စာချုပ်ပျက်သွားပြီ ပွဲကတော့ လှပြီဝေ့

စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ပြီး မိုးကုတ်ရှိ TNLA တပ်ကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်

ဇန်နဝါရီ ၂၂

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး မိုးကုတ်မြို့နယ်ရှိ TNLA တပ်ကို လာရောက်ထိုးစစ်ဆင်ကြောင်း TNLA က သ တင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီအချိန် မိုးကုတ်မြိုနယ်တွင် စစ်ကောင်စီ တပ်က တအာင်းတပ်မတော် TNLA ရှိရာသို လာရောက်ထိုးစစ်ဆင်တိုက်ခိုက် မှု ကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ TNLA တပ်ရှိသည့်

မိုးကုတ်နှင့် မိုးမိတ် အကြား ၈ မိုင်သို့ စစ်တပ်က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် ၃ လက် သိမ်းဆည်းရခဲ့ မိ ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို

လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများ စစ်ဘေးဒဏ်သင့်မည် စိုးရိမ်သောကြောင့် TNLA က ငြိမ်းချမ်းရေး ကုန်းမှ ယာယီ နောက်ဆုတ်ပေးခဲ့ရကြောင်း သိရှိရသည်။

ဇန်နဝါလရီလ ၁၁ ရက်နေ့တွင် အပစ်ခတ်ရပ်စဲရေးလက်မှတ် ထိုးခဲ့ပြီးနောက်၊ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ စစ်ကောင်စီတပ်မှ မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ်၊ နမ့်ခမ်း၊ လားရှိးမြိုနယ်သို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း၊

လက် နက် ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း ၊ စစ်ကောင်စီ၏ လုပ်ရပ်သည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ် ချိုးဖောက် ခြင်း ဖြစ်ကြောင်း TNLA က ပြောဆိုသည်။

စစ္ေကာင္စီက အပစ္ရပ္ေရး သေဘာတူညီခ်က္ကို အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ၿပီး မိုးကုတ္ရွိ TNLA တပ္ကို စစ္တပ္က ထိုးစစ္ဆင္တိုက္ခိုက္

ဇန္နဝါရီ ၂၂

အၾကမ္းဖက္စစ္ေကာင္စီက အပစ္ရပ္ေရး သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ၿပီး မိုးကုတ္ၿမိဳ႕နယ္ရွိ TNLA တပ္ကို လာေရာက္ထိုးစစ္ဆင္ေၾကာင္း TNLA က သ တင္း ထုတ္ျပန္သည္။

ဇန္နဝါရီလ ၂၁ ရက္ေန႔ ည ၈ နာရီအခ်ိန္ မိုးကုတ္ၿမိဳနယ္တြင္ စစ္ေကာင္စီ တပ္က တအာင္းတပ္မေတာ္ TNLA ရွိရာသို လာေရာက္ထိုးစစ္ဆင္တိုက္ခိုက္ မႈ ေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ TNLA တပ္ရွိသည့္

မိုးကုတ္ႏွင့္ မိုးမိတ္ အၾကား ၈ မိုင္သို႔ စစ္တပ္က လာေရာက္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္၏ လက္နက္ ၃ လက္ သိမ္းဆည္းရခဲ့ မိ ေၾကာင္း သိရွိရသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၃ ရက္ေန႔ ေက်ာက္မဲၿမိဳ႕ စစ္ေကာင္စီ ၅၀၁-၅၀၂ တပ္စခန္းမွ အင္အားအလုံးအရင္းျဖင့္ တအာင္းတပ္မေတာ္ PSLF/TNLA တည္ရွိရာ ၿငိမ္းခ်မ္းေရးကုန္းသို

လာေရာက္ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ေၾကာင္း၊ ျပည္သူမ်ား စစ္ေဘးဒဏ္သင့္မည္ စိုးရိမ္ေသာေၾကာင့္ TNLA က ၿငိမ္းခ်မ္းေရး ကုန္းမွ ယာယီ ေနာက္ဆုတ္ေပးခဲ့ရေၾကာင္း သိရွိရသည္။

ဇန္နဝါလရီလ ၁၁ ရက္ေန႔တြင္ အပစ္ခတ္ရပ္စဲေရးလက္မွတ္ ထိုးခဲ့ၿပီးေနာက္၊ ယေန႔ ဇန္နဝါရီလ ၂၂ ရက္ေန႔အထိ စစ္ေကာင္စီတပ္မွ မိုးမိတ္၊ ေက်ာက္မဲ၊ မိုးကုတ္၊ နမ့္ခမ္း၊ လားရွိးၿမိဳနယ္သို ထိုးစစ္ဆင္ တိုက္ခိုက္လာျခင္း၊

လက္ နက္ ႀကီးႏွင့္ ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္လ်က္ရွိေၾကာင္း ၊ စစ္ေကာင္စီ၏ လုပ္ရပ္သည္ အပစ္ခတ္ရပ္စဲေရးလက္မွတ္ကို အႀကိမ္ႀကိမ္ ခ်ိဳးေဖာက္ ျခင္း ျဖစ္ေၾကာင္း TNLA က ေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *