိုကာ ခိုင္းေစခဲ့ေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ထံက သိရသည္။

“အဲဒီေန႔က အရာရွိတစ္ဦးကို ငွက္ရွာထားဖို႔ ညႊန္ၾကားထားတာ။ ငွက္ဆိုေတာ့ ယၾတာမွာ စာကေလးေလာက္ ထင္တာ။ ဥဩငွက္ေတြႀကီးပဲ ၁၄ ေကာင္ ရွာဖမ္းေပးရတယ္” ဟု ပုသိမ္ၿမိဳ႕ရွိ တပ္တြင္းသတင္းရင္းျမစ္က ဧရာ၀တီတိုင္းမ္ကို ေျပာသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္သည္ ပုသိမ္ၿမိဳ႕ ေလဆိပ္အစည္းအေဝးအၿပီးတြင္ တိုင္းႏွင့္ျပည္နယ္ ၁၄ ခုလုံး ၿငိမ္၀ပ္ပိျပားၿပီး ေအးခ်မ္းသာယာလွပေစရန္ အတြက္ ဟုဆိုကာ အဆိုပါဥဩငွက္ ၁၄ ေကာင္ကို လႊတ္ေပး‌သည့္ ယၾတာျပဳလုပ္ခဲ့ျခင္း ျဖစ္သည္ဟု သတင္းရင္းျမစ္က ဆိုသည္။

စစ္ေခါင္းေဆာင္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း ရွမ္းေျမာက္ကို ျပန္လည္ရရွိၿပီး မဟာမိတ္သုံးဖြဲ႕ကို ေအာင္နိုင္ရန္အတြက္ ေမ်ာက္သားေပါက္သုံးေကာင္ကို ေလထဲတြင္ ႀကိဳးျဖင့္ေဇာက္ထိုးဆြဲ၍ တစ္နာရီခန႔္ထားၿပီး ယၾတာေခ်ခဲ့ေၾကာင္း သိရသည္။

ဧရာ၀တီတိုင္းသို႔ စစ္ေခါင္းေဆာင္ သြားေရာက္သည့္ကိစၥသည္လည္း ဧရာ၀တီတိုင္းသည္ စစ္ေကာင္စီက စိုးမိုးထားနိုင္ၿပီး ေတာ္လွန္ေရးလႈပ္ရွားမႈမ်ား နည္းပါးသည့္နယ္ေၿမ ျဖစ္သည့္အတြက္ သြားေရာက္ျခင္းျဖစ္ၿပီး အျခားသူမ်ားစဥ္းစား၍မရနိုင္သည့္ ယၾတာေခ်မႈ သုံးခုထက္မနည္းျပဳလုပ္သြားေၾကာင္း တပ္တြင္းသတင္းရင္းျမစ္ထံက သိရသည္။

ထို႔အျပင္ မဘသအဖြဲ႕၀င္မ်ား ႏွင့္ တပ္ေထာက္ခံသူမ်ားထံက ထြက္ေပၚလာသည့္အတိုင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုး၀င္းကို ေနရာေျပာင္းေပးသည့္ ဓာတ္ရိုက္ဓာတ္ဆင္ျပဳလုပ္၍ ၎၏႐ုံးခန္းေနရာကို ေရႊ႕ေျပာင္းကာ ယၾတာေခ်ခဲ့ေၾကာင္း သိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *