လိုင်းပေါ်ကမဆင်းနဲ့ဦး သိမ်းလိုက်ပြန်ပီတဲ့ ဆို့အောက်

တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်ပြန်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး

လက်နက်အများအပြား သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မန်ဝိန်းကြီး စစ်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း

ထပ်မံသိမ်းပိုက်ခဲ့ကြောင်း ၊ အဆိုပါစခန်းတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိပြီး ဘန်ကာများဖြင့် အခိုင်အမာတပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်

“တရုတ်နယ်စပ် နန်တော နဲ့ မန်ဝိန်းကြီးအကြားက စစ်ခွေးတပ်စခန်းကိုလည်း KIA ကသိမ်း ပိုက် ပါတယ်။

အဲဒီစခန်းမှာ လှိုဏ်ခေါင်းတွေလည်းရှိတယ်။ လက်နက်ခဲယမ်းလည်း အများကြီး သိုလှောင်ထားတာ အကုန်သိမ်းဆည်းရရှိတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။


ဇန်နဝါရီ ၂၂







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *